ကဗျာ သားကြီးမောင်ဇေယျ

သဘောထားကြေညာချက်

နိုင်ဦးညို (ဖိုးဇီးရိုး)
ဒီဇင်ဘာ ၂၊ ၂၀၁၂
နောက်တခါ
အို … ဘာတဲ့
ငါဟဲ့ … အိုဘာမား … လို
နောင် နှစ်ခြောက်ဆယ်အတွင်း
ငါ့ခြေရာကို ဘယ်သူမှမနင်းရဲအောင်
ပြုစားနိုင်တဲ့ အရည်အချင်း
မင်းတို့ကို သိပ်ကျေးဇူးတင်၊

နောက်တခါ လာမညည်းရဲအောင်
တခါဆိုတခါ ကိုသာဆိုးတို့ရယ်
ပိုးသာကုန် မောင်ပုံ ဘာဆိုဘာမှ မတတ်
ငါ … ပြန်တာမှ ဘာရယ် မကြာသေး
နင်တို့ … ဘီလူးစွယ်က
ထွက်ပြန် သပေါ့၊

နောက်ကိုတော့ပြန်မဆုတ်ဘူးဆို
နင်တို့လေနင်တို့
အပြောကတော့ဖြင့်
ရွှေမန်းရှုံးရတယ်
အဖြစ်ရယ်ပိုလို့သာဆိုး
နင့်မေကလွှားရယ်နဲ့မှ
ငါပြန်တာမကြာသေး
ကျည်တောက်စွတ်ပြန်ပေါ့၊

အကြိမ်ကြိမ်ခါခါ
ငါ မပြောနိုင်ဘု
မင်းတို့ထိုက်မင်းတို့ကံ
မင်းတို့ပြည် ငါ့ပြည်မဟုတ်
မင်းတို့အလုပ်နဲ့ မင်းတို့အရှုတ်ထုတ်
တရုတ်ကြီးဆိုတာ မင်းတို့မပြောနဲ့
ငါတောင်မှ ရုတ်ချည်းမငြင်းနိုင်တာကို
ငါကိုယ်တော် စာနာနားလည်နိုင်ပါပေရဲ့
သို့ပေမဲ့လို့ကွယ်
မင်းတို့က အိနြေ္ဒတောင်
ဟန်ဆောင်ပြီးမထားနိုင်လောက်အောင်
ဘယ်လောက်တောင် အရေးကြီးလာလို့
လပြည့်လွန်အောင်တောင်
မအောင့်ထားနိုင်တာလဲကွယ်၊

သြော် မင်းတို့ရဲ့
Good Government
Clean Government
ခု … …   ငါကိုယ်တော်
ရေးရေးတော့ ……
သဘောတော်ပေါက်လာပြီ၊
Good ဆိုတာ မင်းဆရာအတွက်
Clean ဆိုရင် ငါ့တောင်မှမကျန်
မချန်အပြတ် ရှင်းပြစ်ချင်ရှင်းပြစ်နိုင်တဲ့
မင်းတို့ရဲ့စရိုက် အမှောင်မိုက်ကို
ငါ အသိ နောက်မကျသေးတာကိုတော့
ကျေးဇူးရယ် အထပ်ထပ်တင်နေမိတယ်
ပတောင်းတောင်ကိုယ်စားပြု
ဘီလူးစွယ် ဘီလူးခေါင်းနဲ့
ကိုယ်တော်လေး ကိုယ်တော်ကြီးတို့ …. ဘုရား ။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts