မိုးမခကို ပေးတဲ့စာ

မြန်မာ့ဆက်သွယ်ရေးအကြောင်း တစေ့တစောင်း

မြန်ပြည်သား
နိုဝင်ဘာ ၂၆၊ ၂၀၁၂

● ပြည်သူမှ သမ္မတကြီးသို့ အသိပေးတင်ပြခြင်း
၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာမျက်နှာ (၅) တွင် ပါရှိသော “ ပြည်သူသို့ အသိပေးခြင်း”  သတင်း တိုလေး ဖတ်ရပါတယ်၊၊

ပြည်ထောင်စု စာရင်း စစ်ချုပ်ရုံးက ပြည်ထောင်စုလွှတ်တော်သို့တင်ပြရှင်းလင်းရာတွင် ပညာရေးဝန်ကြီးဌာန၊ ကမာရွတ်မြို့နယ် ပညာရေး မှူးရုံး၏ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်အတွင်း တယ်လီဖုန်းအခွန်နှင့် မီတာခ စုစုပေါင်း ကျပ် ၅ ဒသမ ၅၅၂ သန်းကို သက်ဆိုင်ရာသို့ပေးချေ ခြင်းမပြုဘဲ ယာယီအလွဲသုံးစားပြုထားကြောင်း တွေ့ရှိရသဖြင့် သက်ဆိုင်သူများကိုအရေးယူထားကြောင်း ပြည်သူကိုအသိပေးထားသော သတင်းဖြစ်ပါတယ်။

အဲဒီသတင်းကိုဖတ်ရပြီး မနေနိုင်တော့လို့ ဒီစာကိုရေးလိုက်ပါတယ်။ ပြည်သူတယောက်ကသိထားတဲ့ကြောင်းအရာများကို မသိသေးတဲ့ နိုင်ငံတော်သမ္မတကြီးထံ အသိပေးသင့်တယ်ထင်လို့ပါ။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ ဝန်ထမ်းအများစုမှာရာထူးနှင့် မလျော်ညီသော အိမ်၊ ကား၊ ကွန်ဒိုများ ပိုင်ဆိုင်ကြပါသည်။ ကြံ့ခိုင်ရေးပါတီ၏ အမာခံကုမ္ပဏီတစ်ခုဖြစ်သော ITCS Co.,Ltd. နှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ဖြင့် ပူးပေါင်း ဆောင်ရွက်သော စီမံကိန်းများတွင် စာရွက်စာတမ်းအတုများဖြင့်ငွေထုတ်ယူကာ ယခုကဲ့သို့ချမ်းသာလာကြခြင်းဖြစ်ပါသည်။

အင်ဂျင်နီယာချုပ် ဦးသိန်းဝင်း လက်ထက်တွင် ITCS Co.,Ltd. နှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီ ငွေစာရင်းခေါင်းစဉ်များအောက်မှ Digital Microwave ဝယ်ယူခြင်းခေါင်းစဉ်ဖြင့် ကျပ်သန်း (၂,၀၀၀) ကျော်၊ မည်သည့်စာရွက် စာတမ်းမျှမပါဘဲ (၂) ဘီလီယံကျော် ထုတ်ယူ သုံး စွဲခြင်း၊ ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းထံ ကမ္ဘောဇဘဏ် (ရွှေဂုံတိုင်) မှတဆင့် ငွေလွှဲပေးပို့ခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထိုထိုသော ငွေစာရင်းများမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စစ်ဆေးခြင်းမှ အဘယ်ကြောင့် ကင်းလွတ်ခွင့်ရ၍ လွတ်လပ်စွာ ထုတ်ယူ အလွဲသုံးစားပြုခွင့်ရနေပါသနည်း။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ လုပ်ငန်းလက်ခံသူ ITCS Co.Ltd. သို့ Prepaid Top Up Card များဖြန့်ဖြူးရောင်းချရာတွင် စုစုပေါင်း ၁၂ % ကိုအမြတ်အစွန်းအဖြစ် ရရှိနေပြီး ၄င်းအမြတ်အစွန်းမှ ၄% ကို ကြံ့ဖွတ်ပိုင် ITCS Co.Ltd မှ အသားတင်ရရှိပါသည်။

ဆိုလိုသည်မှာ ငွေဖြည့်ကဒ် ၁၀၀၀၀ တန်တစ်ကဒ်ကိုဝယ်သုံးသည့်အခါတိုင်း ၄၀၀ ကျပ်ကို ကြံ့ဖွတ်က အသားတင်ရရှိနေပါသည်။ စစ်အာဏာရှင်ဟောင်းများဖြစ်သော ဦးသန်းရွှေတို့ ကြံဖွတ် တစ်အုပ်စုလုံး ငွေဖြည့်ကဒ်တစ်ကဒ်ဝယ်လျှင် ၄၀၀ ကျပ်ရနေပြီး တစ်ရက်လျှင် ငွေဖြည့်ကဒ် ၁၀၀၀၀ ရောင်းရမည်ဆိုပါက ၁၀၀၀၀ X ၄၀၀ = ၄၀၀၀၀၀၀ (သိန်း ၄၀) ၀င်ငွေရရှိပါမည်။ တစ်ရက်လျှင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေဖြည့်ကဒ် မည်မျှရောင်းရပါသနည်း။

ပြည်သူများ များများသုံးလေ သူတို့အတွက် များများ အမြတ်ကျန်လေ ဖြစ်ပါသည်။ ဒါတောင် အရှက်မရှိ အိမ်ဖေါ် ၅ ယောက်၊ အိမ်စေ ၅ ယောက၊် မာလီ ၅ ယောက်၊ ဒရိုင်ဘာ၅ယောက်အတွက် ထောက်ပံ့ကြေးများကိုလွှတ်တော်တွင် သူတောင်းစားလို တောင်းနေသေး သည်။ အရှက်မရှိလေစွ။

ငွေဖြည့်ကဒ်ရောင်းရငွေမှ ကျန်သော ၈%ကို Elite Company, တာမိုးညဲ Company နှင့် Asia Mega Link Co.Ltd တို့မှ အချိုးကျ အရသာရှိစွာ ဝေယူကြပါသည်။ သူတို့ကတော့ပိုကိုက်မည်ထင်ပါသည်။အော် ကောင်းလေစွ တေဇရေ… ကြံ့ဖွတ်တို့သည် သမ္မတ ဦးသိန်း စိန်ကိုပါ ၄င်းတို့ပါတီဥက္ကဌအဖြစ် အတင်းတွန်းတင်ပြီး စစ်ဗိုလ်ချုပ်များ က လက်ဝါးကြီးအုပ် အခွင့်ထူးခံစီးပွားရေးအမြောက်အများကို ဆက်လက်ကြိုးကိုင်နိုင်ရန် စီမံလုပ်ဆောင်နေကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးကို ပြောချင်ပါသည် မြန်မာ့ဆက်သွယ်ရေးနှင့် ITCS Company ကြား ငွေစာရင်းများ၊ ဦးပိုင်နှင့် MEC တို့၏ ငွေစာရင်းများကို တစ်ချက်လောက် စစ်ဆေးကြည်လိုက်ပါလို့….လက်ရှိ သူ့အမျိုးတွေကို သူ့အနားခေါ်ထားကာ အကာအကွယ်ယူထား သော ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နှင့် ယခင်ဝန်ကြီး ဦးသိန်းဇော်တို့အပါအ၀င်  ကြံ့ဖွတ်၏ ဥသျှောင်ကြီးများပါနားကားကုန်မှာ ဖြစ်သောကြောင့် မစစ်ဘဲ ချန်လှပ်ထားရခြင်းဖြစ်ကြောင်းနိုင်ငံတော်သမ္မတကြီးနှင့်တစ်ကွ ပြည်သူများကို ဖွင့်ချလိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “မြန်မာ့ဆက်သွယ်ရေးအကြောင်း တစေ့တစောင်း
  1. ကဲ ဘဲ့နဲ့ လုပ်မလည်း သမတကြီး၊ ဘဲ့နဲ့ လုပ်မလည်း အမတ်မင်းများ၊ အားလုံးနှာစေးနေလို့ တော့မရဘူးနော်။ တရားဥပဒေအပေါ်မှာ ဘယ်သူမှ မရှိရဘူးတဲ့ စာရင်းစစ်ကြီးရေ၊ ကြံဖွတ်လည်း တစ်ချက်ဆို ကွဲဒါဘဲပေါ့လို့ ဆိုပြီး
    ပြည်သူ့ ဘက်ကရပ်တည်ပြလိုက်စမ်းပါ။

  2. သိပ်ဖြစ်နိုင်တာပေါ့ ဆ.သ.ရ က ဒုတိယအင်ချုပ် ကားကို မောင်းတဲ့ အငယ်တန်းအင်ယာကတောင် ကားတိုက်မိတာကို သိန်း(၉၀/၁၀၀)လောက်ကိုတောင် ချက်ချင်းလျော်နိုင်သေးတာဘဲ

  3. Awww….They (The Generals,Cronies, Relatives) are so …so…RICH. We,civilian,people,are so…so…poor.Even they intentionally forced and took many civilians’ lands in the whole country.Yes, we, become poor because,they forced and took away my great grand father land too,in front of Dawei Zaygyee,which is now worth in Billions,because of Italian -Thai.multi billion dollar project.When will our civilian ,will have the Rights of Democracy ?????

  4. “အရင်လိုပါပဲ”.. ၀န်ကြီးက စပြီး အောက်ခြေ နေ့စားအထိ လုပ်စားနေကြတာတော့ ခုချိန်ထိပါပဲ………လုံးပူး နံပါတ်လှလှလေးတွေတောင် သူတို့စိတ်ကြိုက်ရောင်းစားပြီး မှ ..သူတော်ကောင်းရောင်ဆောင်ပြီး လေလံတင်ရောင်းပြနေတာသာကြည့်တော့…ပါးစပ်တွေကသာ ပုဂ္ဂလိက လွဲတော့မယ်လို့သာ အရှက်မရှိပြောနေကြတာ…မည့်သို့သော Plan မှ မရှိ….သူတို့နဲ့ ပနံသင့်တဲ့ဝန်ထမ်းတွေကိုပဲ နေရာပေးပြီးအကျိုးအမြတ်ထုတ်နေကြတဲ့ သူတောင်းစားတွေလေ….

  5. ၀န်ကြီး သိန်းထွန်းရေ မိုဘိုင်းကို ကိုယ့်ငယ်မွေးကျွန် စိုးအောင်နဲ့ ဌေးဝင်းကို ထားပြီး သိန်းဝင်းလက်ထက်ကလို ဘတ်ဂျက်ဖြောင်ပြီး ၀ိုက်မယ်မကြံနဲ့ ….ခေတ်တွေပြောင်းသွားပြီ…သိန်းဝင်းလက်ထက်တုန်းက သိန်းငါးထောင် တစ်သောင်း ဘတ်ဂျက်ဖြောင်ပြီးငွေလွဲပေးခဲ့တာ ကို ခံတွင်းတွေ့  မနေတော့နဲ့ ….တော်လောက်ပြီ…မ၀သေးဘူးလား

Comments are closed.