ဓာတ်ပုံသတင်း
လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ
လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ
သလ္လ၀တီတိုင်းသတင်း၊ ဖေ့စ်ဘွတ်၊ ကောက်နုတ်ချက်၊ နိုဝင်ဘာ ၂၉၊ ၂၀၁၂
ပြည်တွင်းရှိ သတင်းဂျာနယ်များ၊ နိုင်ငံသားသတင်းထောက်များနှင့် သတင်းအဖွဲ့များ၏ ၎င်းတို့ဖေ့စ်ဘွတ်များတွင် တင်ဆက်ပေးပို့နေသော သတင်းဓာတ်ပုံများအရ လက်ပံတောင်းတောင် သပိတ်စခန်းများကို ယနေ့နံနက် အရုဏ်မတက်ခင်ကတည်းက အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲနေပြီဟု သတင်းများ ရရှိသည်။ ထိုအထဲမှာ သလ္လာဝတီတိုင်းသတင်းစာမျက်နှာက တင်ဆက်မှုများကို ကောက်နုတ်လိုက်ပါသည်။ ဓာတ်ပုံကတော့ Eleven Media ဓာတ်ပုံများ ဖြစ်သည်။
လွန်ခဲ့သည့် တပတ်ကျော်က လွှတ်တော်တွင် ကြေးနီတောင်စီမံကိန်းအရေးကို စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမည်ဟု အတည်ပြုခဲ့ခြင်း၊ အစိုးရကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါစီမံကိန်းကို ၎င်းတို့၏ ဦးပိုင်ကုမ္မဏီနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် အကောင်အထည်ဖော်ရန် စီမံရာတွင် ဒေသခံတို့၏ လူနေမှု ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို မှားယွင်းတွက်ချက်မှု ရှိခဲ့ကြောင်း ၀န်ခံခြင်း၊ ဒေသခံတို့က သပိတ်စခန်းများ တိုးမြှင့်ပြီး စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုခြင်း၊ မြန်မာပြည်အနှံ့ မြို့ရွာများကလည်း ထောက်ခံမှုများ ဖော်ထုတ်လာခြင်း၊ အဆိုပါ ဆန္ဒထုတ်ဖော်သူများကို အစိုးရလုံခြုံရေးအဖွဲ့များက ဖမ်းဆီးကန့်သတ်နှိမ်နင်းရန် ကြိုးစားခြင်းတို့ ဖြစ်ပေါ်လာပြီးနောက် ယနေ့တွင် အစိုးရ၏ အကြမ်းဖက်မှုများ ဖြစ်ပွားလာခြင်းဖြစ်သည်။ စက်တင်ဘာ ၂၉ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ အဆိုပါဒေသသို့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်စဉ် အစိုးရ၏ အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း ဖြစ်သည်။
ကောက်နုတ်ချက်များ –
လက်ပံတောင်းအရေးပေါ်သတင်း – ၁ (မနက် ၃ နာရီ)
ယနေ့ (၂၉.၁၁.၂၀၁၂) နံနက် (၃)နာရီမှ စတင်ကာ သပိတ်စခန်းများကို အကြမ်းဖက် စတင်ဖြိုခွဲနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။ လုံထိန်း ရဲများသည် မျက်ရည်ယိုဗုံးများ ပစ်ဖောက်ခွဲကာ မီးသတ်ကားမှ ရေပိုက်ဖြင့် လူစုခွဲခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် နံပါတ်တုတ်များဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေသူများနှင့် သံဃာတော်များကို ရိုက်နှက်ခဲ့သည်။
“ကျန်တဲ့သပိတ်စခန်းတွေတော့ မသိဘူး၊ အခု မြင်နေရတာကတော့ သပိတ်စခန်း (၂)ခုကို စပြီး အကြမ်းဖက်နေပြီ၊ အခု ကျွန်တော်မြင်ခဲ့ရသလောက် သံဃာတော် (၁၀)ပါးလောက်တော့ ဒဏ်ရာရသွားပြီ” ဟု သပိတ်စခန်းသို့ ရောက်ရှိနေသူတစ်ဦးက ပြေးလွှားရင်းဖြင့် တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၂
ဝမ်ပေါင်ရုံးရှေ့ရှိ သပိတ်စခန်းအား ရဲတပ်ဖွဲ့မှ မီးသတ်ကား တစ်စီးဖြင့် ပိုက်ထိုးကာ လူစုခွဲလိုက်ကြောင်း၊ ရေဖြင့်ထိုးနေချိန်မှာ အချိန် ငါးမိနစ်ခန့်ကြာကြောင်း၊ သို့သော်လည်း လူစုမကွဲသဖြင့် မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ပေါက်ကာ အကြမ်းဖက် နှိမ်နင်းခဲ့ကြောင်း သတင်းရရှိပါသည်။
ယခုအခါ အဆိုပါဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်တစ်ပါးမှာ မျက်ရည်ယိုဗုံးမှန်၍ အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မဖြူဖြူသင်းမှာလည်း ဒဏ်ရာရရှိသွားသည်။ မသွဲ့သွဲ့ဝင်းသည် သံဃာတော်များနှင့်အတူ ရှိနေပြီး မအေးနက်မှာမူ ပျောက်ဆုံးနေလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝမ်ပေါင်သပိတ်စခန်းမှ သံဃာတော်များ၊ လူများသည် ယခုအခါ မုံရွာ၊ ပုသိမ် လမ်းမဘက်သို့ ထွက်ပြေးနေရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၃
ကျော်ရွာဂိတ်သပိတ်စခန်းတွင် သံဃာတော်တစ်ပါး မီးလောင်သွားပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် ထားခဲ့ရကြောင်း၊ နောက်ထပ် သံဃာတော် တစ်ပါးမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၎
လက်ပံတောင်းတောင်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ်(၁) တွင် ဆန္ဒပြနေသော သံဃာတော်များနှင့် လူအားလုံး ဆိုင်ကယ်များကိုပဲ မယူနိုင်တော့ဘဲ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရကြောင်း သတင်းရရှိပါသည်။
မဖြူဖြူဝင်းမှာ မျက်နှာတွင် ဒဏ်ရာရရှိသွားပြီး သပိတ်စခန်းအားလုံးမှာလည်း မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၅
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းတွင် ပါဝင်သော ဦးသုမနနှင့် သံဃာတော် ခြောက်ပါး ဖမ်းဆီးထိန်းသိမ်းခံလိုက်ရကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၆
ဒဏ်ရာရစာရင်း
၁။ မုံရွာခရိုင် ပုလဲမြို့နယ်၊ ခေါ်သံနီ တောကျောင်းဆရာတော် ဦးသိက္ခဥာဏ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၂။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ဦးသုစိတ္တ ပြင်းထန်ဒဏ်ရာရ (မီးလောင်ဒဏ်ရာ)
၃။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်သောဘိတ အနည်းငယ်ဒဏ်ရာရ
၎။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ရှင်နန္ဒမာလာ အနည်းငယ်မီးလောင်ဒဏ်ရာရ
ဆက်လက်၍ ဒဏ်ရာရသူများစွာ ရှိနေသေးကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၇
လက်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သော ကျောင်းတော်၏ အနောက်ဘက်တွင် ဖွင့်လှစ်ထားသော သပိတ်စခန်း အမှတ် ၃ အား စတင် အင်အားသုံး အကြမ်းဖက်ဖြိုခွင်းနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈
နောက်ဆက်တွဲဒဏ်ရာရစာရင်း
၁။ မုံရွာမြို့ ဇောတိကကျောင်းတိုက်မှ ကိုရင်ပညာနန္ဒ အပြင်းအထန် မီးလောင်ဒဏ်ရာရ
၂။ ပခုက္ကူအလယ်တိုက်မှ ဦးစန္ဒောဘာသ အပြင်းအထန် မီးလောင်ဒဏ်ရာရ
မီးလောင်ဒဏ်ရာ အနည်းငယ်စီ ရရှိသော သံဃာတော်အပါး (၄၀)ကျော် ရှိပြီး လူပုဂ္ဂိုလ်အနေဖြင့် ၀က်မှေးရွာမှ ကိုကျော်စွာ အနည်းငယ် ဒဏ်ရရရှိသွားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်း အရေးပေါ်သတင်း ၉
သပိတ်စခန်း (၆)ခုစလုံး မီးလောင်ပျက်စီးသွားပြီဖြစ်ကြောင်း သတင်းရရှိပါသည်။ ပုသိမ်-မုံရွာလမ်းကိုလည်း အာဏာပိုင်များက ပိတ်ဆို့လိုက်ပြီ ဖြစ်သည်။
လက်ပံတောင်းအရေးပေါ်သတင်း ၈ (နောက်ဆက်)
ကျော်ရွာသပိတ်စခန်းမှ သံဃာတော်များသည် ကျော်ရွာထဲသို့ ထွက်ပြေးရကြောင်း၊ ၀မ်ပေါင်သပိတ်စခန်းမှ သံဃာတော်များသည်လည်း ဖောင်းကားဘက်သို့ ထွက်ပြေးသွားရကြောင်း သတင်းရရှိပါသည်။
အရေးပေါ် လူနာတင်ယာဉ်နှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မုံရွာ-ပုသိမ်လမ်း ပိတ်ဆို့လိုက်သည့်အတွက် လူနာတင်ယာဉ်များ ကံကုန်းဘက်မှ လာရောက်နိုင်ကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၀
သပိတ်စခန်းနှင့် အနီးတစ်ဝိုက်ရှိ ရွာများအတွင်းသို့ ရဲတပ်ဖွဲ့မှ ပွိုင့်ကားများဖြင့် ရောက်ရှိလာကာ အကြမ်းဖက် လူဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိပါသည်။
ကံကုန်းရွာတွင် ဆောက်လုပ်ထားသော ဒေါ်အောင်ဆန်းစုကြည် ဟောပြောမည့် စင်ကိုလည်း ရဲတပ်ဖွဲ့ အင်အား ၅၀ ခန့်က ၀ိုင်းထားကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၁
ဝမ်ပေါင်ကုမ္ပဏီထဲတွင် ဆန္ဒပြခေါင်းဆောင် သံဃာတော် (၆)ပါးကို ဖမ်းဆီးထားကြောင်း သတင်းအတိအကျ ရရှိပါသည်။
ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ သပိတ်စခန်းမှ အပြင်းအထန် ဒဏ်ရာရရှိသော သံဃာတော် အရေအတွက်မှာ (၅)ပါး ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၂
ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်းနှင့် ကျောင်းသားသမဂ္ဂမှ ကားများ ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်နေလျက်ရှိကြောင်း သတင်းရရှိပါသည်။ မုံရွာဆေးရုံသို့ လက်ပံတောင်းမှ လူနာတင်ယာဉ် တစ်စီး ဆိုက်ရောက်လာကြောင်း တာဝန်ကျ သူနာပြုဆရာမ တစ်ဦးက အတည်ပြုပြောကြားသည်။
သို့သော်လည်း ဒဏ်ရာရရှိသူများစွာ ကျန်ရှိနေပြီး လူနာတင်ယာဉ် လောက်ငမှု မရှိသေးကြောင်း သတင်းရရှိပါသည်။
လက်ပံတောင်းအရေးပေါ်သတင်း ၁၃
ဝမ်ပေါင်ကုမ္ပဏီရှေ့ သပိတ်စခန်းအနီးတွင် ရပ်ထားသော AP သတင်းဌာနမှ သတင်းထောက်၏ ကားတစ်စီးနှင့် တောင်ကြားတွင်ရပ်ထားသော ကားတစ်စီး မီးလောင်ပျက်စီးသွားကြောင်း သတင်းရရှိပါသည်။
အများပြည်သူများ၏ ဆိုင်ကယ်များစွာလည်း ပျက်စီးမီးလောင်ခဲ့ရပြီး အရေအတွက် အတိအကျကိုမူ မသိရှိရသေးပေ။
လက်ပံတောင်းအရေးပေါ်သတင်း ၁၄ (နောက်ဆုံး သတင်းရေးသည့်အချိန် မနက် ၆ နာရီခန့်)
ဆည်တဲရွာ သပိတ်စခန်းမှ ရွာသူရွာသားများ သပိတ်စခန်းမှ ထွက်ပြေးလာရပြီးနောက် ရွာသို့မရောက်ဘဲ လမ်းတွင် ပျောက်ဆုံးနေကြောင်း သတင်းရရှိပါသည်။
Source – http://www.facebook.com/thanlarwaddytimes
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
20 thoughts on “လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ
  1. စစ်ဘီလူးဟာ ခွေးကျင့် ခွေးကြံ ကြံတာဘဲ။ ငါတို့ မှာလက်နှက်ရှိတယ် မင်းတို့ မှာအပ်တစ်ချောင်းတောင်မရှိဘူးဆိုတာ သိလို့  ခွေးဇာတ်ခင်းတာဘဲ။ တရုတ်ကြောက် ရောဂါကြီးနဲ့  ရဟန်းတွေကိုပါ နှိပ်စက်ထာ လူမဟုတ်ဖူး။ လူလိုစားပွဲပေါ်မှာ ထိုင်ပြီးဆွေးနွေးပါလား။
  2. ဒါဒီမိုကရေစီနိုင်ငံအစိုးရတဲ့လား ရဟန်းသံဃာနဲ့ ပြည်သူတွေကိုကိုနှိပ်စက်ပြီး တရုတ်ကို လင်ငယ်လုပ်ချင်ေ နတုန်းပဲလား
    1. အရင်က စစ်သားတွေကို ဘုန်းကြီးတွေကို သတ်ခိုင်းတယ်၊ အခုတော့ စစ်သားတွေကို ခဏအနားပေးပြီး ရဲတွေ လုံထိန်းတွေကို ဘုန်းကြီးတွေကို သတ်ခိုင်းပြန်ပြီ။ မကြာခင် စစ်သားတွေ ပါ ထပ် အခိုင်းခံရလိမ့်မယ်။ သိပ်မကြာခင်မှာ ဘုန်းကြီးတွေကို လှူဒါန်းတဲ့  အခမ်းအနားတွေ ရုပ်မြင်သံကြားမှာ ပြလိမ့်မယ်။
  3. တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံး အလိမ်ခံလိုက်ရပြီး၊ စရိုက်အမှန်တွေ ပြန်ပေါ်လာပြီ။
    တရုတ်နဲ့ ကုလားကို ကြောက်သမျှ ဘာသာ၊ သာသနာ၊ နိုင်ငံသားအားလုံးအပေါ်မှာ မလုပ်သင့်တာတွေ လုပ်ကုန်ပြီ။ မိုက်ရိုင်းရက်စက်ကြပြီ။ ဒါဟာ ဖျက်မရတဲ့ သမိုင်းအမဲစက်ဖြစ်တယ်။
  4. How cruel the Ruler is and what kind of direction given them?? what they talk about the country to move on democracy path?? Mr President U Thein Sein you have right to say anything your wish. you are only one can save the country to better future . Save the country with your heart and your love to people. The public are willing to hear from you that you can really take care the people of all our nation , regardless of religion and races . we are very worry about all our people. we share all our people to our sorrow and very sad how the Old thinking of Police did to people. Oh Our Lord and God Buddha , we knew those who he did to others with evil spirit will get as he done to others. but our people are not only hopeless but also helpless in this situation. Just try to release my sorrow to those who can reach and read.
  5. hkway myee kaut kyi taut sut .. at last they show their true face …. f__g government they would rather serve china like a dog instead of helping their own people but yes bringing destruction .. “doom bringer” a kaung tway .. ps. especially Aung min is worse than a slut. … 😛
  6. သာအေးဦးစီးပီးမီးလောင်ဗုံးတွေပစ်သွင်းဖို့အမိန့်ပေးခဲ့တာပါ မျက်နှာလိုအားရ၊ခွေးကျင့်ခွေးကြံလုပ်နေတဲ့
    သာအေးဟာအဓိကတရားခံဖြစ်ပါတယ်၊သူရဲ့စစ်အာဏာရှင်ဖက်တွယ်တဲ့ညဉ်ဆိုးတွေနဲ့
    အခုလိုဖြစ်အောင်အသက်သွင်းခဲ့တာဖြစ်ပီး၊
    သာအေးဟာဒေါ်အောင်ဆန်းစုကြည်ကိုမလိုလားတဲ့စစ်အစိုးရရဲ့ အမာခံတဦးပါ။
    ခင်ညွန့်လိုဘဲပိပိရိရိနဲ့ကောက်ကျစ်တတ်တဲ့မျက်နှာဖုံးစွပ်လူလည်၊လူသတ်သမားဖြစ်ပါတယ်။
  7. ပြောတော့  သမ္မတ ဦးသိန်းစိန် တော်တယ်ဆို၊ သူသဘောနဲ့ သူဆုံးဖြတ် နိင်တယ်ဆို၊ ရုပ်သေး သမ္မတ ရုပ်သေး လွပ်တော် လွပ်ထားပေးတာ သဘောပေါက်ပါ နားလည်ပါ
  8. ဒီအခြေအနေမှာနခုခုတော့ပြောသင့်တယ်ထငိလု့ပြောလိုက်ပါရစေဗျာ ခုခိုဒီမိုကရေစီစနစ်ဆီသိုံချီတက်နေတဲ့အချိန်
    မှာ နှစ်ပေါင်းများစွာခေါင်းငုံ့ခံနေခဲ့ရတဲ့သံသရာမှာမလွတ်မြောက်သေးပေမဲ့ ပွင့်ဟထွက်လာတဲ့ခံစားချက်တွေကြောင့်
    တိုင်ပြည်အခြေအနေကတော့ နောကိကိုပြန်ပြီးလှဲ့သွားမလားဆိုတာတောင်ထင်ရတယ်။
    ဒီလိုသာဆက်ရှိနေမယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေအတွက် မေးခွန်းတွေအများကြီးရှိလာနှိုင်ပြီးတော့ တိုင်ပြည်
    ၏တိုးတက်ရေးကိုထိခိုက်စေနှိုင်ပါတယ် နောက်တခုကတော့ စီးပွါးရေးမှာထင်သလောက်ခရီးမရောက်ဖြစ်နှိုင်ပါတယ်။
    အစိုးရအနေနှင့်လည်းအရင်ကလည်းလက်နက်သုံးပြီးဖြေရှင်းခဲ့တာဘဲ ခုလည်းဘဲဖြေရှင်းမယ်ဆိုရင်တော့ကဒါဖီလို ဟိုဆနီမူဘာရလို တောင်ဘ၀တကွေ့အလှဲ့အပြောင်းဆီသို့ဦးတည်သွားနှိုင်ပါတယ်။
    ဒါကြောင့်လုပ်ပြီးသားအလုပ်တွေအတွက် လုံးဝရုပ်သိမ်းပစ်ဖို့မဖြစ်နှိုင်ရင်တော် ပြည်သူတွေကိုထိုက်သင့်တဲ့လျှော်ကျေး
    ပေးတာမျိုး ၊ သဘာဝပါတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမည့်အရာအားလုံးကိုရှောင်ကြည်ပြီး ဒေသတိုးတက်ရေးအတွက်တာ
    ရင်တော့ အစိုးရအနေနှင့်လည်း နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့အရာအားလုံးကိုတာဝနခံရမှာဖြစ်ပြီး ပြည်သူချစ်တဲ့အစိုး ရအနေနှင့်ဆက်လက်ရှင်သန်ခွင့်တွေကိုလက်လွှတ်ဆုံးရှုံးသွာမှာဖြစ်ပါတယ်။
    အကောင်းဆုံးကတော့စီမံကိန်းတခုခုကိုအကောင်အထည်ဖေါ်မည်ဆိုပါသ ၄င်းဒေသမှပြည်သူများကိုအရင်တင်ပြပြီး
    လျှင် သဘာဝပန်ဝန်ကျင်နှင့် လူအသိုင်းအ၀ိုင်းကိုထိခိုက်မှုရှိမရှိ ဆိုကျိုးနှင့်ကောင်းကျိုးများကို ချက်ခိန်ပြီးမှလုပ်ကိုင်
    ပါကအကောင်းဆုံးဖြစ်ပါလိမ့်မည်ဖြစ်ပေသည်။
  9. အမျိုးဖျက်သာသနာဖျက် ဘင်္ဂါလီတွေ အကြမ်းဖက်တုန်းကတော့ သူတို့ပထွေးတွေလို ငြိမ်နေကြပြီး အခုကိုယ့်နိုင်ငံအတွက် ငြိမ်းချမ်းစွာဆန္ဒပြတာ ကြတော့
  10. စကားပုံ တစ်ခု ရှိတယ်လေ။
    ခွေးမြီး ကောက် ကျည်တောက် စွပ် တဲ့ 
    သိန်းစိန် အစိုးရ က စကားပုံ မှန်ကန်ကြောင်း သက်သေ ပြတာပေါ့ ။
    တစိတ်ရှိ လက်နက် ကိုင် ဗိုလ် ကျ တဲ့  ခွေးမြီးကောက် က ကျည်တောက် စွပ် လဲ ခဏပေါ့ ။
  11. We want peace and prosperity. Mr President, please help and save our nation people. We understand , now the government is moving to clean and good governance. According to this mission, all the government personnel should follow good governance rules and conduct.
  12. သြော်.. တရားကျစရာ.. ရခိုင်မှာ ကုလားတွေ ထင်သလို ဆော်ကားမိုက်ရိုင်းနေတာကိုတော့ ဒီလို အကြမ်းဖက်တဲ့နည်းနဲ့ အဖြေရှင်းရဲခဲ့ဘူး။ အမိန့်မပေးရဲခဲ့ဘူး။ ကိုယ့် မြန်မာအချင်းချင်းတော့ ရက်စက်လိုက်ကြတာဗျာ…
  13. Very stupid behavior
    We cannot accept this case.
    If someone start to boycott in yangon,
    We will follow your instruction.
    Need only one to start.
  14.ွှအဲဒီ ခွေးမသားတွေက ဒီလိုပဲ ကိုက်တတ်တာ အခုမှမဟုတ်ဘူး။
Comments are closed.