“အရွယ်လွန်ရွေ့လျားသွားတဲ့ ကိုတိုးကြီး”
လင်းနွေးအိမ်၊ နိုဝင်ဘာ ၁၆၊ ၂၀၁၂
၂၀၁၂ ရဲ့ ဟေမန္တဆောင်းဦးပေါက်က
ဂီတသူရဲကောင်းတယောက်ကို
သူ့ချစ်တဲ့ပရိသတ်ရင်ခွင်ကနေ ဆွဲထုတ်သွားခဲ့ပြီ။
“ခေါင်းလောင်းထိုးသံ သဲ့သဲ့လေးကြားနေတယ်” ကိုတိုးကြီးရယ်။
သူ့သီချင်းတွေနဲ့ ထောင်နံရံတွေကြားမှာ
မိစ္ဆာတွေရဲ့ခြိမ်းခြောက်သံကို အံတုခဲ့ရသလို
လွတ်မြောက်ရေးတိုက်ပွဲတွေမှာလဲ
“အရှုံးမပေးနဲ့မိငယ်ရေ” လို့ အားဆေးသွင်းခဲ့ရဖူးတယ်။
ညီအကိုတွေ ကစဥ့်ကလျားဖြစ်နေချိန်မှာလဲ
“ညီစေမင်း” နဲ့ လက်တွေမြဲစေခဲ့ဖူးတယ်။
အို … တေးသံရှင်
အသင်သီဆိုသော တေးသံဆန်းသစ်မှုကို
အာရုံစွဲအောင်ပင် လိုက်ဆို ညည်းကြည့်နေစဉ်
သံယောင်လိုက်သံလို ကြားနေသော်လဲ
တပါးသူတို့မှာကား
မကြားကြလေကုန်
မြုံနေကြစဲ။ ။