မိုးမခကို ပေးတဲ့စာ

RFA နဲ့ မြန်မာပိုင်းအစီအစဉ်တို့၏ရိုဟင်ဂျာအရေး အလေးပေးမှုများ

RFA နဲ့ မြန်မာပိုင်းအစီအစဉ်တို့၏ရိုဟင်ဂျာအရေး အလေးပေးမှုများ

အမေရိကန်ပြည်ရောက် မြန်မာသောတရှင်တဦး ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၂

မိုးမခ၀ိုင်းတော်သားများသို့

မနေ့က သင်တို့ဝက်ဆိုက်မှာ RFA facebook ပြန်လည်ပတ်နေပြီလို့ သတင်းပို့ထားပါတယ်။ RFA မြန်မာဝက်ဆိုက်က နိုဝင်ဘာ လဆန်းကတည်းက ဖေ့စ်ဘွတ်ပေါ်ပြန်တက်နေတာပါ။ နောက်ပြီးတော့ ဖြည့်စွက်ပြီး ပြောချင်တာကတော့ RFA ဟာ မြန်မာပြည်အရေး သတင်းပို့နေတာတင်မဟုတ်ဘဲ ရိုဟင်ဂျာအရေးကိုပါ အထူးအာရုံစိုက် သတင်းပို့နေပြီ ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြီး ပြောချင်ပါတယ်။

ဒီနှစ်မှာ စတင်ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုများ၊ အဓိကရုဏ်းများနဲ့ ပတ်သက်ပြီး သတင်းပို့ကြရမှာ ပြည်ပအခြေစိုက် မီဒီယာတွေ၊ ရေဒီယို၊ ၀က်ဆိုက်တွေ အားလုံးက ရိုဟင်ဂျာတွေ ဆိုတဲ့ စကားလုံးကို အားစိုက်သုံးစွဲလာကြပါတယ်။ မြန်မာပြည်တွင်းမှာ ရိုဟင်ဂျာဆိုတာထက် နယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလီလူမျိုးတွေလို့ သိကြပါတယ်။ ဒီအငြင်းပွားဖွယ်ရာ ဝေါဟာရအသုံးအနှုံးကို ပြည်ပမှာအဓိက အသိအမှတ်ပြုနေတာက စဉ်းစားစရာ တချက်ဆိုတာ အားလုံးသိကြမှာပါ။

အခုတော့ သည် ရိုဟင်ဂျာအရေးဟာ အမေရိကန်က အစိုးရ အထောက်အပံ့ခံ သတင်းဌာနတခုဖြစ်တဲ့ RFA ကိုယ်တိုင်က ဘယ်လောက်ထိ အာရုံစိုက် အရေးတကြီးထားပြီး ဆောင်ရွက်နေတယ်၊ ပြင်ဆင်နေတယ်ဆိုတဲ့အကြောင်းကို သူတို့ရဲ့ BBGဆိုတဲ့ ပြန်ကြားရေးဘုတ်အဖွဲ့ကြီးရဲ့ အစည်းအဝေးမှာ အကျယ်တ၀င့် ရှင်းလင်းတင်ပြခဲ့တာကို သင်တို့ နားထောင်ကြည့်စေလိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၁ ရက်နေ့ ပြုလုပ်ခဲ့တဲ့ BBG ခေါ် Broadcasting Board of Governors (အမေရိကန်အစိုးရအသံလွှင့်နဲ့ ပြန်ကြားရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့) အစည်းအဝေးမှာRFA ဒုတိယအကြီးအကဲ Dan Southerland ဒန်ဆောက်သားလန်က တင်ပြပြောဆို ခဲ့တာဖြစ်ပါတယ်။

သူပြောတာတွေထဲက မှတ်သားဖွယ်အချို့ကို ကောက်နုတ်ပြရမယ် ဆိုရင်တော့ …

RFA မြန်မာဌာနအနေနဲ့ ရိုဟင်ဂျာတွေတွေအတွက် အထူးအလေးပေးဆောင်ရွက်နေသလို ဆက်လက်၍လဲ လုပ်ဆောင်ပေးသွားဦးမှာဖြစ်ကြောင်း

RFA ဟာ voice for voiceless ပြောရေးဆိုခွင့် မရှိသူတွေအတွက် ကိုယ်စားပြု အသံလွင့်ဌာနလို့ဆိုထားတဲ့အတိုင်း ရိုဟင်ဂျာတွေလို ပြောရေးဆိုခွင့်မဲ့နေသူတွေအတွက် ဆက်လက် ရပ်တည် လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း

ကမ္ဘာပေါ်မှာလူသိနည်းလှတဲ့ ရိုဟင်ဂျာတွေအကြောင်းကို RFA အနေနဲ့ အထူး အလေးထား လုပ်ဆောင်ပေးခဲ့ကြောင်း

 ပြီးခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတွေမှာလည်း RFA အနေနဲ့ အထူးအလေးထား လုပ်ဆောင်ပေးခဲ့တဲ့အကြောင်း အထက်လူကြီးတွေကို ပြောဆိုခဲ့ပါတယ်။

ဒါတင်မကသေးပါဘူး။ RFA အနေနဲ့ ရိုဟင်ဂျာတွေ အဖိနှိပ်ခံနေရတာကို ကမ္ဘာကသိအောင် သီးသန့်ဝက်ဆိုဒ် တစ်ခု ဖွင့်လှစ်ပြီး အင်္ဂလိပ်လိုပါ ဖြ့န်ချိပေးနေတာကိုလည်း အထူးတလည် အစည်းအဝေးမှာ တင်ပြသွားခဲ့ ပါတယ်။

http://www.rfa.org/english/news/special/rohingyas/home.html

နောက်ထပ်သိရတာက မြန်မာပြည်သူတွေနဲ့ ရဟန်းသံဃာတွေကသာ ခွင့်ပြုမယ်ဆိုရင် RFAက ရိုဟင်ဂျာ ဘာသာစကားနဲ့ ရေဒီယို ရုပ်သံအစီအစဉ်တွေ ထုတ်လွှင့်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

ဒီစာကို ဖတ်ပြီးတော့ သင်တို့နဲ့ သင်တို့စာဖတ်သူတွေက ထုံးစံအတိုင်း ဝေဖန်ပြစ်တင်တာတွေ၊ ကန့်ကွက် ရှုတ်ချတာတွေ၊ ချီးမွမ်းထောက်ခံတာတွေ အမျိုးမျိုး ပြန်လည် တုံ့ပြန်ကြမယ်ဆိုတာ တွေးမိလို့ရပါတယ်။ အမျိုးမျိုးအဖုံဖုံ ထင်မြင်ချက်၊ စွပ်စွဲချက်တွေ ထုတ်ကြ၊ ပြောကြမယ်ဆိုတာလည်း မှန်းကြည့်လို့ရပါတယ်။

အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ၊ လူတွေက အခုလို ဘင်္ဂါလီလူမျိုးစုတွေရဲ့ အရေးအခင်းကို တင်ပြဆွေးနွေးလာကြရင် နောက်ကွယ်ကကြိုးကိုင်သူတွေ၊ ငွေကြေးထောက်ပံ့သူတွေ ရှိလို့ပေါ့လို့ တွေးထင်နိုင်သော်လည်း၊ အစိုးရနဲ့ ပြည်သူ့အခွန်တွေနဲ့ လည်ပတ်နေတဲ့ အစိုးရအထောက်အပံ့ခံ RFA မြန်မာပိုင်းက ဘင်္ဂလီအရေးကို အလေးပေးလာတာဟာ ငွေကြေးနဲ့တော့ မသက်ဆိုင်ဘူးလို့တော့ မှတ်ချက်ပြုနိုင်ပါတယ်နော်။ ဒါကတော့ အမေရိကန်အစိုးရနဲ့ လွှတ်တော်တို့ရဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အကယ်၍များ မြန်မာပြည်က အခြားအရေးတွေထက် ရိုဟင်ဂျာဆိုသူတွေအရေးသာ ရှေ့တန်းရောက်လာမယ်ဆိုရင် သူတို့သတင်းလုပ်ငန်းဟာ အစိုးရအထောက်အပံ့ခံတွေထဲမှာ ရှေ့ပြေးတဲ့ဌာနပဲဆိုပြီး မျက်နှာလုပ်နေတယ်လို့ပဲ အကြမ်းအားဖြင့် ပြောချင်ပါတယ်။

အချို့သောစာဖတ်သူတွေက အထူးသဖြင့် ပုတ်ခတ်ပြောဆိုလေ့ရှိတဲ့စကား ရှိတယ်မဟုတ်လား။ ပြည်ပမှာ grant တွေ proposal တွေနဲ့ လုပ်စားဖို့ ခက်လာပြီ၊ ပြည်တွင်းထဲ ၀င်မှပဲ ဖြစ်တော့မယ် ဆိုပြီးတော့ ဖေ့စ်ဘွတ်တွေမှာ ပြောကြ လက်ညိုးထိုးကြလေ့ ရှိတယ် မဟုတ်လား။ သည်လိုပါပဲ သူများဆီက အထောက်အပံ့နဲ့ လည်ပတ်ရတဲ့ လုပ်ငန်းတွေဆိုတာ အလှူရှင်တွေ မျက်စိကျတဲ့၊ မျက်မှောက်အရေးနဲ့လိုက်ပြီး ပေါ်တဲ့ အရေးအခင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး သူတို့အကြိုက် ကြိုတင်ပြင်ဆင် လုပ်ကိုင်နိုင်မှ စားသာမယ် မဟုတ်လား။

ဒါက အသက်မွေးဝမ်းကြောင်းအတွက် အလုအယက် ရှာဖွေစားသောက်နေကြရတဲ့ အမဲလိုက်ခေတ်ကြီးထဲက အခန်းတခုပါပဲဗျာ။

            မူရင်း တင်ဆက်ထားတဲ့ ဗီဒီယိုမှတ်တမ်းကို သည်နေရာမှာ ကြည့်နိုင်တယ်။ တိုတိုနဲ့ အဲသည်အခန်းကိုပဲ ကြည့်ချင်ရင်တော့ ယူကျုမှာ ဖြတ်ထားပြီးသား ၁၀ မိနစ်စာခန့်ကို ကြည့်နိုင်ပါတယ်။

(http://www.bbg.gov/event/bbg-board-meeting-october-11-12-2012/ထဲမှာ The video of the meeting can now be viewed at:Windows Media Broadband On Demand Link ဆိုတာကို သွားနှိပ်လိုက်ရင် ၁း၂၀ နာရီ လောက်မှာ Dan Southerland ကရှင်းပြနေတာ တွေ့နိုင်ပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

8 thoughts on “RFA နဲ့ မြန်မာပိုင်းအစီအစဉ်တို့၏ရိုဟင်ဂျာအရေး အလေးပေးမှုများ
  1. What the meaning of Rohinger language. Is it different from Bangali language.
    What means of Rohingar language. Is it different from Bangali language? If it is same not more Rohinger only Bangaladesh.

  2. အဓိက ကတော.RFA ကိုနားထောင်တာ သုတို.ရဲ.face bookစာမျက်နှာတွေကိုသွါးတာwebsiteတွေကိုသွါးတာတွေရပ်လိုက်ယင်။သူတို.လုပ်ရပ်တွေရပ်တန်.သွါးနိုင်တယ်။
    RFAဆိုတဲ.စာလုံးပေါ်လာယင်ကိုမကြည်.ပဲကျော်သွါးကြ။ဖတ်သူ နားထောင်သူလျှော.သွါးယင်။RFAကျဆုံးပြီ။ဖြစ်နိုင်သမျှRFA ကိုသပိတ်မှောက်ကြဖို.လိုတယ်လို.ကျနော်တော.ထင်တယ်။

  3. how is your , this is not a religion of myanmar very very stupid, take all them to your country we don’t need that problem in my country if you want to take care them.

  4. ယခင် စစ်အစိုးရက Myanmar ဆိုတဲ့စကားကို အာဏာနဲ့ အတင်းပြထန်းတယ်၊ ကျနော်တို့ က Burma ဆိုပြီးသုံးတယ်။ အဲဒီ့တော့ အပြည်ပြည်ဆိုင်ရာသတင်းဌာနတွေက Burma (Myanmar) or Myanmar (Burma) ဆိုပြီးသုံးတယ် အဲဒီ့လိုဘဲ – ရိုဟင်ဂျာ၊ ဘင်ဂါလီ – ၀ါ- ဘင်ဂါလီ၊ ရိုဟင်ဂျာ – ဆိုပြီးသုံးသုံးရင်ကော မဖြစ်နိုင်ဘူးလား ? ၊ အကြံပြုခြင်းသာ ဖြစ်ပါသည်၊ ဒီအတိုင်းသုံးရမယ်လို့ အာဏာ ကျနော့မှာမရှိပါ (ကျနော်ဦးနေ၀င်း ၀င်စားတာလည်း မဟုတ်ပါ)။ နောက်တစ်ခုမှာခြင်တာက၊ – အမေရိကန်ပြည်ရောက် မြန်မာသောတရှင်တဦး – ဆိုပြီးအထက်ပါ ဆောင်းပါး မှာရေးထားပါတယ်။ အဲဒီ့ဆောင်းပါးကို – သင်တို့ - ဆိုတဲ့စကားအသုံးအနှုံးကိုတွေ့ ရတဲ့အတွက်၊ စာဖတ်သူတွေထဲမှာ ရဟန်းသံဃာဘုန်းတော်ကြီးများ၊ မြန်မာစာတပ်ခရိယန် ဘုန်းတော်ကြီးများ စသည်ဖြင့်လေးစားအပ်သော လူကြီးများ ပါဝင်နေတာကြောင့် – သင်တို့ - ဆိုတဲ့အသုံးအနှုံးအစား၊ စာရှုသူများ၊ စာဖတ်သူများ လို့ သုံးရင်မကောင်းဘူးလား ? ။ နင်တို့ ၊ သင်တို့ ဆိုတဲ့ အသုံးအနှုံးဟာ ကျနော်တို့ လှည်းတန်းဈေး ညနေဘက်ရောက်လာရင် အရက်မူးပြီးပြန်လာတဲ့ ခေါ်တောကုလားတွေအများဆုံးပြောတဲ့ အသုံးအနှုံးကြားနေရတာကြောင့်ပါ ခင်ဗျာ – – – အရိုင်းစပယ် – ရာလေး မောင်ပျာလောင် ရယ်ပါ – – –

  5. ဘက်လိုက်တဲ့သတင်းဌါနဟူသမျှကျဆုံးပါစေ။ကမ္ဘာပေါ်တွင် အမှန်တရားထွန်းကားပါစေ။မိမိ စားဝတ်နေရေးအတွက်
    အမျိုးဘာသာ သာသနာကို ဖျက်စီးပြီး မတရားဘက်က ရပ်တည်တာ နိင်ငံနင့်ပြည်သူ အပေါ်သစ္စာဖောက်မူကြီးပါ။
    တစ်နေ့ လောကကြီးက ထိုသူတွေကို ဒဏ်ခတ်ပါလိမ်မေဆိုတာ လုံးဝယုံကြည်ပါတယ်။

  6. RFA is not a center for ‘Voice for voiceless’ but a center for ‘Main financial supporter or Godfather for them’ everybody knows’ Right????

  7. RFAဆိုတာနဲ့crossလုပ်ပြီးသားဘဲ။အမျိုးပျက်တဲ့ကောင်တွေ။အသားထဲကလောက်ထွက်တဲ့ကောင်တွေ။USAမှာနေတဲ့
    မြန်မာနိုင်ငံသားတွေအဲဒီ rfa ဝိုင်းထဲပါတဲ့လူနေထိုင်ရာနေရာကအစကိုယ်ရေးကိုယ်တာကိစ္စအဆုံးအတတ်နိုင်ဆုံးလိုက်
    ရှာထားကြပါ။အွန်နဲ့လုပ်စားတဲ့လူကိုအွန်နဲ့မောင်းထုတ်တာဘဲကောင်းပါတယ်။သူတို့ကိုယ်ရေးကိုယ်တာနော်။ရှာသာရှာ
    ထားကြစမ်းပါ။အိမ်ဖြူတော်ထဲမှာပါမျက်နှာပွင့်သွားအောင်vote ပေးလိုက်ရအောင်။ခွေးမသားတွေ။

Comments are closed.