နိုဝင်ဘာ ၁၁၊ ၂၀၁၂
အင်နာကာရင်နီနာ … သူမ
ပန်းအဖြစ် ပွင့်နေ …။
အချစ်လား … မာနလား
ပျက်စီးသွားတဲ့ ဣနြေ္ဒ …
သူမအလှဖြင့် … ပိပိယိယိ ဖုံးကွယ်ထားနိုင်ခဲ့
စိတ်အလိုကို ကိုယ်ပေါ် ပစ်တင်ခဲ့
ဘ၀နဲ့ ကျင့်ဝတ်တို့ဆီက မလာ
အဆိပ်အတောက်ကို ချိုအောင်သောက်ခဲ့တယ် …။
အဲဒီ … ခေတ်ပျက်ကြီးထဲ
ကမ္ဘာကြီးက ပဒေသရာဇ်တွေအတွက်သာ ကျယ်ဝန်းခဲ့
မီးကုန်ယမ်းကုန် … ရမ္မက်ပင်လယ်
သူမ … သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်တော့
လိပ်ပြာပျက်ခဲ့တယ် … ။
မစားသင့်တဲ့ သစ်သီး
မဖျက်ဆီးသင့်တဲ့ ကိုယ့်သိုက်မြုံကိုမှ …။
ဘူတာရုံကလေးမှာ အပြစ်ရှိတာလား
မောင်းဝင်လာတဲ့ ရထားမှာ အပြစ်ရှိလေသလား …
တဒင်္ဂလေး …
အင်နာကာရင်နီနာဆိုတဲ့ ပဒေသရာဇ် ပန်းပွင့်ကလေး …။
ခုခေတ်မှာ တိုက်ဆိုင်တာတွေက ခပ်များများ
နှမြောလွန်းလှလို့တော့ မဟုတ်ပါဘူး …
သြော် … အဲဒီပန်းပွင့်
ကိုယ့်ကိုယ်ကိုယ် အသေပွင့်ခဲ့တယ် …။ ။
* ဆရာကြီး ရွှေဥဒေါင်း ဘာသာပြန် ရုရှစာရေးဆရာကြီး လီယိုတော်လ်စတွိုင်းရဲ့ Anna Karenina ၀တ္ထုကို ခံစားရေးဖွဲ့ပါတယ်။
သရုပ်ဖော်ပုံ ဤနေရာမှ ရယူပါသည်။