ကဗျာ ကမာပုလဲ

ငလျင် …… ဂီတ

ကမာပုလဲ
နိုဝင်ဘာ ၁၂၊ ၂၀၁၂

အမေဟာ
သေခါနီးမှာ အသက်ကယ်ဆေး ထိုးပြီး ကျနော်ပြန်အလာကို စောင့်မျှော်နေမယ်လား …
အဖေ … အဲဒီဆေးဖိုးလေးတောင် တတ်နိုင်လိမ့်မယ် မထင်ပါဘူးလေ…။

နာဂစ်ဆိုတဲ့ မီးလျှံမုန်တိုင်း ကျနော့်ဇာတိကို ချေတော့
ကျနော့်ကို ချက်မြုပ်ခဲ့တဲ့ အိမ်ကလေး ပြားကျသွားခဲ့တယ် … တစစီ။

အီရန် ငလျင်တုန်းကလည်း
ကျနော်တို့ရဲ့ ခံစစ်ကုံးကလေးဟာ ရန်သူရဲ့ ယမ်းခိုးယမ်းငွေ့တွေ ဝေလို့ …။

ခုလည်း …
မသိချင်ယောင်ဆောင်နေတဲ့ မိုးကောင်းကင်ကိုမှ
ကျနော်တို့က ဝေဒနာကို တပြပြနဲ့
မျှော်ကိုး တွယ်တာ တမ်းတနေရဦးမှာလား …။

ရန်သူက ရန်သူမို့ ရှင်းတယ်
ဘ၀ကလည်း ဘ၀မို့ ရှင်းပါတယ် …
မရှင်းတာက ကျနော်တို့ရဲ့ အတိတ်က သံယောဇဉ်တွေ …။

မန္တလေးနဲ့ အနီးတ၀ိုက်မှာ ဒီနေ့လှုပ်ခဲ့တဲ့ ငလျင်ဟာ
ကျနော်တို့ဘ၀တွေရဲ့အပျက်အစီးအစုအပုံတွေကနေ စတင် ဗဟိုပြုခဲ့တာပါ …။

ကျနော်တို့ တယောထိုးနေကြမှာလား ….
နာကျည်းမှုတွေရဲ့ စန္ဒရားလက်သံတွေပေါ်မှာ
ကျနော်တို့ တဦးချင်းစီရဲ့ ဘ၀ခြေဖ၀ါးရာတွေ …
ဒဏ်ရာနဲ့ မှတ်ကျောက်တင်ဆဲ ဖြစ်တယ် …။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ငလျင် …… ဂီတ

Comments are closed.