သတင်းပဒေသာ

ရွှေတွံတေးဆရာတော် ထိုင်းရေဘေးကပ်ဆယ်ရေး ၁ နှစ်ပြည့်ဓါတ်ပုံပြပွဲ

မိုးမခအထောက်တော်
နိုဝင်ဘာ ၆၊ ၂၀၁၂

၂၀၁၁ ခုနှစ် ထိုင်းနိုင်ငံရေကြီးစဉ်က ဒုက္ခရောက်ကြသော နိုင်ငံသား တိုင်းရင်းသားရွှေ့ပြောင်းအလုပ်သမားကို ကယ်ဆယ်ရေးစခန်းဖွင့်ပြီး
ရွှေတွံတေးဆရာတော်က ကူညီစောင့်ရှောက်ပေးခဲ့သည့် ၁ နှစ်ပြည့်ဓါတ်ပုံပြပွဲကို မဟာချိုင် နှင်းတိကောရုံတွင် ၄. ၁၁. ၂၀၁၂ နေ့ လည်က
ကျင်းပခဲ့သည်။

ထိုင်းအစိုးရကပ်ဆယ်ရေးစခန်းနှင့် ရွှေတွံတေး ဆရာတော်ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ခဲ့ရာ ဆရာတော်စခန်းတွင် ဒုက္ခသည်တထောင် ကျော်ကို ၂ လ ကယ်ဆယ်ပေးခဲ့သည်။

ရေဘေး ဒုက္ခသည် ၅၀၀ ကိုရွာအရောက်အခမဲ့ပြန်ပို့ပေးပြီး ၁ ဦးလျှင် ဘတ် ၂၀၀ စီနှင့် ကျပ် ၅၀၀၀ စီကူညီခဲ့သည်။ ၄၀၀ ခန့်ကို အလုပ် ရှာပေးခဲ့သည်။ မြန်မာနိုင်ငံသားများသာမက ထိုင်း – လာအို – ကမ္ဘောဒီယားများကိုပါ ရေနစ်ဒေသအရောက် လူ ၅၀၀၀ ခန့်အတွက် ရိက္ခာ များပေးပို့ခဲ့သည်။

ရွှေတွံတေးဆရာတော်က “အခုလို ကယ်ဆယ်ရေးကို ဘတ် ၃ သန်းလောက် ကူညီပေးနိုင်ခဲ့တာဟာ မြန်မာဝန်ကြီးအဖွဲ့၊ သံအမတ်ကြီးအဖွဲ့နဲ့ နိုင်ငံသား တိုင်းရင်းသားများသာမက ထိုင်းအာဏာပိုင်များ – DIVERSETHICS – FED – BAT စတဲ့အဖွဲ့ တွေ ၀ိုင်းဝန်းကူညီပံ့ပိုးခဲ့ကြလို့ ဖြစ် ပါတယ် ” လို့ မိန့် ကြားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts