နိုင်ငံတကာရေးရာ

အမေရိကန်ပြည်ရဲ့သမ္မတ အိုဘားမား နောက် ၄နှစ်သက်တမ်း ပြန်လည်အရွေးခံရပြီ

(Obama Wins !!!! )
အမေရိကန်ပြည်ရဲ့သမ္မတ အိုဘားမား နောက် ၄နှစ်သက်တမ်း ပြန်လည်အရွေးခံရပြီ
မိုးမခ၊ နိုဝင်ဘာ ၇၊ ၂၀၁၂
နိုဝင်ဘာ ၆၊ ၂၀၁၂ ပစိဖိတ်ကမ်းခြေ စံတော်ချိန် ည ၈ နာရီ စီဘီအက်စ် သတင်းဌာနရဲ့ အကဲဖြတ်ချက်အရ လက်ရှိသမ္မတကြီး အိုဘားမား သမ္မတအဖြစ် ပြန်လည်အရွေးခံလိုက်ရပြီ ဖြစ်တယ်လို့ ကြားသိရပါတယ်။

       စီအင်န်အင်န်က အိုဘားမားက ပြိုင်ဖက်ကို ၂၆၄ မဲ၊ ၁၉၁ မဲ နဲ့ အနိုင်ရနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လက်ကျန်ပြည်နယ် ၁၀ ခုကျော်ထဲက ဘယ်ပြည်နယ်ပဲ နိုင်နိုင် အိုဘားမားပဲ နိုင်မှာမို့ သတင်းဌာနတွေနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေက အိုဘားမားကို ကြိုတင်ပြီး အနိုင်မဲ ပေးလိုက်ပြီ ဖြစ်တယ်လို့ ယူဆရပါတယ်။

သူဘာလို့ နိုင်တာလဲ … အမျိုးသမီးတွေရဲ့ မဲ၊ မျိုးဆက်သစ်လူငယ်တွေရဲ့ မဲတွေနဲ့ ပြည်သူတွေကို စာနာတဲ့သူ မို့လို့ပါတဲ့။

CNN Projection 8PM on 6th Nov 2012


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts