ကဗျာ

ကြ ယ်ေ တွ စုံ တဲ့ ည

ဇော်ထက် (ပျဉ်းမနား)
နိုဝင်ဘာ ၈၊ ၂၀၁၂

လကွေးကွေး
ညအေးအေးမှာ
ဘ၀မနွေးတနွေး
တခဏအတွေးဝယ်
ကြယ်တွေကလည်းမစုံသေး …။

ငါ့အရေး
ငါ့အတွေး
ဘ၀အရေး
ဘ၀အတွေး
ဗမာ့အရေး
ကြွေကျကြတဲ့ကြယ်တွေလည်း ဝေးပေါ့။

ကြယ်တွေစုံတဲ့ည
ကြည့်လှချင်သေးပါ့
ဘ၀အေးဆေးမှာ
လကလေးကသာ
အလှသွေးကြွပါတဲ့
အဲဒီညကလေးမှာ
မင်းနဲ့ငါ
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ကာပေါ့ …။ ။

(ဒေါ်စုရဲ့  “ဒီစတား” ဆောင်းပါးကိုဖတ်ရတော ကြွေကျခဲ့ကြတဲ့ကြယ်များကို အောက်မေ့လျှက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts