ကြော်ငြာကဏ္ဍ နိုင်ငံတကာရေးရာ

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေပွဲနှင့် ဓာတ်ပုံပြပွဲ ဒီဇင်ဘာ ၈

 

ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များအတွက် ရန်ပုံငွေပွဲနှင့် ဓာတ်ပုံပြပွဲ  ဒီဇင်ဘာ ၈

ကချင်မဟာမိတ်များက လက်ပံတောင်းတောင်အကြမ်းဖက်နှိမ်နှင်းမှုကို  ရှုံ့ချ

မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၃၊ ၂၀၁၂

            လာမယ့် ဒီဇင်ဘာ ၈၊ စနေနေ့၊ နေ့လယ် ၂ နာရီက ၇ နာရီ၊ ဆန်ဖရန်ဘေးဧရိယာ၊ ဒေလီစီးတီး၊ Little Theater တည်ရာ ကွန်မြူနီတီရိပ်သာမှာ အမေရိကန်ပြည်ရောက် ကချင်ကွန်မြူနီတီက အဖွဲ့အစည်းများ၊ မိသားစုများ စုပေါင်းကျင်းပမယ့် ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်များ ကူညီရေး ရန်ပုံငွေပွဲတော်မှာ နေ့ခင်း ၂ နာရီက ၄ နာရီအထိကို စားသောက်ဖွယ်ရာများ ရောင်းချခြင်းနဲ့ ဓာတ်ပုံပြပွဲ၊ ညနေ ၄ နာရီက ၇ နာရီအထိ ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်များအကြောင်း ဟောပြောပွဲနဲ့ တေးဂီတဖျော်ဖြေပွဲတို့ ကျင်းပမှာ ဖြစ်ပါတယ်။ ယမန်နှစ်ကလည်း ကချင်ပြည်အရေး ရန်ပုံငွေပွဲတော် စုပေါင်းပြုလုပ်ခဲ့ကြပြီး ယခုနှစ်ကတော့ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ကြော်ငြာများကို အခုလို တွေ့နိုင်ပါတယ်။

            ကချင်မဟာမိတ်များ Kachi Alliance က ယခင်အပတ်က ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်သပိတ်ဖြိုခွဲမှုကို ကန့်ကွက်ရှုံချကြောင်း သဘောထား ထုတ်ပြန်ပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts