သတင်းပဒေသာ

တိပိဋကကျောင်းရဲ့ (၆) ကြိမ်မြောက် ကထိန်အလှူမင်္ဂလာ

ကျော်ဟုန်း
နိုဝင်ဘာ ၁၉၊ ၂၀၁၂

 ဆရာတော်(၉)ပါးကို သင်္ကန်းဒွိစုံ (၇၀)၊သီးခြားတဦးခြင်းလှူသည့် နဝကမ္မငွေအလှူများအပြင် ငွေပဒေသာပင်ကြီး (၃)ခိုင်၊ တိပိဋကကျောင်း အလှူဖြတ်ပိုင်းဖြင့် ငွေ(၃၀၀)ဒေါ်လာတို့  လှူဒါန်းနိုင်ခဲ့ကြောင်းသိရပါတယ်။ သံဃာတော်များကို ဆွမ်း၊ ချိုချဉ်ခဲဖွယ်များကို စုပေါင်းကပ်လှူခဲ့ပြီး ဓမ္မမိတ်ဆွေများအတွက် မုံ့ ဟင်းခါးကို မဆင့်၊ မစန်းစန်းဦးတို့ ကလှူဒါန်းပါတယ်။

လက်ဖက်ရည်ချိုနဲ့ ပူတင်းကို  ကိုမွန်း၊ မအန်းတို့ က လှူဒါန်းခဲ့ကြောင်းသိရပါတယ်။

တိပိဋကကျောင်းရဲ့ (၆)ကြိမ်မြောက် ကထိန်သင်္ကန်းကပ်လှူပွဲမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြတဲ့ ဗမာ၊ကရင်၊ ကယား၊ ချင်း၊ရှမ်းတိုင်းရင်း သားများနဲ့  ပြည်ပရောက်မြန်မာပြည်သားများ စုံစုံလင်လင် တက်ညီလက်ညီ ပါဝင်ဆင်နွဲ ကုသိုလ်ယူခဲ့ကြ၊ရိုးရာဓလေ့ထိန်းသိမ်းကြတဲ့မြင်ကွင်းကို ကြည်နူးဖွယ်တွေ့ မြင်ခဲ့ရပါတယ်။       ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “တိပိဋကကျောင်းရဲ့ (၆) ကြိမ်မြောက် ကထိန်အလှူမင်္ဂလာ
  1. အားလုံးအတွက်ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။ ကြည်နူးစရာကောင်းလှပါတယ်။ အားကျစရာကောင်းလှပါတယ်။

Comments are closed.