ရေခြားမြေခြား မြန်မာများ

သောင်းရင်းမြစ်မှ ကြိုဆိုပါ၏

ခင်မောင်ထွေး (မဟာချိုင်း)
နိုဝင်ဘာ ၁၈၊ ၂၀၁၂
မြန်မာနိုင်ငံဟာ ပြည်သူကတင်မြှောက်သော လွတ်တော် အရပ်ရပ်တို့နှင့်အတူ ပြည်သူကတင်သော နိုင်ငံတော်အုပ်ချုပ်ရေး အဖွဲ့ များဖြင့် ဒီမိုကရေစီ လမ်းကြောင်းကို သွားနေပါတယ် ဆိုတဲ့ အချက်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို အလျှင်အမြန်အကောင်အထည်ဖော်ဆောင် ရွက်နေ သည်ဆိုသည့်အချက်မှာ မျက်မြင်များဖြစ်သဖြင့် အထူးပြောရန်လိုမည် မထင်ပါ။နိုင်ငံအတွင်း ကုန်စည် ပစ္စည်းများနှင့်ပါတ်သက်သော ကိစ္စရပ်အ၀၀ကို ဆောင်ရွက်ရာတွင်လည်း နိုင်ငံခြားမှ တင်သွင်းသည့်ကုန်ပစ္စည်း များကိစ္စ ပွင့်လင်းလာသည်ကိုလည်းကြိုဆိုပါတယ်။ယခင်က အလွန်ဈေးကြီးခဲ့သော မော်တော်ယဉ်ကဲ့သို့ ပစ္စည်းများလည်း ယခုအခါတွင်ဈေးများကျဆင်းစေပြီးလူလတ်တန်းစားများဝယ်ယူနိုင်အောင်ဆောင်ရွက်ပေးလာသည်ကိုလည်း သိကြားနေ ရပါ တယ်။ ဒီအတွက်လည်း ကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံတွင်းမှာ အမှန်တစ်ကယ်တော့ ချမ်းသာဆင်းရဲ ကွာဟလွန်းသည်ဖြစ်ရာ အလွန်ချမ်းသာသူများက ဒီမိုကရေစီရဲ့ အရင်းရှင်စနစ်တွင် ငွေပင်ငွေရင်းများဖြင့် ဆထက်တန်းပိုးချမ်းသာလာကြပြီး ခရိုနီများ ကအများစုဖြစ်ပါတယ်။နိုင်ငံလူဦးရေရဲ့ ၈၅% ကတော့ အလွန်ဆင်းရဲတဲ့သူတွေပါ ။၁၀ % ကတော့ အတော်အ သင့်ချမ်း သာကြပြီး အဆင့်မြင့် အရာထမ်းအငြိမ်းစားများက အများစုဖြစ်ပါတယ်။ ကျန်တဲ့ ၅% ထဲက တော့ လက်ဟောင်း၊လက်သစ် ခရိုနီတွေဖြစ်ကြပြီး နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအားလုံးရဲ့ ၄၅% လောက်ကို လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားကြတဲ့သူတွေပါ။ကျန် ၅၅% ဆိုတာကလည်း အစိုးရကလုပ်ကိုင်းနေတဲ့ လုပ်ငန်းနဲ့ နိုင်ငံခြားသားများ လာရောက်လုပ်ကိုင်နေတာတွေကများပြီး ရိုးသားတဲ့နိုင်ငံသားများအနေနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ထုတ်ကုန်လုပ်ငန်းများကတော့ စစ်တမ်းအမှန်ကောက်စစ်လိုက်ရင် ၅% ပြည့်ဖို့ခက်ခဲပါတယ်။ဒါကြောင့် မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု့တွေနဲ့ စီးပွားရေးဖြစ်တည် တိုးတက်ချမ်းသာရေးမှာ အစိုးရနဲ့ပါတ်သက်သူများ၊ ခရိုနီများကသာလျှင် လက်ဝါးကြီးအုပ်နေကြတာဖြစ်ပြီး ဒီမိုကရေစီစနစ်ရဲ့ အရင်ရှင်စီးပွားရေးစနစ်ပီပြင်လာလေလေ နိုင်ငံက ဆင်းရဲ့သားများအတွက် ပိုပြီး အခက်အခဲတွေ ကြုံရလေလေ ဖြစ်နိုင်တယ်လို့ စီးပွားရေး/နိုင်ငံရေးကိုလေ့လာနေတဲ့ ပညာရှင်တစ်ယောက်က မှတ်ချက်ပေးဖူးတာကို ဖတ်ရဖူးပါတယ်။

ကျွန်တော်တင်ပြလိုတာကတော့ ဒီလိုအရင်းရှင်စီးပွားရေးစနစ်ပီပြင်လာပြီး လက်ဝါးကြီးအုပ်ချယ်လည်လာကြတဲ့အခါ ဆင်းရဲသား အလုပ်သမားလူတန်စားအတွက် အလွန်ကိုဘဲ ခက်ခဲလာစေတာပါ အခု ကျွန်တော်သိရသလောတော့ ထိုင်နိုင်ငံကို အလုပ် လုပ်ဖို့ဆိုတဲ့ ရည်ရွက်ချက်နဲ့ မြန်မာနိုင်ငံကနေ လာကြတဲ့ လူဦးရေဟာ တစ်ရက်တစ်ရက် မနဲပါဘူး နယ်စပ်ဖြစ်တဲ့ တာချီလိပ်၊မြ၀တီ၊ကောသောင်း စတဲ့ မြို့တွေကနေ နေစဉ် တရားဝင် ၀င်ရောက်နေကြတာပါ။တရားမ၀င် ၀င်ရောက်ကြတဲ့ သူတွေလည်း မနဲပါဘူး။မြ၀တီမြို့ကနေ အလုပ်သမားပါတ်စပို့နဲ့ ထိုင်းနိုင်ငံကို သွားကြတဲ့ အလုပ်သမားဦးရေဟာ ပျမ်းမျှ တစ်ရက် လူ ၂၅၀ လောက်ရှိတယ် လို့ သိရပါတယ်။ကျား-မ အစုံဖြစ်ပြီး အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အရွယ်ကောင်းတွေပါ။သူတို့ထိုင်းကိုရောက်ရင် တစ်ရက် ဘတ် ၃၀၀ (၈၀၀၀ကျပ်) ရကြမယ် လို့ အကြမ်းသိရပါတယ် ။ဒါပေမယ့် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး ထိုင်းနိုင်ငံ မဟာချိုင် လို့ခေါ်တဲ့ဒေသမှာ မြန်မာလူမျိုးတွေ သိန်းနဲချီပြီး အလုပ် လုပ်ကြပါတယ် ဒီဒေသရဲ့ အကြောင်းနဲ့ မြန်မာလူမျိုးတွေ ဘယ်လိုနေထိုင်စားသောက်ရတယ်၊ဘယ်လိုအလုပ် လုပ်ကြရပြီး ဘယ်လို လူ့အခွင့်အရေးတွေ ဆုံးရှူံးနေကြတယ် ၊ဒီလိုဖြစ်နေတာတွေကို ဘယ်သူတွေကမှ မသိကြဘဲ ပျောက်ကွယ်ခဲ့ရတဲ့ ဘ၀ခါးခါးတွေကိုလည်း ကျွန်တော်အလင်းသင့်လို့ တင်ပြလိုပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေတဲ့ ထိုင်နိုင်ငံကို ရောက်လာတဲ့ မြန်မာပြည်သားက (၄) သန်းလောက်ရှိတယ်လို့ ထိုင်းအစိုးရက ပြောနေတာပါ ဒီတော့ မြန်မာနိုင်ငံလူဦးရေ သန်း (၆၀) နဲ့ဆိုရင် နိုင်ငံလူဦးရေရဲ့၆.၆% လောက်ဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတယ်လို့ ကျွန်တော်တို့ယူဆရတာပါ။ဒီလိုအလုပ် လုပ်နေရတယ်ဆိုတာက သူများနိုင်ငံဖြစ်တဲ့ အတွက် လွယ်လွယ်နေ စားလို့ရတာတော့ မဟုတ်ပါဘူး ။ဖိနိပ်ထားတဲ့ သူတို့ရဲ့ နိုင်ငံခြား အလုပ်သမား ဥပဒေတွေက အလုပ်သမားတွေကို လုပ်ခနဲနဲပေးပြီး များများခိုင်းလို့ရအောင် ပြီးတော့ ရလာတဲ့ လုပ်ခကို အခွန်တွေ နေထိုင်အလုပ် လုပ်ခွင့်ဆိုတာတွေနဲ့ သူတို့လုပ်ခတွေ အကုန်နီးနီး ပြန်ရအောင် ပြဌာန်ထားတာမို့ အလုပ်သမားတစ်ယောက်အတွက် တစ်နှစ်တာ အလုပ်ကို ပင်ပန်းကြမ်းထမ်းစွာ လုပ်ကိုင်ပြီးတော့ ဘာမှ လက်ထဲမကျန်တဲ့ အခြေအနေဖြစ်အောင်ဖန်တီးနေတာပါ။ဒါပေမယ့် ထမင်းနှပ်မှန်လို့ ဒီဒုက္ခကိုခံပြီးလာလုပ်တယ် ဆိုတော့ တိုးတက်တယ်လို့ ပြောနေတဲ့ ကိုယ်နိုင်ငံမှာ ထမင်းနှပ်မမှန်လို့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။

မြန်မာနိုင်ငံသားတွေကို ထိုင်းအလုပ်ရှင်တွေက ဘယ်လိုပုံစံနဲ့ ဆက်ဆံတယ် ဆိုတာ တစ်ချို့သော အလုပ်သမား များက မိမိတို့အရှက်တရားကြောင့် ပြန်မပြောကြသည်များရှိသော်လည်း သေသေချာချာမေးစမ်းကြည်ပါက သိနိုင်ပါတယ်။ထိုင်းအလုပ်ရှင်များအနေနှင့် အလုပ်သမားများကို ထောင်သားတွေ ရာဇ၀တ်သားတွေကို ဆက်ဆံသလို ဆက်ဆံတာပါ ဒီနေရာမှာ အခြေအနေဆိုးတာက ကိုလူမျိုးကိုပြန်ပြီး အနိုင်ကျင့်နေကြတဲ့ ထိုင်အလုပ်ရှင်ရဲ့ လက်ပါးစေ မြန်မာတွေလည်း ပါတယ်လို့ ပြောကြပါတယ်။မဟာချိုင်းဒေသကို လေ့လာကြည့်လိုက်ရင် အရောင်းစားခံရလို့ ပင်လယ်ပြင်ကို ငါးဖမ်းထွက်နေရတဲ့ လူငယ်အများစုရဲ့ဘ၀ကနေ စပြောရမှာပါ ကိုယ်နိုင်ငံအတွက် အရွယ်ကောင်း အာမာန်းတွေရှိနေတဲ့ ဒီလူငယ်တွေဟာ သူများနိုင်ငံမှာ ရောင်းစားခံရပြီး ခွေးတစ်ကောင်လောက်တန်ဖို့မရှိဘဲ ပင်လယ်ကြမ်းထဲမှာ ငါးဖမ်းစက်လှေ လိုက်နေရတာပါ မကြေနပ်ရင်တော့ လှေပေါ်ကနေ ကန်ချလို့ ပင်လယ်ပြင်မှာ အသက်ပျောက်ရမှာပါ။လခဆိုတာ မရှိဘူး ထမင်းဆိုတာ မသေရုံတော့ စားရမယ့်ဘ၀တွေပေါ့။ဒီလိုနဲ့ ကမ်းပေါ်ကို တက်လိုက်ရရင်ဘဲ ငါး၊ပုဇွန် စက်ရုံတွေဆိုတာ လည်း ထောင်တွေလိုပါဘဲ ၂၄ နာရီ တံခါတွေပိတ်ထားပြီး ထောင်ချထားသလို့ ခိုင်တာလုပ်နေရတဲ့ ဘ၀တွေပါ။ ဒီမှာလုပ်နေရတဲ့ အရွယ်ကောင်းမြန်မာအမျိုးသမီးကောင်းတွေရဲ့ ဘ၀တွေလည်း နာရီနဲအမျှ အချိန်တိုင်း ထိုင်နိုင်ငံသားတွေနဲ့ အလုပ်သမားခေါင်းတွေရဲ့ လက်ထဲမှာ ဆုံးရှုံးနေရတယ် ဆိုတာ ဒီဒေသကို ရောက်ဖူးကြုံဖူးသူတိုင်း မငြင်းနိုင်ပါဘူး။စက်ရုံတွေဟာ ထောင်တွေလိုပါဘဲ အုပ်တံတိုင်းအမြင့်ကြီးတွေနဲ့ သံဆူးကြိုးတွေကာထားပါတယ် ၀င်ပေါက်ထွက်ပေါက်ကလည်း ဘူးဝလို့ တစ်ခုသာရှိကြပါတယ်  လုံခြုံရေးတွေ ထူထပ်စွာချထားတတ်ပြီး ထွက်ပြေးရင်တော့ သေနပ်နဲ့ပစ်တတ်ပါတယ် တစ်ကယ်လို့ သေရင်တော့ ပင်လယ်ထဲကို ပြစ်တာပါဘဲ ရဲဆိုတာ အမှူ့ဖြစ်တယ် ဆိုတာ ၁၀၀၀ ကြိမ်မှာ တစ်ကြိမ်ပါဘဲ။မြန်မာသံရုံးက သံအရာရှိတွေ လေအေးစက်ခန်းမှာ နေတဲ့အချိန်မှာ မြန်မာနိုင်ငံသားတစ်ယောက် ရေထဲမှာသေသွားတာ သူတို့ အလုပ်တော့ မဟုတ်ပါဘူး ၊သူလည်း မသိပါဘူး၊သူမိဘလည်းမသိသလို ဘယ်သူမှ မသိပါဘူး ၊ဒါပေမယ့် သူဘယ်တော့မှ ပြန်မလာတော့ပါဘူး။

မြန်မာနိုင်ငံလူကုန်တာဆီးရေးအဖွဲ့ကလည်း  ထိုင်းနိုင်ငံလူကုန်တားအဖွဲ့နဲ့ ချိတ်ဆက်ပြီး လုပ်ကိုင်နေပါတယ်၊ သတင်းစာနဲ့ ရုပ်မြင်သံကြားမှာမကြာ မကြာတွေရတတ်ပါတယ်။ဒီတော့ ဘယ်လောက်ဆောင်ရွက်နေလည်းဆိုတာကို သေသေချာချာလေ့လာကြည့်တော့ ထိုင်းလူကုန်တားအဖွဲ့က သူနိုင်ငံသားတွေဘက်ကရပ်တည်ပြီး ဖြေရှင်းပါတယ်၊ သူနိုင်ငံသား ပါလာပြီး အရေးယူရမယ့်ကိစ္စတွေဆိုရင် သူတို့ မသိချင်ရောင်ဆောင်ပါတယ် ။မြန်မာလူကုန်ကူးကိုကြည့်တော့ ရုံးမှာနေပြီး မြန်မာနိုင်ငံသားတွေကိုဘဲ အမှု့လုပ်ပါတယ် ၊အမှန်တစ်ကယ် တရာဝင် ထိုင်နိုင်ငံကို အလုပ်သမားပို့တဲ့ ကုမ္ပဏီများကိုဘဲ စစ်ဆေးပါတယ် ပြဿနာလုပ်ပါတယ် ၊အမှန်တစ်ကယ် လူမှောင်ခိုတဲ့ ထိုင်နိုင်သားတွေ ကို ဘယ်တော့မှ မဖမ်းမိ့ပါဘူး လုပ်လည်း မလုပ်နိုင်ပါဘူး ၊နှစ်နိုင်ငံ လူကုန်တားတွေ တစ်ကယ်အလုပ် လုပ်ရင် ထိုင်းက ငါးခိုးဖမ်းတဲ့ မှောင်ခိုစစ်လှေတွေမှာ မြန်မာတွေ ဘယ်ရှိမလည်း ၊ကျွန်တော်ဒီလိုဘဲ ကလေးတစ်ယောက်လို တွေးမိ့တယ်၊ လူကြီးတစ်ယောက်ကပြောဖူးတယ် “နဲနဲလုပ်ရင် ဖမ်းခံရတယ် များများ အချီကြီးလုပ်ရင် လွတ်တယ်တဲ့” တစ်ကယ်ဘဲ မှန်နေလားမသိတော့ပါဘူး။လူကုန်းတားတွေကလည်း ဒီလိုမျိုး ကိုယ်လူမျိုးများ ဒုက္ခရောက်နေတာ အမှန်တစ်ကယ်ဘဲ မသိတာလား မသိချင်ရောင်ဆောင်နေတာလားတော့ မသိပါဘူး။နယ်စပ်က လူကုန်တားများကတော့ MOU တွေ ထမင်းစားရ/မရ ငွေပေးငွေယူကိစ္စများ နဲ့ဘဲ လုံးခြာလည်နေကြတာပါဘဲ(ကုမ္ပဏီတွေဆီက ငွေရတာကို) ဒီအချိန်မှာ လူဘယ်နှယောက် ခိုးလမ်းကနေ ကယ်ရီကခေါ်ပြီး လှေမှာရောင်းစားနေတယ် ဆိုတာတော့ သူတို့အလုပ်မဟုတ်ပါဘူး။မေးကြည်ဖူးပါတယ် လာမတိုင်ဘူးလို့ ပြောပါတယ် ၊ ဖမ်းပြီး ရောင်းစားပါတယ်ဆိုနေမှာ ဘယ်သူက လာပြီးတိုင်ချက်ဖွင့် အစစ်ဆေးခံနေဖို့ အချိန်နဲ့ လွတ်လပ်ခွင့် ရနေတာမှာ မဟုတ်တာ။တစ်ရက်ကို တာချီလိပ်-မြ၀တီနဲ့ ကော့သောင်း -ဘုရားသုံးဆူ စသည်နယ်စပ်တွေကနေ တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး ၀င်ရောက်တဲ့သူထဲက လူကုန်ကူးခံရတဲ့သူပေါင်းဟာ ပျမ်းမျှ တစ်ရက် ၃၅ ယောက်ရှိတယ်လို့ ထိုင်အာဏာပိုင်နဲ့ နီစပ်တဲ့သူတွေရဲ့ စားရင်တွေကို ကိုးကားပြီး ပြောဆိုနေကြပါတယ်။ဒါကတော့ တိုင်ချက်မဖွင့်ရင် မလုပ်တတ်တဲ့ နယ်စပ်က လူကုန်တားဆီးရေးအဖွဲ့ရဲ့ စွမ်းဆောင်ချက်တွေထဲက ဂုဏ်ယူဖွယ်တစ်ခုပါ။

ကျွန်တော်တို့ နိုင်ငံက လူတွေဒီလောက်အများကြီး ထိုင်းလိုနိုင်ငံမှာ ဒီလိုအခက်အခဲပေါင်းများစွာနဲ့ လုပ်ကိုင်နေကြရတယ် ကိုယ်ရေ၊ကိုယ်မြေနဲ့ဝေးရာကို မိဘဆွေမျိုးသားချင်းတွေကို ခွဲခွါပြီး ထမင်းစားရလောက်တဲ့ အလုပ်ကို လာလုပ်ကြရတယ် ဆိုတော့ တိုင်ပြည်က အရမ်းကို ဆိုးနေလို့လား လို့ တွေးမိ့ပါတယ် အရင်ကတော့ စစ်အစိုးရလက်ထက်မို့လို့ ပြောပြီး နေရတာပေါ့ အခုတော့ ဒီမိုကရေစီခေတ်မှာလည်း တိုးတက်တယ်ဆိုပြီး ပြောပါတယ်။ ခေတ်ပြောင်းလာတယ်ပေါ့ဗျာ ဒါပေမယ့် ထိုင်းကို လူတွေကတော့ နေ့တိုင်းသွားနေတာဘဲ အခုခေတ်မှာ ပိုတောင်ဆိုးသေးတယ် တရားဝင် အလုပ်သမား ယာယီပါတ်စပို့နဲ့ သွားလုပ်ရတာ ဟိုကြတော့လည်း အတူတူပါဘဲ ။ဘယ်သူတွေအတွက် ခေတ်ကပြောင်းတာလည်း ဘယ်သူတွေလုပ်ငန်းတွေပိုရပြီး၊ပိုချမ်းသာနေလည်း ဘယ်သူတွေက ပိုပြီးဆင်းရဲလာသလည်း ဒုက္ခမျိုးစုံတဲ့ အိမ်နီးချင်းတိုင်ပြည်ကို ဘယ်လိုလူတန်းစားတွေသွားနေတာလည်း ၊ဘာလုပ်ဖို့လည်း  . .စသည့်မေးခွန်းပေါင်း များစွာ ကျွန်တော်ရင်မှာရှိပါတယ်။

တစ်ကယ်တော့ ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ပုံစနစ်များမှ လွဲနေတဲ့ အချက်လေး နဲနဲလောက်ရှိနေတယ်ထင် ပါတယ်။ပြောရတော့လည်း ဒီမိုကရေစီဆိုတဲ့ စနစ်မှာ အရင်းရှင်ဆိုတာရှိနေတာပါဘဲ ဒီတော့ ဆင်ရဲတဲ့သူအလွန်ကိုများတဲ့ ကျွန်တော်တို့နိုင်ငံအတွက် အလွန်ချမ်းသာတဲ့ ခရိုနီတွေရဲ့ လက်ထဲကိုထိုးအပ်လိုက်ရင်း နှောင်နှစ်ပေါင်းဘယ်လောက် ကြာအောင် သွားမလည်းဆိုတာပေါ့၊  ခုချိန်ကတော့ ဥကပေါက်တဲ့ ငှက်ငယ်လိုဘဲ ရှိတဲ့ ခရိုနီတွေက နောင်နှစ်ကြာလေလေ ပျံတတ်လေလေပါဘဲ ။အိန္ဒိယ နိုင်ငံမှာ ဆင်းရဲ့ချမ်းသာကွာဟချက် အလွန်ကြီးမားပါတယ် ။ဒီလိုဘဲ ကျွန်တော်တို့ မြန်မာနိုင်ငံလည်းဘဲ ကွာချားနေအုံးမှာလား ဆိုတာတွေးရင် ကျွန်တော်စိတ်တွေ လေထဲလွင့်နေရပါတယ်ဗျာ . . . .


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts