သတင်းဆောင်းပါး

USက မြန်မာတွေ သမ္မတအတွက် မဲပေးပြီးပြီလား? (MoeMaKa)

USက မြန်မာတွေ သမ္မတအတွက် မဲပေးပြီးပြီလား?
မိုးမခ၊ နိုဝင်ဘာ ၆၊ ၂၀၁၂

ယနေ့ အမေရိကန်စံတော်ချိန် နံနက်ခင်းက စပြီးတော့ ၂၀၁၂ အမေရိကန်အထွေထွေ ရွေးကောက်ပွဲနဲ့ သမ္မတရွေးချယ်ပွဲ စတင်ပြီ ဖြစ်ပါတယ်။

လက်ရှိ ဆိုရှယ်မီဒီယာတွေအပါအ၀င် သတင်းမီဒီယာပေါင်းစုံကနေပြီးတော့ အမေရိကန်ပြည်သူ မဲဆန္ဒရှင်တွေရဲ့ မဲရလဒ်တွေကို အချိန်နဲ့ တပြေးညီ တင်ဆက်ပေးနေတာကို တွေ့ရပါတယ။်

ဖေ့စ်ဘွတ်ဆိုရှယ် မီဒီယာက http://www.facebookstories.com/vote အဲသည်လင့်ခ်မှာ အမေရိကန်တွေ ဘယ်နှယောက် မဲပေးပြီးပြီဆိုတာကို တင်ဆက်ပေးနေတာ တွေ့ရပါတယ်။ ဂူးဂဲကလည်း http://www.google.com/elections သည်နေရာကနေ သတင်းတွေ အချက်အလက်တွေ စုဆောင်းတင်ပေး နေတာကို တွေ့ရပါတယ်။

အမေရိကန်အရှေ့ဖက်ကမ်း စံတော်ချိန် ညနေ ၆ နာရီလောက်ကစပြီးတော့ ပြည်နယ်အလိုက် မဲဆန္ဒ ရလဒ်တွေကို သတင်းဌာနတွေကနေ စတင်ကြေညာမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့အစည်းတွေကလည်း အဆိုပါ ရလဒ်တွေကို ကြေညာနေမှာ ဖြစ်ပါတယ်။ http://www.politico.com/2012-election/map/#/President/2012/

လူထုရဲ့ ပေါ်ပြူလာဗုတ် (အများစုမဲ) နဲ့ သမ္မတကို ဆန္ဒပေးတယ်ဆိုပေမယ့်၊ အမေရိကန်ရဲ့ လူဦးရေကို ကိုယ်စားပြုတဲ့ အထက်နဲ့ အောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၅၃၈ ဦးနဲ့ ပြန်အချိုးချပြီးမှ သမ္မတကို ရွေးတာဖြစ်တာကြောင့် အဲသည် အချိုးချ ကိုယ်စားလှယ် (Electoral College Delegates) အများစု ၂၇၀ ရပြီဆိုတာနဲ့ သမ္မတအဖြစ် အရွေးခံရမှာ ဖြစ်ပါတယ်။ အဲသည် လူဦးရေအလိုက် ပြည်နယ်အချိုးချ ကိုယ်စားလှယ်ဆိုတာကတော့ ပြည်သူ့လွှတ်တော်အမတ်တွေမဟုတ်ဘဲ ပြည်နယ်အစိုးရတွေ၊ အုပ်ချုပ်ရေးကောင်စီတွေက သူတို့ဒေသအလိုက် သတ်မှတ်တဲ့ ပါတီလူကြီး၊ အရပ်လူကြီးတွေ ဖြစ်ပါတယ်။ သူတို့ကလည်း သူတို့ မြို့နယ်တွေက အများစုမဲကိုပဲ လိုက်နာပြီး သမ္မတကို ရွေးပေးတာဖြစ်တယ်လို့ အကြမ်းပြောနိုင်ပါတယ်။

အခုသည်နှစ် သမ္မတရွေးကောက်ပွဲမှာ အိုဘားမားနဲ့ မစ်ရော်နီတို့အတွက် အမာခံပြည်နယ်တွေအတွက် သူတို့ပါတီတွေက သိပ်ပြီး မစိုးရိမ်ပါဘူး။ ဥပမာ အားဖြင့် ကယ်လီဖိုးနီးယားပြည်နယ်ဆိုတာ အိုဘားမားနဲ့ ဒီမိုကရက်တွေအတွက် အမာခံပြည်နယ်ဖြစ်ပါတယ်။ နှစ်ဖက်သမ္မတရွေးချယ်ခံတွေ အဓိကစိုးရိမ်တာက ခြံစည်းရိုးခွထိုင်နေတဲ့ ပြည်နယ်တွေက မဲတွေဖြစ်ပါတယ်။ ပါတီ ၂ ဖက်စလုံးကို မလိုက်တဲ့ တသီးပုဂ္ဂလမဲဆန္ဒရှင်တွေရှိတဲ့ ပြည်နယ်တွေကို လူတွေအားလုံးက ရင်မပြီး စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အဲသည်လို တသီးပုဂ္ဂလတွေ၊ ၂ဖက်ခွတွေရှိတဲ့ ပြည်နယ်တွေထဲက အဆုံးအဖြတ်ပေးမယ့် ပြည်နယ်တွေကတော့ ဖလော်ရီဒါ (၂၉ ကိုယ်စားလှယ်)၊ ဗာဂျီးနီးယား (၁၃)၊ အိုဟိုင်းရိုး (၁၈)၊ ၀စ္စကွန်ဆင် (၁၀)၊ အိုင်အိုဝါ (၆)၊ ကိုလိုရာဒို (၉)၊ နဗားဒါး (၆) ဖြစ်ပါတယ်။ သူတို့အမှတ်တွေ အားသာတဲ့ဖက်က သမ္မတ အနိုင်ရမှာ ဖြစ်ပါတယ်။

http://www.cnn.com/election/2012/ecalculator#?battleground

လက်ရှိမှာ ပြည်နယ်အလိုက် အိုဘားမားက ၂၃၇ မှတ်၊ မစ်ရော်နီက ၂၀၆ မှတ် (မဲကိုယ်စားလှယ်အလိုက်) ရထားတယ်လို့ CNN က  ပြောပါတယ်။

 နယူးယောက်တိုင်းမ်ကတော့ အိုဘားမားက ၃၁၃ မှတ်နဲ့ နိုင်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။

http://fivethirtyeight.blogs.nytimes.com/

ကဲ … အမေရိကန်က မဲပေးခွင့်ရှိတဲ့ မြန်မာတွေကကော ဘယ်သူကို မဲပေးခဲ့ပြီလဲ။ မိုးမခ၀က်ဆိုက် အပေါ်ထောင့်က မဲရုံကလေးမှာ ဆန္ဒပြခဲ့ကြပါဦး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts