ဓာတ်ပုံသတင်း

ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ အော်ရီဂွန် ဓမ္မဝိဟာရ သာသနာ့ရိပ်သာမှာ ကျင်းပ

ကျော်ဟုန်း
နိုဝင်ဘာ ၂၉၊ ၂၀၁၂

15525, SE, Powell Blvd , Portland , OR 97236 မှာတည်ရှိတဲ့ အော်ရီဂွန် ဓမ္မဝိဟာရ သာသနာ့ရိပ်သာတွင် နိုဝင်ဘာ ၂၅၊ ၂၀၁၂ ရက်က ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာ ဆင်ယင်ကျင်းပခဲ့ကြောင်း သိရပါတယ်။

အော်ရီဂွန် ဓမ္မဝိဟာရ သာသနာ့ရိပ်သာအတွင်း တည်ထားကိုးကွယ်မည့် ဗုဒ္ဓရုပ်ပွားတော်နဲ့ ပုလ္လင်တော်ကို မြန်မာပြည်မှပင့်ဆောင်ခဲ့ပြီး နိုဝင်ဘာ(၂၅)ရက်၊အာရုဏ်မှာအနေကဇာတင်ခဲ့ကာ သံဃာတော်(၇)ပါးအား အာရုဏ်ဆွမ်းကပ်လှူကြပါတယ်။

ထို ဗုဒ္ဓါဘိသေက အနေကဇာပွဲကို အော်ရီဂွန် ဓမ္မဝိဟာရ သာသနာ့ရိပ်သာ ကျောင်းထိုင်ဆရာတော် အရှင်သီလာ စာရ။ အရှင်သစ္စ၊ ဒုလ္လဘရဟန်းတော် ဦးအိန္ဒပါလ။ ဝါရှင်တန်ပြည်နယ် မဟာစည်သာသနာ့ရိပ်သာမှ အရှင် တိက္ခ ဥာဏ။ ဝါရှင်တန်ပြည်နယ် တိပိဋကကျောင်းမှအရှင်နန္ဒသာရ။ နီဗားဒါးပြည်နယ်လာ့စ်ဗီးဂက်စ်၊ဇေယျဓမ္မရိပ်သာမှ အရှင်ဥတ္တရ။ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ ၊ ဝိဟာရကျောင်းမှ အရှင်ဝိသုတ စုစုပေါင်းသံဃာ(၇)ပါးက  ကြွရောက် ချီးမြင့် တော်မူပါတယ်။

ဆရာတော်များမှ တရားနာပိရိသတ်များအား စုပေါင်းတရားဟောရာမှာ သာသနာပြုနိုင်ရေးအတွက် ကျောင်းများတည်ထောင်၊ တည်တံ့၊ တိုးတက်ရေးလုပ်ရမည့်အကြောင်း။ မမြဲသော(ငါ)စိတ်ကိုဖျောက်၍ နာမည်ရရေး၊အာဏာရရေးဖယ်ခွာကာ ကုသိုလ်ရရေးကို ရှေးရှုလုပ်ဆောင်သင့်ကြောင်း။ ဆရာ-ဒကာညီညွတ်မှ  သာသနာ တည်မြဲရန်လုပ်ဆောင်နိုင်ကြောင်း သြဝါဒဆုံးမတရားများဟောကြားခဲ့ပါတယ်။ စေတီ(၄)မျိုးဖြစ်သော ဓာတုစေတီ၊ဓမ္မစေတီ၊ပရိဗောဂစေတီ၊ ဥဒ္ဒိဿစေတီများဖြစ်ပေါ်လာပုံအကြောင်းလဲ ဗဟုသုတဖြစ်ဖွယ်ထည့်သွင်းဟောကြားပြီး ရေစက်ချ အမျှပေးဝေကာ တရားပွဲကို ရုတ်သိမ်းခဲ့ပါတယ်။

တရားနာအပြီးတွင် ဂေါပကအဖွဲ့ အတွင်းရေးမှူး ရှိုင်းကိုကိုဦးမှ ဗုဒ္ဓရုပ်ပွားတော်နဲ့ ပလ္လင်အလှုရှင်စာရင်းများကို ဖတ်ကြားကြေညာပြီး  စုစုပေါင်းကုန်ကျငွေ (၃၅၀၀)ဒေါ်လာရှိကြောင်း၊  လက်ရှိ ကောက်ခံရရှိငွေမှာ (၂၁၀၀)ဒေါ်လာသာရှိသေး၍ ဆက်လက်လှူဒါန်းမည့်သူများကို ဖိတ်ခေါ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထိုနောက် ကျောင်တွင်းတည်ထားကိုးကွယ်မည့် မဟာဗောဓိညောင်ပင်အား နံ့ သာ၊တယော်ရည်များပက်ဖျန်းပြီး ပူဇော်ပွဲဆက်လက်ကျင်းပခဲ့ပါသေးတယ်။

ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနဲ့ မဟာဗောဓိညောင်ပင် တည်ထားကိုးကွယ်ခြင်း မင်္ဂလာပွဲကို အော်ရီဂွန်ဓမ္မဝိဟာရသာသနာ့ရိပ်သာမှ ဂေါပက ကိုအိုက်စံ၊ ရှိုင်းကိုကိုဦးနဲ့ အဖွဲ့ ဝင်များအပြင် အော်ရီဂွန်မှ ဓမ္မမိတ်ဆွေများ၊ ဆီယက်တဲလ်နှင့် ကနေဒါ ဗန်ကူးဗားမှ ဓမ္မမိတ်ဆွေများက စုပေါင်းကုသိုလ်ပြုခဲ့ကြပါတယ်။ ဘုရားဆွမ်းကပ်ခြင်း၊  သံဃာများအား  အာရုဏ်ဆွမ်း၊ နေ့ ဆွမ်းကပ်ခြင်း၊ ဧည့်ပိရိသတ်များအား ထမင်းကျွေးခြင်းများကိုဂေါပကအဖွဲ့ နဲ့ အော်ရီဂွန်မှ စေတနာရှင်များက ဒါနပြုခဲ့ကြတာဖြစ်ပါတယ်။   ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts