စာအုပ်စင်

စတီဗင်ကိုဗေး (ပါမောက္ခ) ရဲ့ The 3rd Alternative လူမှုစီးပွား၊ ပြသနာဖြေရှင်းခြင်း – စာအုပ်

ဇော်အောင် (မုံရွာ)
ဒီဇင်ဘာ ၆၊ ၂၀၁၂
အမေရိကန်နိုင်ငံမှ စိတ်နေစိတ်ထား Attitude ပညာပေးဆရာဖြစ်ပါတယ်။ ဘ၀အောင်မြင်ရေးအတွက် သူရဲ့ Seven Habits of Highly Efficient People စာအုပ် (၁၉၈၉) ဟာ အလွန်နာမည်ကြီးလှပြီး အုပ်ရေ ၂၅သန်း၊ အသံဖိုင် Audio Book ၁.၅သန်းကျော် ရောင်းချရတဲ့ အရောင်းကောင်းဆုံးအဆင့်မှာ ရှိပါတယ်။ ချမ်းသာကြွယ်ဝအောင် သူမလုပ်ဆောင်ပါဘူး။ သို့သော် ချမ်းသာကြွယ်ဝ၊နာမည်ကျော်များစွာ သူ့ရဲ့စာကိုဖတ်၊ ကျင့်သုံးပြီး၊ သူ့ရဲ့သင်တန်းများကို တက်ရောက်ကြပါတယ်။ ကော်ပိုရိတ် ကုမ္ပဏီကြီးများမှာ လက်စွဲအဖြစ် သင်ကြားပေးတဲ့ ဘာသာရပ်တခုလည်း ဖြစ်ပါတယ်။

သူရေးသားထုတ်ဝေခဲ့တဲ့ ..ထိပ်တန်းပုဂ္ဂိုလ်များရဲ့ အကျင့်တရား(၇)ပါး  7 Habits ဆိုတဲ့စာအုပ်မှာ
1. Be Proactive
2. Begin with the End in Mind
3. Put First things First
4. Think; Win-Win
5. Seek First to Understand, Then to be Understood
6. Synergize
7. Sharpen the Saw ဆိုတဲ့အချက်(၇)ချက်အကြောင်း ရေးသားထားပါတယ်။

နောက်ပိုင်းမှာ 7 Habits နဲ့ဆက်နွယ်တဲ့ Attitude ပညာပေးစာအုပ်များစွာရေးသားခဲ့ပါတယ်။ သင်တန်းများအားဖြင့် လူအများကို အကျိုးပြု ခဲ့ပါတယ်။ First Thing First ဆိုတဲ့စာအုပ်မှာ Urgent:Non-Urgent,  Important:Non-important ဆိုတဲ့ ၄မျိုးကိုဖေါ်ပြပါတယ်။ ထိပ်တန်း ပုဂ္ဂိုလ်များဟာ အလျှင်တလိုမလိုအပ်ပေမဲ့ အရေးကြီးလှတဲ့ Non-Urgeng and Important အလုပ်များကို များများ လုပ်ဆောင်လေ့ရှိကြောင်း ရှင်းပြထားပါတယ်။  The 8 Habits ဆိုတဲ့စာအုပ်မှာတော့ မိမိအကြောင်းကိုနားလည်ပြီး၊ သူတပါးရဲ့အသံကို နားလည်တတ်ဖို့ရေးထားပါတယ်။ မကျင့်အပ်တဲ့ 5c  Criticism, Complaining, Comparing, Competing, Contending အကြောင်းတွေလည်း ဖေါ်ပြထားပါတယ်။

ပါမောက္ခစတီဗင်ကိုဗေး Utah State University မှာ စာပေပို့ချမှုများနဲ့အတူ၊ R. Covey and Associates (1987), Stephen Covey’s Online Community (2008)သင်တန်းများ ဖွင့်လှစ်ထားပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်များစွာ လာရောက်သင်တန်းတက်ကြတဲ့အတွက် ၂၁ရာစုရဲ့ လူမှု၊စီးပွားပညာပေးသင်တန်းလို့ခေါ်နိုင်ပါတယ်။

စတီဗင်ကိုဗေး ရေးသားခဲ့တဲ့ စာအုပ်များအချို့ဖြစ်ပါတယ်။
Spiritual Roots of Human Relations (1970)
The Divine Center (1982)
The Seven Habits of Highly Effective People (1989, 2004)
Principle Centered Leadership (1990) (
First Things First, co-authored with Roger and Rebecca Merrill (1994)
Living the Seven Habits (2000)
6 Events: The Restoration Model for Solving Life’s Problems (2004)
The 8th Habit: From Effectiveness to Greatness (2004)
Quest: The Spiritual Path to Success by Stephen R. Covey (Editor) (1997), with Thomas Moore, Mark Victor Hansen, David Whyte, Bernie Siegel, Gabrielle Roth and Marianne Williamson. Simon & Schuster AudioBook
The Leader in Me: How Schools and Parents Around the World Are Inspiring Greatness, One Child At a Time (2008)
The 7 Habits of Highly Effective Network Marketing Professionals (2009)
The 3rd Alternative: Solving Life’s Most Difficult Problems (2011)

နောက်ဆုံး ၂၀၁၁ မှာရေးတဲ့ The 3rd Alternative စာအုပ်မှာတော့ ဘ၀အတွက် အလွန်ခက်ခဲလှတဲ့ပြသနာများကို ဖြေရှင်းနည်းအကြောင်း ရေးထားပါတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ ၉၁မှာရေးထားတာကတော့ …. ကျွနိုပ်တို့ဟာ နံရံများပြိုကျသွားတဲ့ ဘ၀မှာရောက်သွားတဲ့အခါ အကွယ်ကာမဲ့အချိန်ရောက်သွားပါတယ်။ ဒီလိုအခြေအနေမှာတောင် ခေတ်ပေါ်နည်းပညာရပ်များဖြင့် လူတစ်ယောက်နှင့်တစ်ယောက် ခြားနားချက် နံရံများကို တွေ့နိုင်ပါတယ်။ ဒီနံရံဟာ အများအားဖြင့်တော့ မျက်စိနဲ့မမြင်နိုင်ပါဘူး။ အဲဒီနံရံ အတားအဆီးဟာ လူအချင်းချင်း ယုံကြည်မှု၊ ဆက်သွယ်ရေး၊ တီထွင်ကြံဆမှုများမှာ အဟန့်အတားဖြစ်စေပါတယ်။ ယနေ့လုပ်ငန်းခွင်များမှာ ဒီနံရံအတားအဆီး မရှိမှဖြစ်ပါမယ်။ အထူးသဖြင့် ဈေးကွက်နဲ့အရောင်းဌာနတွေ၊ အလုပ်သမားနဲ့မန်နေဂျာ၊ တွေမှာ ဒီအတားအဆီးနံရံကတော့  ငါ..ဆိုတဲ့အမြင်ဖြစ်ပါတယ်။ ငါ..အစား..ကျွန်ုပ်တို့ ..ဆိုတဲ့အမြင်ရှိရပါမယ်။  ကျွနိုပ်တို့ နားလည်အောင် နားထောင်နေချိန်မှာ ဒီ 3rd Alternatives အချက်ကို နက်ရှိုင်းစွာ ယုံကြည်ရပါမယ်။ အတားအဆီးများကို ကျော်လွန်နိုင်ရင် ထူးခြားတဲ့ဖြစ်ရပ်များ ပေါ်ပေါက်လာလေ့ရှိပါတယ်။ လုပ်ငန်းခွင်မှာ လူတစ်ဦးချင်း၊ ဌာနအလိုက်၊ အဖွဲ့အစည်းအလိုက် အတားအဆီးတွေ ပြည့်လျှံနေပါတယ်။ ထူးချွန်ထက်မြက်သူနဲ့သာမန်လူ ၀န်ထမ်းကြားမှာရှိတဲ့အတားအဆီးများ၊ အရာရှိနဲ့အလုပ်သမားအကြားမှာရှိတဲ့ အတားအဆီးများ၊ ကုမ္ပဏီနဲ့စားသုံးသူများအကြားမှာရှိတဲ့ အတားအဆီးများ.. ဒီအတားအဆီးများကြောင့် လုပ်ငန်းခွင် ပြသနာများဖြစ်ရပါတယ်။ မိမိကိုယ်ကို ကာကွယ်လိုခြင်း၊ စိတ်နေစိတ်ထား တကိုယ်ကောင်းစိတ်များကြောင့်ဖြစ်ပါတယ်။ ငါ..ဆိုတဲ့အမြင်မရှိရင် အလွန်ခက်ခဲတဲ့ပြသနာများကို ဖြေရှင်းနိုင်ပါတယ်။

အသက်၈၀ အရွယ် July 16, 2012 မှာ ကွယ်လွန်ပါတယ်။ သားသမီး ၉ယောက်ရဲ့ဖခင်ဖြစ်ပြီး၊ ကွယ်လွန်ချိန်မှာ မြေးမြစ်၅၂ယောက်ရှိပါတယ်။ ဘာသာတရားကိုင်းရှိုင်းသူဖြစ်ပြီး ခရစ်ယန် (မော်မွန်) ဘာသာဝင်ဖြစ်ပါတယ်။ The Church of Jesus Christ of Latter-day Saints  LDS ဘုရားကျောင်းမှာ မစ်ရှင်လုပ်ငန်းများ၊ အသင်းတော် ဥက္ကဌအဖြစ်လည်းကောင်း ပါဝင်ဆပ်ကပ်သူဖြစ်ပါတယ်။ ဘာသာရေးစာအုပ်အချို့လည်း ရေးသားခဲ့ပါတယ်။

Spiritual Roots of Human Relations (1970)
The Divine Center (1982)
6 Events: The Restoration Model for Solving Life’s Problems (2004).

The 3rd Alternative စာအုပ်အကြောင်း စတီဗင်ကိုဗေး ကိုယ်တိုင်ရှင်းပြချက် ၆မိနစ်ဗွီဒီယိုကို ယူကြုမှာ ကြည့်ရှု၊နားဆင်ရန်လင့်ထည့်လိုက်ပါတယ်။ သင့်ဘ၀အတွက် အခက်ခဲဆုံးပြသနာကို ဖြေရှင်းလိုပါသလား။ အလုပ်ခွင်မှာမပျော်ဖြစ်နေပါသလား၊ ငွေကြေးအ ခက်အခဲဖြစ်နေပါသလား၊ မိသားစုပြသနာ၊ ကျန်းမာရေးအခက်ခဲ၊ အမှုအခင်းများကို သာမန်တွေးခေါ်ခြင်းနဲ့ ဖြေရှင်းလို့မရတော့ပါ။ တတိယ အမြင်နဲ့ ဖြေရှင်းရပါမယ်…..။

http://www.youtube.com/watch?v=GXfuVqREiag

မှတ်ချက်။ ။ ဦးနေမျိုးမောင်ရဲ့ 05-Dec-2012 ပေးပိုချက်များကိုမှီငြမ်းရေးသားခြင်းဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts