မိုးမခကို ပေးတဲ့စာ

ဟင်္သာတက အဖြစ်အပျက်တွေ

(မိုးမခပေးစာ)
နိုဝင်ဘာ ၁၁၊ ၂၀၁၂

● ဟင်္သာတ ပဒေသာဈေးကိစ္စ (ပေးပို့သူ – ဟင်္သာတသား)
ဟင်္သာတမြို့၊ မန်းဘခိုင်းလမ်း ဥယျာဉ်မြောက်ရပ်ကွက်မှာရှိတဲ့ ပဒေသာဈေးကြီးမှ တချို့ဆိုင်တွေရဲ့ ပစ္စည်းပစ္စယတွေဟာ အတွင်းလမ်း ပါမက အပြင်လမ်းကျယ်တွေမှာ အများပြည်သူ သွားလာရခက်ခဲသည်အထိ ပိတ်ဆို့နေပါတယ်။ ဈေးကော်မီတီကို အသိပေးပြောကြားမှု ကြောင့် တချို့ဆိုင်တွေကို နောက်ဆုတ်ခိုင်းတာတွေ ဘာတွေ ပြုလုပ်ခိုင်းခဲ့ပါတယ်။ သို့သော်လည်း ၎င်းတို့နှင့် ဆွေးမျိုးမကင်းတော်စပ်သူတွေ ကြတော့ ဘာမှပြုလုပ်ခိုင်းခြင်းမရှိပဲ နဂိုအတိုင်းပဲ ဈေးခင်းကျင်းများရှိနေသဖြင့် မည်သူ့သို့ တိုင်ကြားရမည်မှန်း မသိပါ။

ယခုအခါ ဆောင်းရာသီအစဖြစ်သော်လည်း ပူပြင်းလှတဲ့အတွက် မီးဘေးအတွက်စိုးရိမ်နေကြရပါတယ်။ သင်ငူ၊ မွေ့ရာ၊ ပရဆေးများကို ဈေးအတွင်း ဖြစ်သလိုစုပုံထားပြီး ကော်မီသို့ တင်ပြပြောဆိုပြန်သော်လည်း ဆွေးမျိုးမကင်းတော်သူများဖြစ်နေသည့်အတွက် မည်သည့်အရေး ယူမှုမှ မရှိခဲ့ပါ။  ဆိုင်ပေါင်းများစွာရှိတဲ့ဈေးထဲမှာ ယခုလို လွယ်လင့်တကူထားရှိသည့် မီးလောင်လွယ်သည့် ပရဆေးနှင့် အခြားပစ္စည်းများ ကြောင့် ဈေးသူ ဈေးသားများမှာ စိုးရိမ်နေကြရပါတယ်။ သက်ဆိုင်ရာလူကြီးမင်းများအနေဖြင့်လည်း အဆိုပါကိစ္စများကို ဘက်မလိုက်ပဲ ထိရောက်စွာအရေးယူပေးပါရန် တင်ပြအပ်ပါသည်။

● စည်းကမ်းမရှိသည့်ကိစ္စတွေ (ပေးပို့သူ – မီးမီး)
ဟင်္သာတ  ရန်ကုန်ပြေးဆွဲနေတဲ့ ရွေဒိုးလေး၊ မိဘမေတ္တာ၊ ဝတလုံး၊ ရွှေကမ္ဘာ၊ ယုံသလင်း၊ ရှားခဲ၊ စိန်နိုင်ကျော် မှန်လုံကားများမှာ  ဟင်္သာတ  မြို့ဝင်ဂိတ်များဖြစ်သော ဗိုလ်မြတ်ထွန်းလမ်း နတ်မှော်လမ်း အင်္ဂပိုလမ်းတိုတွင် စည်းကမ်းမဲ့စွာမောင်းနှင်နေသည်မှာ မြို့နေလူအများ၏  အ သက်အန္တရာယ် စိုးရိမ်နေရပါတယ်။ ထို့အပြင် မြို့ပေါ်ရှိ လမ်းများဖြစ်သော တရုတ်ကျောင်းလမ်းရှိ အလက (၃) ကျောင်းဆင်း ကျောင်းတက် ချိန်များတွင် ကုန်ကားများ ရပ်ထားသည့်အတွက် လမ်းပိတ်ဆို့မှုများ မကြာခဏဖြစ်လျှက်ရှိပြီး ကလေးတွေရဲ့ မတော်တဆ ထိခိုက်မှုအခြေ အနေကို စိုးရိမ်ကြောင့်ကြနေကြရပြီး မီးရထားဘူတာလမ်း၊ တာလေးလမ်း ရွှေလရောင်ကုန်းပေါ်ရှိ စည်းမရှိသည့် ဈေးသည်များကြောင့် လည်း ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပေါ်နေရသည့်အတွက် သက်ဆိုင်ရာမှာ စနစ်တကျဖြစ်အောင် ဆောင်ရွက် အရေးယူပေးပါရန် တင်ပြအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

12 thoughts on “ဟင်္သာတက အဖြစ်အပျက်တွေ
  1. မှန်ပါတယ်ဗျာ ဈေးသည်တွေစည်းကမ်းမရှိရောင်းနေတာ
    ဈေးကော်မတီတင်မဟုတ်ပါဘူး စည်ပင်မှာအဓိကတာဝန်အရှိ
    ဆုံးပါ ပဒေသာဈေးတာကြီးပေါ်နဲ့လမ်းဘေးမှာရောင်းနေတဲ့ဈေး
    သည်တွေကိုဈေးကောက်အပြင်စည်ပင်က နေရာခ သန့်ရှင်းရေး
    ခဆိုပြီးစည်းကမ်းထိမ်းသိမ်းရေးနဲ့ဈေးခေါင်းတွေကတရားမဝင်ငွေ
    ကောက်ခံပြီးရောင်းချခွင့်ပြုထားတာပါ ပိုက်ဆံရနေတော့ဘာလုပ်လုပ်
    လှည့်မကြည့်တော့ပါဘူး မြို့တွင်းမှာရန်ကုန်မှန်လုံတွေစည်းကမ်းမဲ့
    ဒလကြမ်းမောင်းနေတာကိုလဲဘယ်ယာဉ်ထိမ်းမှကြီးကြပ်ခြင်းမရှိပါ
    ဘူး ဘာလို့လဲဆိုတော့ယာဉ်တိုက်မှုဖြစ်မှလဒ်စားရမှာလေ ဆိုင်ကယ်
    တွေကြတော့နေ့တိုင်းဖမ်းတယ် တစီး ၆၀၀၀ တိုးတိုးတိတ်တိတ်ညှိ
    လိုက်ရင် ၂၀၀၀လောက်နဲ့အဆင်ပြေ အဲဒီပိုက်ဆံကသူတို့အိတ်ထဲရောက်
    ဒါပါဘဲဗျာ အပေါ်ပော့က်းပေမယ့်ဟင်္သာတကတော့ဘယ်တော့မှမပြောင်း
    ဝန်ထမ်းတွေလုပ်စားမြဲလုပ်စားလျက်ပါဘဲ

  2. တိုင် မဲ့ တိုင်ပါ နံမည်တွေထည့် တိုင်ရှင့်  ကျွန်မသိသလောက်ပြောမယ် ဦးသန်းဝင်ကြိုးကြိမ်၊ ဒေါ်ဌေး ဖျာဆိုင်၊
    ဦးလှတင့် KKK ဗျာ၊ ကိုအောင်မြင့် စိုးပန်းကန်ဆိုင်၊ကိုကြည်စိုးကြိုးကြိမ်၊ ရွှေကံ့ကော်အထည်ဆိုင်၊ နယက ကြီး၏ကော်ခွက်ဆိုင်။တော်တော်များတယ် ဥက္ကဌ ၏ညီဆိုင်ကတော့  ဥက္ကဌ မပြောနဲ့  စည်ပင်ဗိုလ်ကြီး ကိုတောင်စောက်ဂရုမစိုက်ဘူးတဲ့ ရှင့်  သူဟာတွေဖယ်ရဲဖယ်ကြည့်  သူကပိုင်တယ်တဲ့ 

    1. ဂေါက်ကွင်းနဲ့အဲဒီမှာရှိတဲ့ ကေတီဗွီကလွဲရင်ဘယ်မှမရောက်ဖူး
      တဲ့စည်ပင်ဗိုလ်ကြီးခင်မောင်မြင့်ကတော့အေးဆေးဘဲဗျာ
      အေးဆေးဆိုတပည့်တွေကလဲရှာကြွေးနေတာကောင်းတယ်လေ
      ဈေးကြီးထဲမှာတပါတ်တခါကျူးကျော်ခွန်ပေးနေရတာစည်ပင်ရဲ့
      ဘယ်ငွေစာရင်းထဲကိုဝင်သလဲ ဈေးတာပေါ်ကခေါင်းရွက်ဗျတ်ထိုး
      တွေကို သန့်ရှင်းရေးခွန်ဆိုပြီးကောက်တာဂေါက်ကွင်းကေတီဗွီစရိတ်
      လား တမြို့လုံးကလမ်းဘေးဈေးသည်တွေလစဉ်ကြေးပေးနေရတာ
      ဘယ်သူ့အတွက်အတွက်လဲ ဟင်္သာတကတော့စုတ်ပြတ်သတ်နေတဲ့
      လမ်းတွေနဲ့မြို့ပျက်ကြီးဖြစ်နေပြီဗျို့ ရှိသမျှအခွန်(တရားဝင်ရောတရား
      မဝင်ရောသိမ်းကြုံးကောက်ခံပြီးတပည့်တွေနဲ့ဝေစားမျှစားလုပ် မြို့ဖွံ့ဖြိုး
      ဖို့တော့ဘာမှမလုပ်တဲ့စည်ပင်ဗိုလ်ကြီးခင်မောင်မြင့်အားအမြန်ဆုံးအရေး
      ယူပေးပါရန် တင်ပြချင်ပါတယ်

      1. ဟင်္သာတကိုရောက်တဲ့စည်ပင်အရာရှိမှန်သမျှအများဆုံး ၃နှစ်ဆို
        ပြောင်းရမြဲပါ အခုဗိုလ်ကြီး(ဘာအလုပ်မှမလုပ်တဲ့သူ)ကျမှ တပည့်တွေ
        ရှာကြွေးကောင်းလို့မရွှေတော့ဘူး ဈေးကြီးဝင်ထွက်စက်ဘီးဆိုင်ကယ်
        ကားဝင်ကြေးကောက်တဲ့ဒေါ်တင်မြဝင်းတာပေါ်ဈေးသန့်ရှင်းရေးခွန်
        ကောက်တဲ့ဈေးခေါင်းဦးမြင့်စိုးနဲ့ဦးမြင့်ဦးတမြို့လုံးကလမ်းဘေးဈေး
        သည်တွေကိုလစဉ်ကြေးကောက်တဲ့စည်းထိမ်းဦးတင်ဝင်းတို့ဟာသူ့ရဲ့
        လက်သပ်မွေးတပည့်တွေပါ မြို့ဖွံ့ဖြိုးဖို့အတွက်ဆိုရင်တော့မပြောပါဘူး
        အခုအဲဒီငွေတွေကတရားမဝင်ကောက်ခံပြီးဝိုင်းစားနေကြတာလေ

        1. မေ့သွားလို့ ဈေးကြီးထဲမှာတပါတ်တခါကောက်တဲ့ကျူးကျော်
          ခွန်လဲရှိသေးတယ်

  3. ပြောမနေကြပါနဲ့ဗျာ။အာညောင်း လေကုန်တာပဲ
    အဖတ်တင်ပါတယ်။ဘယ်သူမှအရေးယူတာ မဟုတ်ဖူး။
    သူ့လူနဲ့ သူဆိုတော့အချိန်တန်တော့လဲ တိုးတိုးတိတ်တိတ်
    ခွံ့လိုက်ရင်ပြီးသွားမှာပဲ။ဈေးကြီးနောက်တခါ မီးမလောင်ပါစေနဲ့
    လို့ပဲ ဆုတောင်းနေပါတယ်။သူတို့ကလောင်စေချင်နေလားမှ
    မသိတာ။ပထမတစ်ခါ မီးလောင်တော့ ပိုးစိုးပက်စက် ရထားတဲ့
    သူတွေ ရှိတယ်လေ။သတိထားနေကြပေါ့ဗျာ။

  4. ကျန်သေးတယ်နော် ဒါကစည်ပင်ဗိုလ်ကြီးရဲ့ ကလေး
    မုန့်ဖိုးလောက်ပဲရှိသေးတာ

  5. ဟင်္သာတမှာကတော့ စည်ပင်နဲ့ရဲနဲ့က အဆိုးဆုံးလိုဖြစ်နေတယ်ဗျာ မော်တော်ပီကယ်တွေကတော့ မနက်ဆိုဂွင်ရှာ နေ့လယ်ဘီယာ ညဆိုယမကာနဲ့ တော်တော်လေးကို ကောင်းစားနေကျတယ် မော်တော်ပီကယ်အောင်ခိုင်ဆိုတာကတော့ဆိုင်ကယ်တားပြီးရင် သော့အတင်းလုဖြုတ်တဲ့နေရာမှာ နံမည်ကြီး ဖြစ်နေတယ်၊ အကူအညီလိုချိန်ဆို ညီလေး အကိုကြီးနဲ့ဖြစ်နေပြီ ဆိုင်ကယ်ဖမ်းချိန်ဆို မသိချင်ယောင်ဆောင်ပြီး မျက်ခွက်ပြောင်ဖမ်းတဲ့ကောင်လို့ပဲဆိုရမလား ဖြစ်နေပါတယ်အရပ်ကတို့ရေ သမှီးလေးကောင်းစားရေးလို့ပဲ နားလည်ပေးရမလား မေးလိုက်ချင်ပါရဲ့နော်……………….

  6. ကျွနိတော်သည် ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုတစ်ခု၏ အုပ်ချုပ်ရေးမှူးဖြစ်ပါသည်။ ကျွန်တော်တို့အုပ်ချုပ်ရေးမှူးများသည် ယခုအချိန်အထိ ကိုယ့်ထမင်းကိုယ်စား၊ ကိုယ်စရိတ်ဖြင့်ကိုယ်သွား စေတနာ့ဝန်ထမ်းများဖြစ်ကြပါသည်။ အုပ်ချုပ်ရေးမှူးများထဲတွင် အကြောင်းမျိုးစုံဖန်တီးကာ ၀င်ငွေကောင်းကြသူများရှိသကဲ့သို့ ရိုးသားစွာဖြင့် မိမိရပ်ရွာအတွက် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်နေကြသူများလည်းရှိပါသည်။ လစဉ် မြို့နယ်အုပ်ချုပ်ရေးမှူးကခေါ်ယူသော အစည်းအဝေးသို့ မဖြစ်မနေတက်ရောက်ကြရသည့်အခါတိုင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးကြီး/စာရေးငယ်များက အကြောင်းမျိုးစုံပြကာ အလှူငွေကောက်ခံခြင်း၊ စာအုပ်စာတမ်းမျိုးစုံရောင်းချခြင်း၊ ပြက္ခဒိန်မျိုးစုံေ၇ာင်းချခြင်းတို့ကို ဓားပြတိုက်သည့်အလား အဓမ္မ ကောက်ခံရောင်းချကြပါသည်။ ၀င်ငွေကောင်းသော အုပ်ချုပ်ရေးမှူးများအတွက် မထောင်းတာ အခက်အခဲမရှိသော်လည်း ရိုးသားစွာ ဆောင်ရွက်ကြသော အုပ်ချုပ်ရေးမှူးများအတွက် လစဉ် အိတ်ထဲမှ သုံးထောင်မှ ငါးထောင်အထိ စိုက်ထုတ်ကုန်ကျရပါသည်။ ထိုအခါ ရိုးသားစွာတာဝန်ထမ်းဆောင်ခြင်းကပင် မှားနေသကဲ့သို့ ခံစားရပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် ထိုသို့ အတင်းအကြပ်ပြုလုပ်ရန် မသင့်တော်တော့ ဟုယူဆပါသည်။ ထို့ကြောင့် သက်ဆိုင်ရာလူကြီးမင်းများမှ ကျွန်တော်တို့ကဲ့သို့သော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ငဲ့ငြှာသနားပါရန် အသိပေးတင်ပြလိုက်ရပါသည်။
    သူရမျိုး ဟင်္သာတ

  7. ဟင်္သာတမြှို့ကတော့ပြောမကုန်နိုင်လောက်အောင် စံပြမြို့ဖြစ်နေတာတော့အမှန်ပဲ

    1. ကောင်းတဲ့ဘက်ကတော့မဟုတ်ဘူးဗျို့ ဝန်ထမ်းအားလုံး
      အကျင့်ပျက် ခြစားတဲ့ဘက်မှာစံပြဖြစ်နေတာ

  8. ပြီးခဲ့တလပိုင်းက တရားမ၀င်ခိုးကူးခွေတွေဖမ်းလို့ ဒေ၀ူးခုံးဆင်းကဆိုင်တွေ ငါးမျက်နှာ ဘုရားထဲက ဆိုင်တွေတော်တော်များများ အရေးယူခံခဲ့ ရပါသည် သို့သော်လဲ ဗဟိုဆေးဆိုင် ဦးကြည်ဝင်းမှ အမွေဖြတ်ခြင်းခံထားရသော သားကြီး ဒိုးဒိုး ဆိုသူမှာ ညစ်ညမ်းခွေများနှင့်တကွ အခြားတရားမ၀င်ခိုးကူးခွေများကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချလျှက်ရှိပါသည် ထိုပုဂ္ဂိုလ်ပြောသည်မှာ “ရဲကိုလိုင်းကြေးပေးပြီးသား ဂရုစိုက်စရာမလိုဘူး” ဟုပင်ပြောပါသဖြင့် လူအများကိုအရေးယူပြီး ထိုသူကို ဘာကြောင့်အရေးမယူသလဲဆိုတာ ………..??????????

Comments are closed.