တူမောင်ညို သူတို့အာဘော်

လက်ပံတောင်းအကြမ်းဖက်မှုကနေ ကျွန်တော်တို့ ဘာတွေရရှိခဲ့ကြသလဲ (Tu Maung Nyo)

လက်ပံတောင်းအကြမ်းဖက်မှုကနေ ကျွန်တော်တို့ ဘာတွေရရှိခဲ့ကြသလဲ

တူမောင်ညို  ( ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်)

နိုဝင်ဘာလ ၂၉ ရက်နေ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ “မီးလောင်ဗုံးပစ်သွင်းပြီး အကြမ်းဖက်ဖိနှိပ်ခဲ့တဲ့ဖြစ်ရပ်” ကနေ ကျနော်တို့ ဘာတွေ ရရှိခဲ့ကြသလဲ။

အဓိကအချက် ၂ ချက် မှာ

– ဦးပိုင် (UMEH) ရဲ့ လက်ဝါးကြီးအုပ်စီးပွားရေးစားခွက်ကို လုံးဝ အထိမခံခြင်းနဲ့ ၄င်းတို့အကျိုးစီးပွားကို ပြတ်ပြတ်သားသား ကာကွယ်ခြင်း။

– အကြမ်းဖက်ဖိနှိပ်ဖြိုခွဲခြင်း၊

ဤဖြစ်ရပ်ဟာ ပြည်သူတစ်ရပ်လုံးကို ပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလိုက်တဲ့ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရရဲ့ သဘောထား ကြေညာချက်ပဲဖြစ်ပါတယ်။

ဒါအပြင် ဒီဖြစ်ရပ်အပေါ် “ဒီချုပ်ဥက္ကဋ္ဌ” အပါအဝင်၊ “၈၈ ကျောင်းသား” စသော အတိုက်အခံများသည် ကြားဝင်စေ့စပ်ဖြန် ဖြေပေးသူများအဖြစ် “ယဉ်ကျေးစွာ” ရပ်တည်ဆောင်ရွက်ခဲ့ကြသည်ကို ပြည်သူတစ်ရပ်လုံးကိုအနေဖြင့် ပွင့်လင်းထင်ရှားစွာတွေ့မြင်ကြား သိခဲ့ရပါတယ်။ “ယဉ်ကျေးတဲ့ပုဂ္ဂိုလ်များရဲ့ နည်းလမ်းဟာ အပေးအယူလုပ်တဲ့နည်းလမ်းသာဖြစ်တယ်” ပါသတဲ့။

ယဉ်ကျေးသောပုဂ္ဂိုလ်များသည်မည်သည့် အရာများဖြင့် အပေးအယူလုပ်ကြပါသနည်း။

အဖိနှိပ်ခံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများ၏ ဘဝ၊ အသက်၊ ခန္ဓာကိုယ်အစိတ်ပိုင်းများလား။

အုပ်စိုးသူ၊ ဖိနှိပ်အကြမ်းဖက်သူများကတော့ ငြိမ်းချမ်းစွာဆန္ဒပြသူ ရဟန်းရှင်လူပြည်သူများကို ကျည်ဆံ၊ နံပတ်ဒုတ်၊ မီးသတ် ပိုက်၊ မီးလောင်ဗုံး၊ မျက်ရည်ယိုဗုံး၊ လူမဆန်သည့် စစ်ကြောရေး၊  နှစ်ရှည်ထောင်ချခြင်းစသည့် နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်မြဲ၊ အကြမ်းဖက် မြဲဖြစ်ပါတယ်။

 ငုံ့ခံနေသောသူသည်  မည်သည့်အခါမျှ  မော်ကြည့်ဝံ့တော့မည် မဟုတ်ပါ။

ဖိနှိပ်အုပ်စိုးသူများ၏ ဆန္ဒသည် ပြည်သူများ ထာဝစဉ် “ငြိမ်ဝပ်ပိပြား” နေစေရေးသာဖြစ်ပါတယ်။

ခံရဲတာတစ်ခုထဲကို သတ္တိဟု အဓိပ္ပါယ်ဖွင့် ဆိုလျှင်ပြည့်စုံမည်မဟုတ်ပါ။ တွန်းလှန်ပုန်ကန်ဖီဆန်ရဲဖို့ဆိုတဲ့ အချက်ကို ဖြည့်စွက် ပေးမှသာ သတ္တိ၏ အဓိပ္ပါယ်သည်ပြည့်ဝပြည့်စုံလာပါလိမ့်မယ်။

 ခံရဲသူသည် တစ်ပြိုင်နက်တည်းတွင် တွန်းလှန်ပုန်ကန်ဖီဆန်ရဲဖို့ မုချလိုအပ်ပါတယ်။ 

ယဉ်ကျေးသောသူများသည် ငြိမ်းချမ်းစွာ အပေးအယူလုပ်သည့်နည်းကို လှပကျင်လည်စွာ အသုံးပြုတတ်ကြသလို လိုအပ် လာလျှင် တော်လှန်ပုန်ကန်မှုဟူသော တရားမျှတပြီး လူကြီးလူကောင်းဆန်သည့် နည်းလမ်းကို ရွေးချယ်သုံးစွဲဝံ့ရပါမယ်။

သမိုင်းကိုပြန်ကြည့်သောအခါ ယဉ်ကျေးသောချိန်ဘာလိန်ဝါဒသည် ဖက်ဆစ်ဟစ်တလာကို ယဉ်ပါးအောင်ဖြောင့်ဖျနားချနိုင်ခဲ့ ခြင်းမရှိခဲ့ပါ။  ယနေ့ မျက်မှောက်ကာလတွင်လည်း ယဉ်ကျေးသော အမေရိကန်အစိုးရသည် အယ်ခိုက်ဒါအကြမ်းဖက်သမားများကို မည်သည့်နည်းဖြင့် ချေမှုန်းနေပါသနည်း။

 (ဗိုလ်) ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရသည် အကြမ်းဖက်မှုဖြင့် လက်ယဉ်နေသူများ လက်မရွံ့သူများသာဖြစ်ပါတယ်။ မီးလောင်ဗုံးပစ် သွင်းပြီး အကြမ်းဖက်ပြခဲ့ပြီ မဟုတ်ပါလား။

“မီးလောင်ဗုံးပစ်သွင်းပြီး အကြမ်းဖက်မှု” ကို စုံစမ်းစစ်ဆေးပေးရန်၊ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူများက ဝန်ချ တောင်းပန်ရန် စတဲ့တောင်းဆိုချက်များ ကြေညာပြီးခါမှ  ပြောင်ပြောင်တင်းတင်း ဖျက်သိမ်းပစ်ခဲ့တယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ပြန်လည်ဖွဲ့စည်းတာဟာ အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးမပေးဘူးလို့ ငြင်းပယ်တာဖြစ်ပါတယ်။

“ဥပဒေအရ၊ တာဝန်အရ လုပ်ဆောင်ခဲ့တာဖြစ်တယ်”

လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲမှူးကြီးစန်းယု ပါးစပ် ကနေတဆင့် ထုတ်ဖေါ်ပြောကြားစေခဲ့တယ်။ ဒီအချက်က တာဝန်ရှိသူများက ဝန်ချတောင်းပန်ရန်ဆိုတဲ့အချက်ကို လျစ်လျူရှုလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်  မီးလောင်ဗုံးပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သံဃာတော်တွေကို “ရာဇဝတ်မှုလူနာ” အဖြစ် ဆေးမှတ်တမ်းမှာရေးသွင်းစေခဲ့တယ်။

“ ရာဇဝတ်မှုလူနာ” အဖြစ်သဘောထားတယ်ဆိုတဲ့ အချက်ဟာ “နိုင်ငံရေးအကျဉ်းသားမရှိဘူး” ဆိုတဲ့ သဘောထားနဲ့အခြေခံ အားဖြင့် ထပ်တူထပ်မျှပဲဖြစ်ပါတယ်။ လက်ပံတောင်း ကြေးနီးစီမံကိန်း ဖျက်သိမ်းရေး ငြိမ်းချမ်းစွာဆန္ဒပြနေသူအားလုံး (သံဃာ+ ပြည်သူ) ကို ရာဇဝတ်မှုကျူးလွန်သူတွေအဖြစ် သဘောထားတယ်ဆိုတာကို ဖေါ်ပြလိုက်တာပဲဖြစ်ပါတယ်။ အဓိပ္ပါယ်က လက်ပံတောင်းပြည်သူ များရဲ့ တောင်းဆိုမှုများကို လစ်လျူရှု၊ အကြမ်းဖက် ဖိနှိပ်ဖြိုခွဲ၊ ဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချရမယ်ဆိုတဲ့ သဘောပါပဲ။

ဒီသဘောထားရဲ့ လက်တွေ့ လုပ်ရပ်အဆင့်ဆင့်ကို နိုဝင်ဘာလ ၂၉ ရက်နေ့ ဖြစ်ရပ်ကနေ ဒီဇင်ဘာလ ၃ ရက်နေ့ အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်များမှာ အထင်အရှားတွေ့နိုင်ပါတယ်။

– နိုဝင်ဘာလ ၂၉ ရက်နေ့ လင်းအားကြီးအချိန်မှာ မီးလောင်းဗုံးပစ်သွင်းပြီး အကြမ်းဖက်ဖြိုခွဲစေခဲ့တယ်။

– နိုဝင်ဘာလ ၂၉ ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက် (၁၁/၂၀၁၂) ထုတ်ပြန်ခဲ့ပြီး။ ထိုသတင်းထုတ်ပြန်ချက်ကို နေ့ချင်း ပြန် လည်ရုပ်သိမ်းခဲ့တယ်။

– နိုဝင်ဘာ ၃၀ ရက်၊ မုံရွာမြို့၊ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ်သောင်ပြင်တွင် ဒီချုပ်ဥက္ကဋ္ဌမိန့်ခွန်းပြောကြားခဲ့တယ်။

– ဒီဇင်ဘာ ၁ ရက်နေ့မှာ အမိန့်ကြော်ငြာစာအမှတ် (၉၂/၂၀၁၂) ဖြင့် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခဲ့တယ်။ အဆိုပါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ရည်ရွယ်ချက်တွင်  “ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန် ဖော်ထုတ်နိုင်ရန်” ဆိုသည့်အချက်ပါဝင်ပါတယ်။

– ဒီဇင်ဘာ ၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၁၂) ထုတ်ပြန်ပြီး “အမိန့်ကြော်ငြာစာအမှတ် (၉၂/၂၀၁၂)” ကို ရုပ်သိမ်းခဲ့တယ်။

အထူးသဖြင့်  နိုဝင်ဘာလ ၃၀ ရက်နေ့ မုံရွာမြို့၊ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ်သောင်ပြင်တွင် ဒီချုပ်ဥက္ကဋ္ဌ က “အမုန်းမထားဖို့ ပြေလည်ကြေအေးရေးတရား” ဟောခဲ့ပြီးနောက်ပိုင်း မှာ (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဘက်မှ  သိသိသာသာ အပေါ်စီးယူ ပြောင်းလာခဲ့ တဲ့ သဘောထားတွေအဖြစ်လည်းတွေ့ရှိရတာဖြစ်ပါတယ်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “လက်ပံတောင်းအကြမ်းဖက်မှုကနေ ကျွန်တော်တို့ ဘာတွေရရှိခဲ့ကြသလဲ (Tu Maung Nyo)
  1. used chemical weapon on human are world crimial. Hello’ usa and UN why shutup ur mouth….say some thing….i know you want some thing from thank shwe…thank shwe stay command …..

  2. The idea appears to be excellent and acceptable. But it is an absolutely bad idea to implement it in practicle situation.

  3. The author should be an actual politician with dependable capacities for the people of Burma like DASSK, Min Ko Naing etc. rather than being a political Guru in Moemakha just as a writer.

Comments are closed.