ခေတ်ပြိုင်အတွေ့အကြုံ

ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင်နှင့် ခရိုနီများ

နိုဝင်ဘာ ၂၃၊ ၂၀၁၂

ပင်စင်လစာငွေတွေကိုSmart card ဖြင့်ထုတ်ရမည်တဲ့။ ‘’ဓာတ်ဆီထုတ်သည့် Smart card သည် ကျပ် ၅၀၀ ပေးရသော် လည်း သူတို့၏ Smart Card သည် ၃၀၀၀ ပေးရမည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စားဦးရေ ၈ သိန်းကျော်နှင့် နိုင်ငံရေးပင်စင်စား ဦးရေ ၄၀၀၀၀ ခန့် ရှိကြောင်းသိရပါတယ်။

ဒါဆိုလျှင် ပင်စင်စား ၉ သိန်း နီးပါးအတွက် Smart card လုပ် (စား)သူ (Cronies) များသည် ကျပ်သိန်းပေါင်း နှစ်သောင်းလေးထောင် ( သိန်းပေါင်း၂၄၀၀၀) အသာလေးရသွားလေသည်။ မြန်မာပြည်မှာငွေရှာရတာ တော်တော်လွယ်သားပဲနော် . . .

ကျွန်တော်သိချင်တာတွေ အများကြီးပါ။ အဆိုပါ Smart card ကို ဘယ်ကရသလဲ။ နိုင်ငံခြားကရလျှင် နိုင်ငံခြားက၀ယ်ရသည်။ဘယ်လောက် ကျလဲ။ ဒီမှာ Software တွေရေးရတာ ဘယ်လောက်ကျလဲ။ ကျွန်တော်တို့ဆီမှာမရှိလို့ သူတို့ဆီက၀ယ်ရတာ ကောင်းပါသည်။သို့သော် တကယ် ဒီလောက်( သိန်းပေါင်း နှစ်သောင်းလေးထောင်ကျော်) ကုန်ကျသလား ဆိုတာပါပဲ။

ဒီ Smart card ကလည်းတကယ် လိုအပ်လျင်တော့ ကောင်းပါသည်။ ဓာတ်ဆီ Smart card သည် ဓာတ်ဆီဆိုင်က မသမာလုပ်သောကြောင့် ဖြစ်လာသည်။ သူတို့နှင့်အတူ စားသုံးသူအချို့ပေါင်းလုပ်သည်။ ထိုအတွက် နိုင်ငံခြားကို ပိုက်ဆံပေးလိုက်ရသည်။ ပင်စင် Smart card က ဘာကြောင့် လုပ်တာလဲ။ နိုင်ငံဝန်ထမ်း ပင်စင်စားများက မသမာ လုပ်ကြလို့လား . . .

ကျွန်တော်တို့ ဆင်းရဲပါသည်။အရှေ့တောင်အာရှတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်သည်။ ဆင်းရဲသည့်အထဲ အနှိပ်စက်ခံဖြစ်ရတာကိုတော့ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။ပြည်သူကိုကြင်နာပါ။

အထူးသဖြင့် ဘ၀နေညိုချိန် နောက်ဆုံးရောက်ရှိတော့မည့် နိုင်ငံ့ဝန်ထမ်း ပင်စင်စား များကိုတော့ ချမ်းသာ ခွင့်ပေးလိုက်ကြပါဗျာ . . .

ဝါသနာ၊ စေတနာ၊ အနစ်နာခံ ပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသော ပင်စင်စားများအတွက် ကိုယ်ချင်းစာ အသည်းနာရပါ သည်။

ref; ဒေါက်တာခင်မောင်ညို

ရင်းမြစ်အား ဤနေရာမှ ရယူပါသည်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

10 thoughts on “ဘ၀နေညိုချိန်အထိ ချမ်းသာခွင့်မပေးသော အာဏာရှင်နှင့် ခရိုနီများ
  1. ပင်စင်လစာထုတ်ဖို့ smart card နဲ့ထုတ်ရမယ်ဆိုတော့ ……. “ကောင်းပါတယ်…မကောင်းတာက ကျပ်(၃၀၀၀)ပေးရမယ်ဆိုတာပဲ”….နိုင်ငံ့ဝန်ထမ်း ပင်စင်စားတွေအတွက် အဲဒီ smart card ကို ပင်စင်စားတွေဆီက လည်ပင်းမညှစ်ပဲ အခမဲ့လုပ်ပေးသင့်တယ်ထင်ပါတယ် ဒါဆိုရင်တော့ အားလုံးကောင်းပါသည်ဖြစ်သွားမှာပေါ့…..။

  2. They do not need any card, just direct transfer to pensioner’s bank account. That’s all they need to do. No need to deal with any government service staff to avoid asking tips and bribery. Majority of burmese people are corrupted and wants to suck blood from others. It is such a shame to call buddhist country.

    1. There will be a transaction fee or processing fee for direct transfer to pensioner’s bank account. These needy greedy money makers will try to get the pensioners money one way or another. There is no escape.

  3. This is so awkward,ridiculous arrangement. Should change immediately.Still these people wants to make money from the retired old,servicemen,from the country ? Shameful.

  4. ဒီလို လူလည်ကျ ခေါင်းပုံဖြတ် ထင်သလိုချယ်လှယ်လာတာ ဒီကနေ့အထိ မပြီး.. မပြီးနိုင်ပါလား အရပ်ကတို့…

  5. နိုင်ငံ တော်မှာ ဒီလိုကိစ္စတွေက အများကြီးရှိနေသေးတယ် ဆိုတာပြည်သူတွေသိအောင် အခုလိုပဲ တစ်ခုပြီးတစ်ခု ချပြရင်ပိုကောင်းတာပေါ့.။

Comments are closed.