သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ရခိုင်ဒုက္ခသည်များအတွက် အထူးတရားပွဲကျင်းပ

ချမ်းမြ (မိုးမခအထောက်တော်)
ဒီဇင်ဘာ ၄၊ ၂၀၁၂
ဘင်္ဂလီမွတ်ဆလင်များကြောင့် အိုးအိမ်မဲ့စားစရာမဲ့ဖြစ်ကြရသော ရခိုင်တိုင်းရင်းသားများကိုကူညီထောက်ပံ့နိုင်ရေးအတွက် ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားများစုပေါင်းပြီး ရွှေတွံတေးဆရာတော် အထူးတရားပွဲကို ”စမွတ်စခွန် ခဲလိုင်ရပ် အောပေါသော” ကစားကွင်း တွင် ၂. ၁၂. ၂၀၁၂ နေ့ က ကျင်းပခဲ့ကြသည်။

ဓမ္မပူဇာအလှူငွေ ဘတ် ၃သောင်းကျော်ကို Raksthai နှင့် ရခိုင်ကျောင်းသားရဟန်တော် များမှတဆင့်အကျိုးဆောင်များက လှူဒါန်းပေးပို့ 
မည်ဖြစ်ပြီး ဘတ် ၂သောင်းကျော်ကို ရွှေတွံတေးဆရာတော် ကိုယ်တိုင်သွားရောက်လှူဒါန်းပါမည်။

ရွှေတွံတေးဆရာတော်က. “တိုင်းရင်းသားများအားလုံး ဘာသာစုံ လူမျိုးစုံ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ကြဖို့  – အစွန်းရောက်အကြမ်း ဖက်သ မားများကို ညီညီညွတ်ညွတ် စုပေါင်းရင်ဆိုင်ကြဖို့  – အာဏာပိုင် အကြီးအကဲများလည်း မှန်မှန်ကန်ကန် သစ္စာရှိရှိ တိုင်းပြည်နဲ့ လူ မျိုးကို စောင့်ရှောက်ပေးဖို့ ကိုယ်ကျိုးအတွက် မဖောက်ပြန်ကြဖို့  – နိုင်ငံတာကာမှာ လူ့အခွင့်အရေး ကိုဘန်းပြနေသူများလဲ လူ့အခွင့် အရေး လိုချင်ရင် လူ့စည်းကမ်းကိုလေးစားကြဖို” …… စသဖြင့်မိန့် ကြားခဲ့သည်။

ယခုလည်း တတ်နိုင်သလောက်ပံ့ပိုးခြင်းသာဖြစ်ပြီးစိတ်ဓါတ်အင်အားရှိစေဖို့ တသားတည်းရှိနေကြကြောင်း အဓိကပြသကြိုးစားခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts