ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူခြောက်ဦးကို
နိုဝင်ဘာ ၂၇၊ ၂၀၁၂ (YPI), Yangon Press International, Facebook Page
ယမန်နေ့က မဟာဗန္ဓုလပန်းခြံရှေ့တွင် ကြေးနီတောင်စီမံကိန်းရပ်ဆိုင်းရေး ဆန္ဒပြပွဲဦးဆောင်သူများထဲမှ ခြောက်ဦးကို ယနေ့နေ့လည်ပိုင်းက ပုဒ်မ၅၀၅(ခ) တရားရုံးမှရမ္မာန်ယူကာ အင်းစိန်ထောင်သို့ပို့လိုက်သည်။
ဒေါ်နော်အုန်းလှ၊ ဒေါ်ရှမ်းမ၊ ဦးမျိုးချစ်နှင့် ကိုဝေဠု တို့ကို ကျောက်တံတားနှင့် ပန်းပဲတန်းမြို့နယ်နှစ်ခုမှ တစ်မြို့နယ်လျှင် တစ်မှုစီဖြင့်လည်းကောင်း၊ ကိုရဲလင်း နှင့် ကိုညီညီတို့ကို ပန်းပဲတန်းမြို့နယ်မှလည်းကောင်း တရားစွဲဆိုထားသည်။ ။