ဓာတ်ပုံသတင်း

မိုးမခဓာတ်ပုံတွေထဲက မြန်မာမြင်ကွင်း (သထုံက ရေအိုးစင်)

နိုဝင်ဘာ ၂၈၊ ၂၀၁၂

လမ်းဘေးမှာ အလှူပြုတဲ့ ရေအိုးစင်ကို တနိုင်ငံလုံးမှာ တွေ့ရပေမယ့် ဒီလို ရေအိုးစင်မျိုးကတော့ မွန်ပြည်နယ် သထုံမြို့မှာပဲ တွေ့နိုင်မယ် ထင်ပါရဲ့။
သထုံမြို့တနေရာမှာ ရှိတဲ့ ဒီရေအိုးစင်ရဲ့ ထူးခြားချက်ကတော့ မှန်တချပ် ချိတ်ပေးထားတာပါပဲ။

ရေ၀င်သောက်သူက ရေငတ်ပြေရုံတင်မက မှန်ကိုပါ ကြည့်နိုင်ပြီပေါ့။ ရေအကျိုးကတော့ ဆယ်ပါး ရှိပါတယ်။ မှန်အကျိုးကတော့ ဘယ်နှစ်ပါးရှိလည်း မသိရပေမယ့် အတော်များမယ်လို့ ယူဆရပါတယ်။

သောက်ရေခွက်ကို သံကြိုးတန်းလန်းနဲ့ မတွေ့ရတာကြောင့် ဒီရေအိုးစင်က ပိုပိုပြီး လှပနေပါတော့တယ်။

ရန်ကုန် နဲ့ မိုးမခ

ပဲခူးက ငါးချဉ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts