ကဗျာ

ကြယ်စုများပျောက်ဆုံးခြင်းနှင့်မွေးဖွားခြင်း (Linn Nwe Eain)

ကြယ်စုများပျောက်ဆုံးခြင်းနှင့်မွေးဖွားခြင်း

လင်းနွေးအိမ်၊ နိုဝင်ဘာ ၃၀၊ ၂၀၁၂

လက်ပံတောင်းတောင် ဆိုတာ

ကြေးနီပဲထွက်တာ မဟုတ်ဘူး

အာဇာနည်တွေလဲ ထွက်တယ်။

ကြည့်လိုက်ကြ

တန်ဆောင်မုန်းလက ပြည့်ပြီး

ကမ္ဘာကြီးကို အလင်းပေးထားပေမယ့်

ငရို့ ဆီကအမှောင်ကို ထွန်းညှိပေးခဲ့တာ

လက်ပန်တောင်းတောင်မှာ လောင်သွားတဲ့

သံဃာ့အာဇာနည်တွေရဲ့ အရေပြားတွေပဲ။

သူတို့မှာ …

သဝဏ်လွှာမလို

လက်ခုပ်သံမလို

ပန်းစည်းမလို

စင်မြင့်မလို

ဆုတံဆိပ်တွေ မလိုဘူး။

အို — ဖုံးထားတာတွေ ဖွင့်ကြည့်လိုက်

အသွင်ကူးပြောင်းရေးမှာ တကယ်ကူးပြောင်းသွားတဲ့အသွင်တွေက

တချိန်တုန်းက လင်းလက်ဖူးတဲ့ကြယ်တွေသာ။

နိုဝင်ဘာလ ၂၉ ရက် ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကြယ်စုများပျောက်ဆုံးခြင်းနှင့်မွေးဖွားခြင်း (Linn Nwe Eain)
  1. ကဗျာလေးကောင်းတယ်ဗျာ(တကယ်ကူးပြောင်းသွားတဲ့ အသွင်တွေက.တချိန်တုန်းကလင်းလတ်ဖူးတဲ့ ကြယ်တွေသာ)တကယ်ထိမိတယ်

  2. (အို ဖုန်းထားတာတွေဖွင့်ကြည့် လိုက်..အသွင်ကူးပြောင်းရေးမှာ..တကယ်ကူးပြောင်းသွားတဲ့ အသွင်တွေက.တချိန်တုန်းက.လင်းလက်ဖူးတဲ့ ကြယ်တွေသာ…)အတွေးအမြင်မပြောင်းတဲ့ အညတရသူရဲကောင်းတွေနဲ့ အတူငါရှိနေမယ်

Comments are closed.