ရသဆောင်းပါးစုံ ဖြစ်ရပ်များ၊ အမှတ်တရများ

ခင်မောင်တိုး … (Maung Yin Nga Tay)

ခင်မောင်တိုး …

မောင်ရင်ငတေ၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂

ဘယ်လိုပဲဖြစ်ဖြစ် … မောင်ရင်ငတေတို့ခေတ်ရဲ့ အကောင်းဆုံးနဲ့ နာမည်အကြီးခဲ့ဆုံး အဆိုတော်၊

မဇ္ဈိမလှိုင်းဆိုတာ သူနဲ့တွဲလျှက်ပါ၊ အခု နှစ်ထောင့်ဆယ်နှစ်ခု မဇ္ဈိမလှိုင်းအဖွဲ့ကိုပဲ မရည်ရွယ်ပါဘူး၊

ဟိုတုန်းက မဇ္စျိမလှိုင်း ကိုပါ၊ ရှေးသရောအခါကို ပြန်လှန်လိုတာမျိုး မဟုတ်ပါဘူး၊ ခင်ဝမ်း နာမည်ကြီးတယ်၊ ခိုင်ထူး နာမည်ကြီးတယ်၊ ခင်မောင်တိုး နာမည်ကြီးတာကိုတော့ ဘယ်သူမှမမှီဘူး၊

ခင်ဝမ်းကို မောင်ရင်ငတေ အကြိုက်ဆုံးပါ၊ ခင်မောင်တိုးသီချင်းတွေ ပေါက်ပြီးမှသာ ခင်ဝမ်းကို လူငယ်တွေ လက်ခံခဲ့တာပါ၊ မောင်ရင်ငတေရဲ့ ဒီအမြင်မှားရင်တောင်မှ ခင်မောင်တိုးကြိုက်သူများ လက်ခံ နိုင်မှာပါ၊

ကိုယ်ပိုင်သံစဉ် အဆိုတော်၊

ဒီဘက်ခေတ်ထိပါလာတဲ့ အဆိုတော်၊

သူ့ရဲ့သီချင်းခွေတွေ ကြိုးကြာသံတို့ မဟာဆန်သူတို့မကပါဘူး၊ ဝိုင်းရဲ့ဆည်းဆာတို့  ဂီတဉ္စလီတို့ အားလုံး … အားလုံးဟာ ဒီဘက်ခေတ်ထိ ပါလာတယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊

သူဆိုခဲ့တဲ့သီချင်းတွေကို ရေးသား သံစဉ် ဖြည့်ခဲ့သူတွေနဲ့ အတူတူပဲ သူဟာ မောင်ရင်ငတေတို့ ရွှေတိုင်းပြည်ကို ရွှေရောင်ခြယ်ခဲ့သူပါ၊

သူဆိုခဲ့တဲ့ သီချင်းတွေမှာ အကြိုက်ဆုံးလို့ ရွေးချယ်ဖို့တော့ လွယ်မယ်မထင်ပါဘူး၊

ဒီဘက်ခေတ်မှာ သူနဲ့အတူ လှုပ်ရှားခဲ့သူတွေ ရှင်သန်နေဆဲပါ၊ သူ့သမိုင်းဟာ ရှိခဲ့ပါတယ်၊ သူဆိုခဲ့တဲ့ သီချင်းသမိုင်း ရှိခဲ့ပါတယ်၊ ခုလည်းဘဲ ရှိနေဆဲပါ၊ နောင်လည်းရှိနေအုံးမှာပါ၊ နောက်နောင် နှစ်ပေါင်းများစွာ မှာလည်း ရှိနေအုံးမှာပါ၊

ကိုတိုးကြီးလို့ ခင်ဗျားကိုချစ်တဲ့သူတွေက ခေါ်ကြတဲ့ ခင်ဗျားနာမည်ဟာ အားလုံးသော သီချင်းချစ်သူတို့ရဲ့ နှလုံးသားထဲမှာ ထာဝရရှိနေမှာပါဗျာ၊ ခင်ဗျားကြိုက်တတ်တဲ့ မြေလတ်ဒေသ ပြည်မြို့ပတ်ဝန်းကျင်ဒေသက ထွက်ရှိတဲ့ တောလဖက်ခါးခါးရယ်၊ ၁၉၈၀ ကျော်နှစ်များဆီက ခင်ဗျားသီချင်းတွေ အထူးသဖြင့် မန္တလာသား ဘော်ဒါတယောက်က ကြိုက်နှစ်သက်စွာ အမြဲဆိုခဲ့တဲ့ …

“ခါးမှန်းသိရင် အစက မစားနဲ့ပေါ့ ……. ………..    ခေါင်းငြိမ့် ……… လျှာလွဲ ……. “

ဆိုတဲ့ သီချင်းနဲ့ ဖြတ်သန်းခဲ့ရတဲ့ မန္တလာညချမ်းတွေ ရယ်  ၊

ခင်ဗျားနဲ့ ဆုံတွေ့ဖူးခဲ့တဲ့ မန္တလေး အရှေ့ပြင်က ကက်ဆက်သံဆူညံညံ မကြားရတဲ့ အခုမရှိတော့ပြီဖြစ်တဲ့ ငြိမ်ဆိမ်တိတ်ဆိတ် လက်ဘက်ရည်ဆိုင် အိုအိုဟောင်းဟောင်းလေးကိုတော့ အမှတ်ရနေဆဲပါဗျာ၊

မောင်ရင်ငတေ (နိုဝင်ဘာ ၁၅၊ ၂၀၁၂)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ခင်မောင်တိုး … (Maung Yin Nga Tay)
  1. ခင်ဗျားကြိုက်တတ်တဲ့ မြေလတ်ဒေသ ပြည်မြို့ပတ်ဝန်းကျင်ဒေသက ထွက်ရှိတဲ့ တောလဖက်ခါးခါး၊
    တောလဖက်၊ တောလဖက်၊ မစားရတာကြာပေါ့ဗျာ။

Comments are closed.