သတင်းပဒေသာ

ရွှေတွံတေးဆရာတော်နှင့် နီပွန်ဖောင်ဒေးရှင်းတွေ့ ဆုံဆွေးနွေး

မိုးမခအထောက်တော်
နိုဝင်ဘာ ၁၈၊ ၂၀၁၂
ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်း ဥက္ကဠနှင့်အဖွဲ့သည် ရွှေတွံတေးဆရာတော်နှင့် ရန်ကုန်မြို့တွင် စက်တင်ဘာလက တွေ့ ဆုံခဲ့ပြီး ယခု ထပ်မံဆွေးနွေးကြသည်။နီပွန်ဖောင်ဒေးရှင်းအဖွဲ့သည် သမ္မတအဖွဲ့ ဝန်ကြီးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်းတွေ့ဆုံခဲ့ကြသည်။ မြန်မာနိုင်ငံရေး ရာသီဥ တု – နိုင်ငံရေးချိန် – လူမှုထောက်ကူအဖွဲ့ များ – လူထုအခြေပြုအဖွဲ့ နှင့် နိုင်ငံအပြောင်အလဲကိစ္စများကို ဆရာတော်နှင့် ဆွေးနွေးကြသည်။

နယ်စပ်ဒေသနှင့် တိုင်ရင်းသားများအားထောက်ပံ့ရေးအတွက် ဒေါ်လာ ၁၀ သန်းကူညီဖို့ လျာထားချက်ရှိနေသည်။

ရွှေတွံတေးဆရာတော်က “နိုင်ငံပြောင်းလဲတယ်ဆိုတာ ခေါင်းချည်းပဲပြောင်းရင် အကျိုးသိပ်မဖြစ်ဘူး။ အမြီးချည်းပဲပြောင်ရင်လည်း အလ ကားပဲ။  တကိုယ်လုံး တခုလုံးပြောင်းမှဖြစ်တာ – သမ္မတကနေပြီး အောက်ခြေအထိ အကုန်ပြောင်းမှရမယ်။ လက်တွေ့မရသေးဘူး။ လူမှု ထောက်ကူအဖွဲ့ - လူထုအခြေပြုအဖွဲ့ တွေချည်း လှုပ်ရှားမှုသက်သက်မဟုတ်ပဲ အာဏာပိုင်အဖွဲ့တွေပါ တသားတည်းလုပ်မှရမယ်။ အစိုးရနဲ့ လူထုအဖွဲ့ အစည်း ပြန်လှန်ထိန်းညှိဖို့ဆိုတာက အစိုးရဟာ လူထုထဲက မွေးထုတ်ထားတာမျိုးမှ ဖြစ်နိုင်တယ်” စသဖြင့် ဆွေးနွေးခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts