ဓာတ်ပုံသတင်း

ဗုဒ္ဓေါဝါဒကျောင်း စုပေါင်းမဟာဘုံကထိန်ပွဲ လှည့်လှည်ပွဲ

မိုးမခမိတ်ဆွေ
နိုဝင်ဘာ ၂၇၊ ၂၀၁၂
ကထိန်ပွဲတော်ကို မြန်မာ့ရိုးရာ ယဉ်ကျေးမူအစဉ်အလာတိုင်း နံနက်ခင်းမှာ မြတ်စွာဘုရားအား ဆွမ်းရေချမ်း ပန်း ဆီမီးများ လှူဒါန်းဆက် ကပ်ကြသလို ကြွရောက်လာသည့် သံဃာတော်များလည်း အာရုဏ်ဆွမ်း နေ့ဆွမ်း မြန်မာ့အစားစာ စုံလင်စွာဖြင့် လှူဒါန်း ဆက်ကပ်ခဲ့ ပါတယ်၊၊

နေ့လည် (၁၂) နာမှာ ပစ္စည်းပဒေသာပင် ငွေပဒေသာပင်များကို လေးယောက်စီ ပဒေသာပင်ကို ထမ်းသည့်သူကထမ်းကြသလို သင်္ကန်း တွေလည်း ကိုယ်စီပိုက်လို့ ကျောင်းတိုက်ကို (၃)ခေါက် လှည့်လည်ကြပါတယ်။

ကင်တက်ကီပြည်နယ် ဘိုးဂရင်းမြို့ ဗုဒ္ဓေါဝါဒကျောင်း တတိယအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပွဲတော်ကို နိုဝင်ဘာလ (၂၄) ၂၀၁၂ စနေနေ့တွင် မြန်မာပြည် တိုင်းရင်းသားညီကိုမောင်နှမများ စီကားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်၊၊

နေ့လည်(၁)နာ၇ီမှာတော့ ဗုဒ္ဓေါဝါဒဆရာတော်က ရဟန်းတော်များမှာ ကထိန်အကျိုးတရား(၅)ပါးနှင့် ကထိန် သင်္ကန်းဆက်က်တဲ့ ဒကာ ဒကာမများမှာလည်း အကျိုး(၅)ပါးကို ရှင်းပြခဲ့တယ်၊ အထူးအား ဖြင့်တော့ မြန်မာပြည်က တိုင်းရင်းသားညီကိုမောင်နှမများအနေဖြင့် တစ်နှစ်မှာ ရက်ပေါင်း(၃၆၀)ရှိတဲ့ အထဲမှာ ဗုဒ္ဓဘာသာများက မိမိတို့အနေဖြေင့် ဘာသာရေးအလုပ်ကို မေ့လျော့ပေါ့ဆတဲ့ လူတွေက ပိုပြီးများနေပါတယ်၊ဒါကြောင့် မည်သူမဆို အိုခြင်းသဘော နာခြင်းသဘော သေခြင်းသဘောကို မလွဲမသွေ အနေးနှင့်အမြန် လူသားတိုင်း ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်တယ်၊၊

မြန်မာပြည်ကနေ အမေရိကန်နိုင်ငံကို အကြောင်းမျိုးမျိုးကြောင့် ရောက်လာတဲ့ တိုင်းရင်းသား ညီကိုမောင်နှမအားလုံး အတ္တနှင့်မာနတွေကို ရှေ့တန်းမတင်ဘဲ သည်းခံခြင်းတရားနှင့် အချင်းချင်း အပေါ်မှာ လှေနံဓားထစ် ပုံသေမှတ်ယူတဲ့ စရိုက်ထက်စာရင် သူ့ဖက်ကိုယ်ဖက် အပြန်အလှန်ကြည့် တတ်အောင် လေ့ကျင့်ရမယ်၊ဘာသာရေး နိုင်ငံရေး စီးပွားရေး မည်သည့်အရေးပဲဖြစ်စေ ဘ၀တိုးတက် တယ်ဆိုတာ ကိုယ့်မှာ မကောင်းတဲ့ အမူအကျင့် စရိုက်ဆိုးများကို ခ၀ါချလိုက်တဲ့ အချိန်ဟာ ဘ၀မြင့် မားကာ ကြီးပွားချမ်းသာတာပါ၊ မအိုခင် မနာခင် အသေခင်မှာ မြန်မာတို့ ဆယ်နှစ်လရာသီပွဲတော် နေရက်တွေမှာ ဒါနပြုခင်း သီလစောင့်တည်ကာ ဘာဝနာပွားများခြင်းစတဲ့ ကိုယ့်နောက်မှာ တကယ် ပါမည့် ကုသိုလ်အလုပ်မျိုးကို မသေခင်မှာ ဘ၀အတွက် ဆင်ခြင်ပြီး ပြင်စရာရှိတာကို ပြုပြင်ကြဖို့ မမေ့ကြရန် တိုက်တွန်းရင်း တရားကို အဆုံးသတ်ခဲ့ပါတယ်၊၊

ယင်းနောက်မှာ ဒီကနေ့ စုပေါင်းပြုလုပ်ကြသော ကုသိုလ်အစုစုနှင့် တနှစ်မှာ တကြိမ်၊ တကြိမ်မှာက တစ်ကျောင်း၊ တစ်ကျောင်းမှာမှ တစ်ခါပဲ ကထိန်းခင်းရတာမို့ ဒီကနေ့သည် ထူးမြတ်တဲ့ ကာလဒါန မဟာဘုံကထိန်အလှူရှင်များအားက ရေစက်သွန်ချ အမျှပေးဝေခဲ့ပါ တယ်၊၊

 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts