ဖြစ်ရပ်များ၊ အမှတ်တရများ

တတိုင်းပြည်လုံးကယ်တော်မူကြပါ

ကယ်ပါတိုင်းသား
နိုဝင်ဘာ ၂၃၊ ၂၀၁၂
ပုပ္ပါးတောင်သည် နတ်တို့ပျော်စံရာနတ်တောင်။

မြန်မာ့အနုစာပေစတင်ဖွဲ့စပ်ရာ ကဗျာတောင်။
ပရဆေးမျိုးစုံပေါက်ရောက်ရာ ဆေးတောင်။
ရှားပါးမျောက်မျိုးစိတ်နှင့် အခြားတိရစ္ဆာန်တို့ပေါက်ဖွားပျော်မြူးရာ သားပျော်တောင်၊ ကျေးပျော်တောင်။
မြန်မာ့ကိုးကွယ်ယုံကြည်မှုတို့ မြစ်ဖျားခံရာ အမြင့်တောင်။ အခေါင်တောင်။

ထိုတောင် ဤတောင် ကျုပ်တို့ယဉ်ကျေးမှုတောင်ကို ဘာမဟုတ်တဲ့ ဘိလပ်မြေအစားထိုး (pozolan) မှုန့်ထုတ်ဖို့အတွက် တောင်ကြီး အောက်ခြေကို စက်ကြီးစက်ငယ်နဲ့ မရပ်မနား တူးဖောက်ဖြိုဖျက်နေကြပေပြီ။ မကြာခင်မှာ တောင်ကြီးပြိုလဲသွားတော့မှာပါ။

မြန်မာ့ကိုးကွယ်ယုံကြည်မှုကြီးပြိုလဲသွားတော့မှာပါ။ အဓိဋ္ဌာန်ပြု တရားရှာသူတို့နေရာ ပျောက်သွားတော့မှာပါ။

ထိုစက်ရုံကို မြန်မာ့ယဉ်ကျေးမှုနဲ့ သယံဇာတတွေဖျက်ဆီးရာမှာ၊ မြန်မာ့အနာဂတ်ကို ချိန်းချောက်ရာမှာ၊ မြန်မာ့ဂေဟစနစ်ကို ဖျက်ဆီးရာမှာ၊ မြန်မာ့သွေးကြောတွေကို ခုတ်ထစ်ရာမှာ အလွန်နာမည်ကျော်တဲ့ လျှပ်စစ်ဝန်ကြီးဌာနကတည်တာပါ။

ဆည်တွေဆောက်ရာမှာ အဲဒီအမှုန့်တွေသုံးဖို့ပါတဲ့။ တနည်းအားဖြင့်ပြောရရင် ပုပ္ပါးတောင်ကို ဖျော်ပြီး ဆည်ဆောက်မလို့တဲ့။ တိုက်ဆောက် ကားစီးမလို့တဲ့။ တင်ဝင်းထွန်းကလဲ လက်ဖက်စိုက်ခင်းတွေနဲ့ အားဖြည့်ပါတယ်။ အဲဒီအတွက် သစ်မာတွေကို ဖျက်ဆီးပါတယ်။ စကားဝါ တွေလဲ ပါသွားမှာပေါ့။

တချို့လဲ နဂါးမောက်စိုက်ခင်းတွေဝင်လာတယ်။ အဲဒီစကား ငှက်ပျောတွေဖျက်ခံရတယ်။ ပုပ္ပါးရဲ့ဂေဟစနစ်တွေ ပျက်ရှာပြီ။ ကျောက်ပန်း တောင်းမြို့နဲ့ ရွာတွေကို ရေပေးနေတဲ့ ရေထွက်ပေါက်တွေလဲ လျော့နဲသွားပြီ။ လုံးလုံးကွယ်ပျောက် ရေဒုက္ခရောက်ကြတော့မယ်။

စိမ်းလန်းစိုပြေမှုတွေ၊ သဘာဝပတ်ဝန်းကျင်တွေ၊ ပုပ္ပါးတောင်ရဲ့အထိမ်းအမှတ်စကားဝါပင်တွေကုန်တော့မယ်လေ။ ပုပ္ပါးနတ်တောင်ဟာ အခေါင်မမြင့်နိုင်တော့။ စုံတောလဲမပြား၊ နံ့ရှားလဲမကြိုင်၊ အခါတိုင်လဲပွင့်တော့မယ်မဟုတ်။ အရပ်ကတို့ ကယ်တော်မူကြပါခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “တတိုင်းပြည်လုံးကယ်တော်မူကြပါ
  1. This is just the beginning of the “development” and “democracy”.

    Before long, even the whole mountains will be sold off with all the monkeys.

  2. The ex-Generals,current Authority,and their cronies,never,ever,think of the country, future, civilian.They only,only think for their sakes and their profits. The world most greedy minded,self fish people.

  3. စာရေးသူရှင့် အသေအချာလေ့လာပြီးမှ ရေးပါ။ ယုံထင်ကြောင်ထင်ဖြစ်အောင်မလုပ်ပါနဲ့။ ပုပါးတောင်ကြီးလဲမပျောက်ပါ။ ကျောက်ပန်းတောင်းမြို့ရေလဲ မလျော့သွားပါ။ အဘ ဘိုးမင်းခေါင်က လဲစောင့်ရှောက်နေပါတယ်။ အဘ ဘိုးမင်းခေါင်က တိုင်းပြည်မတိုးတက်မှာကို/ပျက်စီးမှာကို မလိုလားပါဘူး။ စာရေးသူသာ ဆင်ခြင်ပေးပါရှင့်။

  4. အောင်ဝင်းလတ်-သင်းသင်းမြတ် မိသားစု မလေး၇ှား says:

    မတင့်တင့်ထွန်းပြောတာတကယ်ဘဲလားတကယ်ဘဲပုပါးတောင်ကြီးပျောက်သွားပြီးလားလို့စိုး၇ိမ်မိနေတယ်အခုလိုကြား၇တာဝမ်းသာပါတယ်

Comments are closed.