သတင်းပဒေသာ

အဆိုတော်ခင်မောင်တိုး မကွယ်လွန်ပါ

အဆိုတော်ခင်မောင်တိုး မကွယ်လွန်ပါ

Eleven Media Group သတင်းကောက်နုတ်ချက်၊ နိုဝင်ဘာ ၉၊ ၂၀၁၂

စင်ကာပူနိုင်ငံ၌ ဆေးကုသမှု ခံယူနေသော အဆိုတော် ခင်မောင်တိုးသည် ယနေ့ ညနေပိုင်း အချိန်က သတိပြန်ရလာပြီး မိသားစုနှင့် စကားအနည်းငယ် ပြန်ပြောနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်ဟု အဆိုတော် ခင်မောင်တိုး၏ အနီးတွင် ရှိနေသော အဆိုတော် ဂျေမောင်မောင်က ရန်ကုန်မြို့ရှိ ဂီတအနုပညာရှင်များထံသို့ ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့ကြောင်း သိရပါသည်။

အဆိုတော် ခင်မောင်တိုးသည် ပြီးခဲ့သည့် ရက်များအတွင်းကပင် စင်ကာပူနိုင်ငံ သို့ ရောက်ရှိနေပြီး အသည်းကင်ဆာရောဂါ အတွက် ဆေးကုသမှု ခံယူနေခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဆေးကုသမှု ခံယူနေရင်း နိုဝင်ဘာလ ၈ ရက်နေ့က သတိလစ်မှု ဖြစ်ပေါ်ခဲ့ကာ ကွယ်လွန်သွားကြောင်း သတင်းများ Facebook ပေါ်တွင် ပျံ့နှံ့ခဲ့သော်လည်း ယင်းသတင်းများမှာ ကောလာဟလ များသာ ဖြစ်ပါသည်။

နိုဝင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အဆိုတော် ခင်မောင်တိုး၏ ကျန်းမာရေး အခြေအနေမှာ တိုးတက်မှု ရှိခဲ့ကာ ပြန်လည် သတိရချိန်တွင် မိသားစုဝင်များအား စကား တစ်ခွန်းစ၊ နှစ်ခွန်းစ ပြောနိုင်ခဲ့သည့် အပြင် သူ့အနားတွင် ရှိနေသော သူများ အားလုံးကိုလည်း မှတ်မိသည့် အခြေအနေ ရှိကြောင်း သိရှိရပါသည်။

(By Eleven Media Group)

(မိုးမခမှတ်ချက် – သူ့အကြောင်း အဆိုပါဂျာနယ်က ဖော်ပြခဲ့တဲ့ ဆောင်းပါးက အောက်ပါအတိုင်းဖြစ်ပါတယ်။ ဓာတ်ပုံက ကိုခင်မောင်တိုးနဲ့ ကိုနေ၀င်း ငယ်စဉ်က ပုံဖြစ်ပါတယ်)

http://www.news-eleven.com/index.php?option=com_content&view=article&id=6252:2010-12-09-06-35-23&catid=61:local&Itemid=133


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

5 thoughts on “အဆိုတော်ခင်မောင်တိုး မကွယ်လွန်ပါ
  1. စေတနာနဲ့ မှားမိတာကို ခွင့်လွှတ်သင့်ပါတယ်။ သတင်းမြန်စေခြင်လွန်းလို့  အစီအစဉ်မရှိဘဲ တင်မိတာကို ကျနော်ကတော့ မှားသွားလည်းခွင့်လွှတ်ပါတယ်၊ အစထဲက မှားမှန်းသိရဲ့သားနဲ့ တင်တယ်ဆိုရင်တော့ ခွင့်မလွှတ်နိုင်စရာဘဲ။ ဥပမာ အစထဲက ငါတို့ နိုင်မှဆက်လုပ်ပေးမယ်ဆိုပြီး လမ်းတစ်ချမ်းဘဲ ခင်းပေးထားတာမျိုးကိုတော့ ဘယ်လို လုပ်ပြီးခွင့်လွှတ်ကြမလည်း။ မိုးမခ ၀ိုင်းတော်သားများ စိတ်အနှောက်အရှက်မဖြစ်ပါနှင့်ခင်ဗျား၊ ကျနော်လို စပယ်ရာတောင်ထောက်ခံအားပေးနေတာ၊ သန်းချီနေတဲ့ မြန်မာစာတပ်လူထုကြီးက ကောင်းကြီးပေးနေမှာပါ – – –

  2. မှားကာမှ မှားရော သီတင်းဖြစ်ပြီးရော ပြီးမှပြန်ရှင်းမယ်
    ဆိုပြီးတင်တာတော့ ဘယ်ကောင်းမလဲ။သေချာပြီဆိုမှ
    တင်ကြပါဗျာ။နဂိုထဲကမှ ဒီဝက်ဘ်ဆိုက်ကို ဖွ တယ်လို့
    ထင်နေကြတာ ဒီလိုမှားသွားတော့ ပိုပြောစရာဖြစ်တော့
    တာပေါ့။စေတနာ နဲ့ ပြောတာပါဗျာ။

  3. ကြားသိရတဲ့သတင်းဟာသတင်းကောင်းကြောင့်ဦးခင်မောင်တိုးမိသားစုနှင့်ထပ်တူဝမ်းသာမိပါတယ်။

  4. မဟုတ်ဘူးဆိုတာဘဲဝမ်းသာပါတယ်ဗျာ

  5. အဆိုတော် ဦးခင်မောင်တိုး အား မသေစေချင်သေးပါ သူ့၏သီချင်းတွေ က ပရိတ်သတ်တွေရဲ့ နားထဲံမှာ နားဝင်ချိုတယ် သံစဉ်တွေက အရသာရှိတယ် ပီးတော့ သီချင်းတွေနဲ့ အသံတွေကလဲ လိုက်ဖက်တယ်လေ ဘာလို့လဲ ဆိုတော့ ကျွန်တော်က ဦးခင်မောင်တိုး သီချင်းတွေ အမြဲနားထောင်နေတဲ့ သူတစ်ယောက်ပါ
    အမြန်ဆုံး သက်သာပါစေ နေမြန်မြန်ကောင်းပါစေ ဗျာ……..ပြွန်တန်ဆာ မြို့မှ အောင်အောင် aungaung2.3.1986@gmail.com မှ လိုက်လှဲစွာ ဆုတောင်းပေးလိုက်ပါတယ်ဗျာ………..

Comments are closed.