မိုးမခကို ပေးတဲ့စာ

ရေးမြို့ပေါ်မှာ (မိုးမခပေးစာ)

ရေးမြို့သားတဦး
နိုဝင်ဘာ ၈၊ ၂၀၁၂

ကျနော်တို့ မွန်ပြည်နယ်၊ ရေးမြို့မှာ ပြည်သူ့ရဲတွေ အဂတိလိုက်စားနေတဲ့အကြောင်းလေး အသိပေးချင်ပါတယ်။ ရေးမြို့ပေါ်မှာ ခိုးမှု၊ လု ယက်မှု၊ ဆိုင်ကယ်ပျောက်ဆုံးမှုပေါင်း စသည်ဖြင့် (၁၀၀) ကျော်ခန့် လက်ရှိအချိန်မှာ ဖြစ်ပွားနေပါတယ်။ သို့သော်လည်း တစ်မှုမှ မပေါ်သေး ပါ။ အမှုသွားဖွင့်ပြန်ရင်လည်း ဖွင့်မပေးဘူးလို့ သိရပါတယ်။ အိပ်ထဲကောက်ထည့်ဖို့ဘဲ အလေးထားဆောင်ရွက်နေတာ တွေ့ရပါတယ်။

ပြည်ထဲရေးဝန်ကြီးမှ တရားမ၀င် ကား ဆိုင်ကယ် ဖမ်းဆီးရန် ညွှန်ကြားထားသော်လည်း ဖမ်းဆီးခြင်းမရှိပဲ မတော်တဆထိခိုက်မှုများဖြစ်သည့် အချိန်မှာသာ ငွေကြေးတစုံတရာတောင်းယူပြီး ခြောက်စားလှန့်စားလုပ်နေကြပါတယ်။ လက်ရှိအချိန် ရေးမြို့မှာ တရားမ၀င် ကားအစီးရေ (၈၀) ကျော်ရှိပြီး ပေါ်ပေါ်တင်တင် စီးနင်းနေကြကာ အာဏာပိုင်များအား တရားမ၀င်နည်းလမ်းများဖြင့် လက်သိပ်ထိုးဖြေရှင်းကာ မတော် တဆမှုများလည်း အလွန်များပြားလျှက်ရှိပါတယ်။ အဆိုပါအဖြစ်အပျက်များကြောင့် တခြားမြို့များမှ ဖြတ်သွားဖြတ်လာများ လာရောက်ကြသည့် ယာဉ်များအားလည်း တရားမ၀င်ယာဉ်များအထင်နှင့် အာဏာပိုင်တို့က လိုက်လံ ငွေတောင်းခံနေမှုကြောင့် စိတ်အနှောက်အ ယှက်ဖြစ်လျှက် ရှိနေကြရပါတယ်။

ယခုကဲ့သို့ စနစ်တခုဆီပြောင်းလဲနေသည့်ကာလမှာ အောက်ခြေအာဏာပိုင်တွေရဲ့ အကျင့်ပျက်ခြစားနေမှုများကို နိုင်ငံတော် သမတကြီးနှင့် တာဝန်ရှိသူများ သိရှိနိုင်စေရန် တင်ပြအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ရေးမြို့ပေါ်မှာ (မိုးမခပေးစာ)
  1. မြန်မာနိုင်ငံမှာရှိတဲ့ရဲနှင့်မော်တော်ပီကယ်လ်တွေကိုပြောင်းလဲပေးနိုင်တဲ့နည်းလမ်းကတော့၊ဥပဒေမဟုတ်ဘူးဗျ။ဘာသာတရားဘဲဖြစ်ပါတယ်။တကမ္ဘာလုးံကိုခြုံငုံလေ့လာကြည့်လိုက်ပါ။ညဏ်ရှိတဲ့သူတိုင်းနားလည်ပါတယ်။

Comments are closed.