အင်တာဗျူး

ကျောက်ဖြူ ဘင်္ဂါလီဆူပူမှု ဖြစ်ပျက်ပုံနှင့် ပတ်သက်၍ ဒေသခံလေးဦး၏ ဖြေဆိုချက်များ


by Coral Arakan News Agency on Saturday, 3 November 2012 at 22:14 ·

 By Mra Wah။ ကျောက်ဖြူ ၊ ၀၄ နိုဝင်ဘာ ၂၀၁၂ ၊ Coral Arakan News ၊ [ အင်တာဗျူး ]

(ကျောက်ဖြူမြို့တွင် ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့နှင့် (၂၃)ရက်နေ့ တို့တွင် ဖြစ်ပွားခဲ့သော ဘင်္ဂါလီဆူပူမှု မီးရှီု့မှုများအပြီး  နိုဝင်ဘာလ နှစ်ရက်နေ့က Coral Arakan သတင်းအဖွဲ့သားများ ကျောက်ဖြူမြို့သို့သွားသွားရောက်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ကျောက်ဖြူမြို့ဒေသခံ လေးဦးအား ကိုယ်တွေ့မေးမြန်းခဲ့ပါသည်။ ၄င်း ဒေသခံလေးဦးတို့မှာ အလယ်တန်းပြဆရာမတစ်ဦး ၊ အသေးစားကန်ထရိုက်တာတစ်ဦး ၊ အင်္ကျံဆိုင်ပိုင်ရှင်တစ်ဦး နှင့် ကျောက်ဖြူအခြေစိုက်သတင်းထောက် တစ်ဦးဖြစ်ပါ သည်။)

Coral Arakan ။ ဘယ်နေ့က ပြဿနာ စဖြစ်တာလဲ ခင်ဗျား။

ဒေသခံ များ။ (၂၀၁၂ အောက်တိုဘာ) ၂၂ ရက်နေ့က စဖြစ်တယ် လို့ပြောလို့ရပါတယ်။

Coral Arakan ။ အဲဒီနေ့က ဘယ်လို စဖြစ်တာလဲ။

ဖြေ ။ ညဥ့်တစ်နာရီလောက်မှာ အနောက်ပိုင်းရပ်ကွက်မှာရှိတဲ့ ဗလီ(ဟောင်း)တစ်ခုကို မီးလောင်ပါတယ်။ အနီးအနားကလူတွေ(ရခိုင်တွေ) လိုက်သွားကြတော့ ကုလားလေး သုံးယောက် ပြေးထွက်လာတာကို တွေ့ရလို့ လိုက်ဖမ်းကြတယ်။ နှစ်ယောက်က လွတ်သွားတယ်။ တစ်ယောက်တော့ အိမ်သာထဲကို ပြေးဝင်ပုန်းတာနဲ့ ဖမ်းမိလိုက်ပါတယ်။ နည်းနည်းပါးပါး စစ်မေးကြတော့ သူတို့ သုံးယောက် မီးရှို့ကြတာ လို့သိရပါ တယ်။ ဒါနဲ့ သူ့ကို ရဲစခန်း ပို့လိုက်ကြတယ်။

Coral Arakan ။ ညဥ့်တစ်နာရီလောက်ဆိုတော့ တကယ်ဆို (၂၃)ရက်နေ့ဘက်ကို ကူးသွားပြီလို့ ဆိုလို့ရတာပေါ့။

ဖြေ ။ ဟုတ်ပါတယ်။ ရမှာပေါ့။

Coral Arakan ။ တစ်ခုလောက်မေးကြည့်ဦးမယ်။ ဗလီဆိုတာ မူဆလင်တွေ အထွဋ်အမြတ်ထားတဲ့ နေရာပါ။ အဲဒီလိုနေရာမျိုးကို သူတို့ဘာသာ သူတို့မီးရှို့တယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ ။ ကျွန်တော် နည်းနည်းလောက် ရှင်းပြပေးပါမယ်။ ပထမတစ်ချက်က အဲဒီအနောက်ပိုင်းရပ်ကွက်ထဲက ဗလီဟာ ဗလီအစစ်မဟုတ်ပါဘူး။ အရင်က လူနေခဲ့တဲ့အိမ်။ နောက်မှ ဗလီဆိုပြီး သူတို့ဘာသာ သူတို့ပြောင်းလဲလိုက်တာ။ တရားဝင်ဘာသာရေးဆိုင်ရာ ခွင့်ပြချက်တွေမရှိတဲ့အတွက် ဖျက်သိမ်းမိန့် ချမှတ်ထားတဲ့ ဗလီ(အဆောက်အအုံ)ပါ။ နောက်ပြီးတော့ အဲဒီဗလီအနီးအနားပတ်လည်မှာ ရခိုင်အိမ် တွေ ချည်းပါပဲ။ ရပ်ကွက်ကလည်း ရခိုင်ရပ်ကွက်ပါ။ အစိုးရိမ်ရဆုံးကိစ္စတစ်ခုက အဲဒီဗလီနဲ့ ဖင်ချင်းကပ်ရက်မှာ ဓါတ်ဆီရောင်းတဲ့ အိမ်တစ်အိမ်ရှိနေတာပါပဲ။ တကယ်လို့ အဲဒီအိမ်ကိုသာ မီးကူးသွားခဲ့မယ်ဆိုရင် မတွေးရဲစရာပါပဲ။ ရပ်ကွက်တစ်ခုလုံး ပြာကျသွားမှာ သေချာတယ်။ နောက်ပြီးရင် တစ်မြို့လုံးကို မီးဆက်ကူးမှာလည်း အသေအချာပါပဲ။ သူတို့က အဲဒီလို ရည်ရွယ်ချက်နဲ့ လုပ်ကြတာပါ။

Coral Arakan ။ ပြီးတော့ ဘာတွေ ဆက်ဖြစ်ကြသေးသလဲ။

ဖြေ ။ ရပ်ကွက်က လူတွေ ကြိုးစားပြီး မီးငြိမ်းသတ်ကြပါတယ်။ မီးသတ်ကားလည်း ရောက်လာတယ်။ မီးသတ်စခန်းနဲ့ နီးတဲ့အတွက် ကံကောင်းသွားတယ် လို့ ပြောရမှာ ပေါ့။ အဲဒါပြီးရင် ကျွန်တော်တို့လည်း မိုးလင်းတဲ့အထိ မအိပ်ပဲ ကင်းစောင့်နေကြရတယ်။ နောက်တစ်နေ့ ည ရှစ်နာရီလောက်မှာ (ကုလားအများစု နေထိုင်ရာ) ပိုက်ဆိပ်ဘက်က မီးစလောင်ပြန်တယ်။

Coral Arakan ။ နောက်တစ်နေ့ဆိုတာ (၂၃)ရက်နေ့ကိုပဲ ပြောတာလား။

ဖြေ ။ ဟုတ်ပါတယ်။

Coral Arakan ။ ဘယ်လိုဖြစ်ကြတာပါလဲ ခင်ဗျ။

ဖြေ ။ အဲဒီနေ့က ဥပုသ်နေ့ဗျ။ မြို့ထဲက လူတော်တော်များများ ဘုန်းကြီးကျောင်းတွေကို ရောက်နေကြတယ်။ အဲဒီနေ့နံနက် (၁၁)နာရီလောက်မှာ ဆားပြင်ကွင်းရပ်ကွက်ထဲကို ကုလားလေးတစ်ယောက် ဓါတ်ဆီပုလင်းတစ်လုံးကိုင်ပြီးတက်လာတယ်။ အဲဒါကို အနီးအနားက ရခိုင်တွေကမြင်လိုက်တော့ ကုလားလေးကို ၀ိုင်းဖမ်းကြတယ်။ ပြီးတော့ ရဲတွေလက်ထဲကို အပ်လိုက်ကြတယ်။ အဲဒီကတည်းက အခြအနေက မတည်မငြိမ်နဲ့ လှုပ်လှုပ်ရွရွဖြစ်နေတယ်။ ညပိုင်း ရှစ်နာရီလောက်မှာ သံချောင်းခေါက်သံတွေ ကြားတယ်။ ကျွန်တော်တို့ ထကြည့်တော့ ရခိုင်ပိုက်ဆိပ်ကို မီးလောင်နေပြီ။ လာလု ဆိုတဲ့ ကုလားက သူတို့အိမ်နဲ့ ကပ်လျက် ရခိုင်အိမ်ကို မီးစရှို့တာ။ (လှုပ်ရှားတိုက်ခိုက် နေကြတဲ့) ကုလားတွေက ခေါင်းပေါင်းအဖြူတွေ ပေါင်းထားတယ် လို့ ပြောကြတယ်။ အဲဒီ (မီးရှို့ခံရတဲ့)အိမ်က အမျိုးသမီးက အနီးအနားက ရခိုင်တွေကို အကူအညီ တောင်းတော့ မီးလောင်တဲ့အိမ်ကို ရခိုင်တွေ ၀ိုင်းလာကြတယ်။ အဲဒီအချိန်မှာ ကုလားတွေက ဂျင်ဂလိနဲ့ပစ်တော့ အနားကို ဘယ်သူမှ ကပ်လို့မရတော့ဘူး။ ကုလားတွေက မီးကွင်းတွေနဲ့ ပစ်ကြတယ်။ ပြီးမှ ဓါတ်ဆီပုလင်းတွေနဲ့ ပစ်ကြတယ်။ ရခိုင်တွေ ရှေ့ကို နည်းနည်းတိုးတော့ ဓါးတွေနဲ့ လိုက်ခုတ်ကြတယ်။ ပြန်ပြီးနောက်ဆုတ် ကြရတယ်။ ပထမတော့ အိမ်ခေါင်တွေကို လောင်နေတာ။ နောက်မှ ကုလားတွေက ကိုယ်တိုင် တက်လာပြီး အိမ်ထဲကို ဓါတ်ဆီပုံးတွေနဲ့ လောင်းထည့်ကြတယ်။ အဲဒီအချိန်ကျမှ တစ်အိမ်လုံးကို မီးစွဲတယ်။ ပြီးမှ ဘေးနားက အိမ်တွေကို မီးကူးသွားတာ။

Coral Arakan ။ မီးကွင်းတွေကို ဘယ်လို ပုံစံနဲ့ ပစ်ကြတာလဲ ခင်ဗျ။

ဖြေ ။ ကြိုးစတွေနဲ့ လွှဲပြီး ပစ်ကြတာပါ။ အဲဒီမီးကွင်းတွေထဲမှာ သံလိုက်ပြားတွေ ထည့်ထားတယ်။ အပြင်ကမှ အ၀တ်နဲ့ ပတ်ထားတာပါ။

Coral Arakan ။ ကုလားအိမ်တွေကျတော့ ဘယ်လို စလောင်တာပါလဲ ခင်ဗျ။

ဖြေ ။ အပြန်အလှန် တိုက်ခိုက်ကြတာပေါ့။ မီးလောင်နေတဲ့ အိမ်တွေက အစတွေကို ဆွဲထုတ်ပြီး ကုလားအိမ်တွေဆီလှမ်းပစ်ကြတယ်။ ကုလားအိမ်တွေနဲ့ ရခိုင်အိမ်တွေက နီးနီးလေးတွေ။ ပြီးတော့ လေက ကုလားအိမ်တွေဘက်ကို ဦးတည် တိုက်လာတယ်။ ကုလားအိမ်တွေက ၀ါးအိမ်ကလေးတွေများတော့ မီးစွဲလောင်ဖို့ လွယ်တယ်။ သူတို့အိမ်တွေမှာက ဓနိနဲ့ အိမ်ခေါင်မိုးထားတာများတယ်။ ပြီးတော့ သူတို့အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် ပူးပူးကပ်ကပ်တွေ ချည်းပဲ။ ဒါနဲ့ သူတို့ဘက်ကို မီးစွဲတာ ပိုများသွားတယ်။

Coral Arakan ။ ဒီတော့ ဘယ်လို ဆက်ဖြစ်ကြသေးလဲ။

ဖြေ ။ သူတို့အိမ်တွေကို မီးစွဲတော့ ပင်လယ်ဘက်ကို ထွက်ပြေးကြတယ်။ ဘုတ်တွေနဲ့ ထွက်ပြေးကြတယ်။ ပင်လယ်ထဲဆင်းခါနီး သူတို့ငါးစင်တွေကို မီးရှို့ထားခဲ့ကြတယ်။

Coral Arakan ။ ငါးစင်တွေက သူတို့ပိုင်တာလား။

ဖြေ ။ ဟုတ်ပါတယ်။

Coral Arakan ။ သူတို့ ပိုင်တာတွေကို သူတို့က ဘာကြောင့် မီးရှို့ကြတာလဲ။

ဖြေ ။ ငါးစင် ဆိုတာ ငါးတွေကို အခြောက်လှမ်းဖို့အတွက် ၀ါးတွေနဲ့လုပ်ထားတဲ့ စင်ကလေးတွေပါ။ ဘာမှတန်ဖိုး ရှိတာမဟုတ်ပါဘူး။ အဲဒီအပေါ်မှာ အခြောက်လှမ်း ထားတဲ့ ငါးတွေပဲ ရှိမှာပါ။ သူတို့ထွက်သွားတော့ သူတို့ငါးတွေကို ရခိုင်တွေ မရစေချင်တာလဲ ပါမှာပေါ့။ နောက်ပြိးတော့ သူတို့ပိုင်တာတွေကို ရခိုင်တွေက မီးရှို့ဖျက်ဆီးပါတယ်လို့ ပြောနိုင်အောင်လည်း ပါမှာပေါ့။

Coral Arakan ။ ပင်လယ်ဘက်ကို ထွက်သွားတဲ့ ဘုတ်က ဘယ်နှစ်စီးလောက် ရှိသလဲ။

ဖြေ ။ အစီး ခြောက်ဆယ် လောက်တော့ ရှိမယ် ထင်ပါတယ်။ အဲဒီ စက်လှေတွေထဲက အရေအတွက် တော်တော်များများကို မော်လမြိုင်က မူဆလင်လုပ်ငန်းရှင် တစ်ယောက်ပိုင်တဲ့ “အောင်ဆုမွန်” တန်ကဲ (ငါးဖမ်းသင်္ဘော) တွေက ကယ်ဆယ် ယူပြီးတော့ မော်လမြိုင်နဲ့ မြန်မာပြည်မက တခြားနေရာတွေဆီမှာ ဘင်္ဂါလီ ဒုက္ခသည်တွေကို ပို့ဆောင်ဝှက်ပေးထားတယ် လို့လဲ ပြောကြပါတယ်။ အောင်ဆုမွန် မှာ ရခိုင်ကမ်းရိုးတမ်းမှာ ငါးဖမ်းနေတဲ့ တန်ကဲပေါင်း ဆယ့်ရှစ်စီးရှိပါတယ်။

Coral Arakan ။ ဒဏ်ရာရတဲ့ လူ အရေအတွက်က ဘယ်လောက်ရှိမယ် လို့ ထင်ပါ သလဲ။

ဖြေ ။ လူပေါင်း (၉၀)လောက် ဂျင်ဂလိမှန်ပါတယ်။ ဂျင်ဂလိထိတဲ့လူတွေထဲမှာ လည်ပင်းကို ထိတဲ့တစ်ယောက်က ခွဲခန်းထဲမှာ ခွဲထုတ်ရင်းကနေ သေပါတယ်။ မီးလောင်ဒဏ်ရာနဲ့ ဆေးရုံတက်နေရတဲ့ လူတွေရှိပါတယ်။

Coral Arakan ။ သေတာက ။

ဖြေ ။ လောလောဆယ် လေးယောက်လို့ စာရင်းရထားပါတယ်။ နောက်ပြီးတော့ ဒီလေးယောက်အပြင် ကုလားတွေနဲ့ အိမ်ထောင်ကျနေတဲ့ ရခိုင်အမျိုးသမီးတွေ ကုလားတွေနဲ့ အိမ်ထောင်ကျ နေတဲ့ ရခိုင်အမျိုးသားတွေကိုလည်း သူတို့က သတ်ပြီးမှ ပင်လယ်ထဲကို ဆင်းသွားပါတယ်။

“လုပ်ကုလား” လို့ ကျွန်တော်တို့ခေါ်တဲ့  ကုလား အိမ်ထောင်ဖက်ရခိုင်လူမျိုးတွေကို အကုန်လုံး သူတို့ သတ်သွားတယ်။ ဒါပေမဲ့ လုပ်ကုလားတွေရဲ့ သားသမီးတွေကိုတော့ သူတို့ ခေါ်သွားပါတယ်။ ရခိုင်အမျိုးသား လုပ်ကုလားတစ်ယောက်ဆိုရင် ပဋိပက္ခဖြစ်စဉ်အတွင်းမှာ ကုလားတွေအပေါ်မှာ သူရဲ့ သစ္စာစောင့်သိမှုကို ပြဖို့အတွက် ပိုက်ဆိပ်ရပ်ကွက်ထဲက ရခိုင်အမျိုးသား ဦးကြည်ဝင်း ငါးဒိုင်ကို သူ့လက်နဲ့ မီးရှို့ပြရပါတယ်။ မီးရှို့ပြီးတဲ့အခါကျမှ သူ့ကို ကုလားတွေက အသင့်စောင့်နေတဲ့ လူအုပ်စုနဲ့ ၀ိုင်းရိုက်သတ်လိုက်တယ်။ သူတို့(မူဆလင် ကုလားတွေ) ထွက်အသွားမှာ ပင်လယ်ထဲက ဘုတ်တွေပေါ်ကနေ ပိုင်းဖြတ်ထားတဲ့ (လုပ်ကုလား) ရခိုင်လူမျိုးတွေရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထောင်ပြသွား ကြတယ်။ အခု ဒုက္ခသည်တွေပါဆိုပြီး ဘုတ်တွေ စီးပြီး ဒုက္ခသည်စခန်းတွေကို ရောက်သွားတဲ့ ကုလားတွေပေါ့။ တကယ်တော့ အဲဒီဒုက္ခသည်တွေကြားထဲမှာ လူသတ်သမား တွေ ပါသွားပါတယ် ခင်ဗျ။

Coral Arakan ။ မီးသတ်ဌာနက ရော အားသွန်ခွန်စိုက် မီးငြိမ်းသတ်ဖို့လုပ်ပါသလား။

ဖြေ ။ လုပ်ပါတယ်။ ပြဿနာက ကုလားတွေက ရခိုင်တွေကိုရော လုံခြုံရေးတွေကိုပါ ဂျင်ဂလိနဲ့ ပစ်ရုံမက မီးသတ်တပ်ဖွဲ့ကို ပါ ဂျင်ဂလိနဲ့ ပစ်တာပါပဲ။ ရွာဟောင်းဂျာမေဗလီကြီး အပေါ်ဘက်ကနေ နေရာယူပြီးတော့ ဂျင်ဂလိမိုးရွာသလို ပစ်နေတာ မီးသတ်ရဲဘော်တွေရော ကျွန်တော်(သတင်းထောက်)ပါ မီးသတ်ကားကို အကာ အကွယ် ယူပြီး ရှေ့ကိုတက်ရတယ်။ ကုလားပိုက်ဆိပ်ရပ်ကွက်မှာက ကုလားအိမ်နဲ့ ရခိုင်အိမ်တွေက ကပ်နေကြတာ။ ကုလားအိမ်က မီးငြိမ်းပေးပါ လို့ လာအကူအညီ တောင်းတော့ ပိုက်ကို သူတို့အိမ်တွေဖက်ကို ရေပိုက်နဲ့ရေထိုးရတယ်။ ခဏနေတော့ ရခိုင်အိမ်တွေကို မီးစွဲနေပြီဆိုပြန်တော့ ရခိုင်အိမ်တွေဘက်ကို လှည့်ပြီး ရေပိုက်နဲ့ထိုး ရပြန်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က ဘယ်လောက်ရေပိုက်နဲ့ထိုးထိုး ကုလားတွေက မီးကွင်းတွေနဲ့ အဆက်မပြတ်ပစ်နေတော့ မီးမငြိမ်းနိုင်ဘူး။ ခဏနေတော့ ရေပိုက်နဲ့ ထိုးနေရင်းကနေ ရေပိုက်ကနေ ရေထွက်မလာတော့ဘူး။ ဒါနဲ့ပိုက်တွေကို သွားကြည့် တော့ ရေပိုက်ကို ခုတ်ဖြတ်ထားတာကို တွေ့ရတယ်။ ဒါနဲ့ မလွယ်ကြောပဲ ဆိုပြီး ချက်ချင်းပြန်ထွက်ကြရတယ်။ စစ်တပ်က အရာရှိတစ်ယောက် ဂျင်ဂလိ ထိ လို့ဒဏ်ရာ ရခဲ့တယ်။ မီးသတ်ရဲဘော်တစ်ယောက်လည်း ဂျင်ဂလိ ထိတဲ့ဒဏ်ရာရတယ်။ ဂျာမေဗလီရှေ့က မီးသတ်ကားဖြတ်တဲ့အချိန်မှာ မီးသတ်ကားရဲ့ တစ်ဘက်ခြမ်းကို ဂျင်ဂလိတွေ ထောက်ထောက် ထောက်ထောက် နဲ့ အဆက်မပြတ်ထိနေခဲ့တာပေါ့။

Coral Arakan ။ ဥပမာမှားရင်လည်း သည်းခံပါနော်။ ဘောလုံးပွဲတစ်ပွဲကို ဥပမာထားပြီး ပြောရမယ်ဆိုရင် အခုအခြေအနေက ကုလားတွေဘက်က ဂိုးပြတ်ရှုံးသွားတဲ့ သဘောလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ဒီလိုအခြေအနေကို ရောက်မယ်မှန်းသိလျက်သားနဲ့ ကုလားတွေက ဒီပြဿနာကို ဘာလို့စတာလဲ။ ဒါကိုကော ဘယ်လို ပြောချင် ပါသလဲ ခင်ဗျား။

ဖြေ ။ သူတို့ရှုံးလိမ့်မယ်လို့ ထင်ခဲ့ပုံမရပါဘူး။ သူတို့နိုင်လိမ့်မယ်လို့ တွက်ခဲ့ပုံရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ကြိုတင်လုပ်ထားတဲ့ လက်နက်တွေရှိတယ်။ ဂျင်ဂလိတွေက တစ်ညဉ့်နဲ့ တစ်ရက် မိုးရွာသလို ပစ်တာတောင် မကုန်ဘူး။ ရခိုင်တွေက လောက်စာလုံးတွေနဲ့ ပြန်ပစ်နေရတဲ့အချိန်မှာ သူတို့ဘက်က ပုံစံတစ်မျိုးတည်းနဲ့ စနစ်တကျထုတ်လုပ်ထားတဲ့ ဂျင်ဂလိအရှည်ကြီးတွေနဲ့ မနားတမ်းပစ်နေခဲ့ကြတယ်။  သူတို့ဘက်မှာ ဓါးကိုင်ပြီး တက်ခုတ်တဲ့သူတွေတိုင်းမှာ သံဖြူပြား(အိမ်မိုးသွပ်ပြား) နဲ့ လုပ်ထားတဲ့ ဒိုင်းကာတွေ ကိုယ်စီပါကြတယ်။ ဒါက ကြိုတင်ပြင်ဆင်မှုအပိုင်း။ နောက်တစ်ခုက ဗျူဟာပိုင်းအရလည်း သူတို့ကြိုးစားခဲ့သေးတယ်။ သူတို့မှာ ဗျူဟာရှိ တယ်။

ကုလားပိုက်ဆိပ်က ကျောက်ဖြူမြို့ အရှေ့ဘက်အစွန်ဆုံးမှာရှိတာ။ ကျောက်ဖြူမြို့ ရဲ့မြောက်ဘက်  ကမ်းတစ်ကြောမှာ ကုလားတွေနေတဲ့ သန်ပန်ချောင်းဆိုတဲ့ ရပ်ကွက်ရှိ တယ်။ နောက်ပြီးတော့ အနောက်တောင်ဘက်မှာ အရာရှိရပ်ကွက်မှာလည်း ကုလားတွေနေကြတယ်။ ဒီတော့ ကျောက်ဖြူမြို့အနေအထားကို ပြောရမယ်ဆိုရင် အလယ်သားမှာရှိနေတဲ့ ရခိုင်လူမျိုးတွေကို ကုလားတွေက ဖိုခနောက်ပုံစံသုံးပွင့်ဆိုင် ၀ိုင်းထားတာ။ ကျွန်တော်တို့ သိမီနိုင်ခဲ့တဲ့ သတင်းအချက်အလက်တွေအရဆိုရင်

(တစ်) အရှေ့ဘက်အစွန်ဆုံးမှာရှိတဲ့ ကုလားတွေက မြို့ထဲက ရခိုင်တွေကို တိုက်ခိုက်နေမယ့် အချိန်မှာ   (နှစ်) မြောက်ဘက် သန်ပန်ချောင်းမှာရှိတဲ့ ကုလားတွေကလည်း မီးရှို့မှုကို လုပ်ရတော့မှာဖြစ်တယ်။ (သုံး) ဒီတော့ သန်ပန်ချောင်းကို မြို့ထဲကရခိုင်တွေက ပြန်ပြီး အာရုံစိုက်လာတဲ့အချိန်မှာ  အရှေ့ဘက်ကုလားပိုက်ဆိပ်က ကုလားတွေက မြို့ထဲကို ၀င်ပြီး ရခိုင်တွေကို ခုတ်မယ်။

 (လေး) အဲဒီအချိန်မှာ အရာရှိရပ်ကွက်ထဲက ကုလားတွေကလည်း လုပ်ငန်းစရတော့မှာ ဖြစ်တယ်။ အဲသလိုမျိုးသာဖြစ်ခဲ့ရင် ရခိုင်တွေဟာ အရူးမီးဝိုင်းသလိုဖြစ်သွားပြီး ကျောက်ဖြူမြို့ လည်း ပြာကျန်ရစ်ခဲ့မှာ ဖြစ်တယ်။ ရခိုင်သွေးတွေလည်း ဒလဟော စီးခဲ့မှာ ဖြစ်တယ်။

ဒါပေမဲ့ ကံကောင်းချင်တာက အရာရှိရပ်ကွက်က ကိုအင်္ဂလိပ် လို့ခေါ်တဲ့ ကုလားနဲ့ အခြား ကုလားတစ်ယောက်နှစ်ယောက်ဆီက မီးကွင်းတွေ အခုလေးငါးဆယ်စီနဲ့  တင်ကြိုပြီး ဖမ်းဆီးရမိနိုင်ခဲ့တယ်။ ဒီတော့ အရာရှိရပ်ကွက်မှာ ခေါင်းဆောင်ကုလား မဲ့ သွားခဲ့တယ်။ သန်ပန်ချောင်းကကုလားတွေက ရခိုင်တွေနဲ့ ပဋိပက္ခမဖြစ်ပဲ ငြိမ်းငြိမ်း ချမ်းချမ်းနေချင်တဲ့ ကုလားတွေရှိနေတယ်။ (ကျောက်ဖြူမြို့နယ်ရဲ့) ရခိုင်တိုင်းရင်းသား များ တိုးတက်ရေးပါတီဝင် ကုလားတစ်ယောက်က ကုလားတွေကို ပဋိပက္ခဆီ ဦးတည် ဆောင်ရွက်မှု မပြုဖို့ သူတို့ကုလားတွေကို တတ်နိုင်သမျှ ဖြောင်းဖျနိုင်ဖို့ ကြိုးစားခဲ့တာ ရှိတယ်။ ကျောက်ဖြူ ရတပပါတီက ခေါင်းဆောင်တချို့ဆီကိုလည်း သူအမြဲ သတင်းပို့ ခဲ့တယ်။ ရခိုင်နဲ့ ငြိမ်းချမ်းစွာအတူ ယဉ်တွဲနေထိုင်လိုတဲ့ သဘောထားကို အမြဲ သူဖော်ပြ ခဲ့တယ်။ ဒါပေမဲ့ ကုလားတွေစတိုက်ကြမယ်ဆိုတော့ သူလည်း ဘယ်လိုမှ တားဆီးလို့ မရနိုင်တော့ပါဘူး။

အဲသည်နေ့ညက သူတို့စီစဉ်ထားတဲ့အတိုင်း ဖိုခနောက်ဆိုင် ကုလား တိုက်ခိုက်မှု ဖြစ်မလာခဲ့ဘဲ၊ သန်ပန်ချောင်း နဲ့ အရာရှိရပ်ကွက်က ကုလားတွေက အချိန်မီ မထကြွ နိုင်သေးတဲ့အချိန်မှာ အနီးအနားရွာတချို့က ရခိုင်လူမျိုးတချို့ တယ်လီဖုန်း သတင်းကြောင့် ကျောက်ဖြူကို လာရောက်ကာကွယ်ကြတာကြောင့် ကျောက်ဖြူမြို့ ပြာကျမသွားခဲ့ရတာ ဖြစ်ပါတယ်။

သူတို့ဘက်မှာလည်း ပြဿနာလုပ်ချင်တဲ့သူ ရန်လုပ်ချင်တဲ့သူတွေရှိသလို အေးအေး ချမ်းချမ်း နေချင်တဲ့လူတွေလည်းရှိပါတယ်။

Coral Arakan ။ သူတို့တွေက ပြဿနာကို ဘာကြောင့်ဖန်တီးချင်ကြတာလဲ ခင်ဗျ။

ဖြေ ။ ရခိုင်ပြည်ရဲ့ မြောက်ဘက်အစွန်ဆုံးက ဘူးသီးတောင်နဲ့ မောင်တော မြို့နယ် နှစ်မြို့နယ် ကုလားတွေလက်ထဲကို လုံးလုံးရောက်လုနီးပါးအခြေအနေ ဘယ်လို ဖြစ်သွားရသလဲ ဆိုတာကို ပြောပြပြီး ရှင်းပြရပါမယ်။ ရခိုင်တွေ ခုနစ်ဆယ်ရာခိုင်နှုန်း ထက်မနည်းနေခဲ့ကြတဲ့ အဲသည်နှစ်မြို့နယ်မှာ မျိုးပွားနှုန်းမြန်တဲ့ ကုလားတွေက မျိုးပွားနှုန်းမြန်ရုံသက်သက်နဲ့ ဒီမြို့နှစ်မြို့ကို အပိုင်စီးလိုက်တာလား ဆိုတော့ မဟုတ်ပါ ဘူး။ ဥပဒေစိုးမိုးမှုမရှိသေးတဲ့ နယ်မြေလုံခြုံမှုမရှိသေးတဲ့ကာလတွေ လွတ်လပ်ရေး မရခင်ကာလ ၊ လွတ်လပ်ရေးရပြီးကာလ ၊ မူဂျာဟစ်သောင်းကျန်းမှု ကာလတွေ အတွင်းမှာ  rob-rape-raze လို့ခေါ်တဲ့နည်းလမ်းအားဖြင့် ရခိုင်တွေ ကြောက်လန့်ပြီး မနေရဲအောင် ဓါးပြတိုက်မယ် မုဒိမ်းကျင့်မယ် ရွာလုံကျွတ်မီးတိုက်မယ်။ ဒီလိုနည်း အားဖြင့် ဒေသနေ တိုင်းရင်းသား တွေကို ကြောက်ရွံ့ထွက်ပြေးစေခဲ့တယ်။ ဒါ့အပြင် သူတို့ရဲ့ မျိုးပွားနှုန်းကလည်း တအားမြန်တော့ အခုဆိုရင် ကုလားလူဦးရေက ၉၅ ရာခိုင်နှုန်းလောက် တိုင်းရင်းသား ဗမာတွေ ရခိုင်တွေက (၅) ရာခိုင်နှုန်းလောက်ပဲ ကျန်တော့တယ်။

လုယက်-မုဒိမ်းကျင့်-မီးရှို့ခံရတဲ့နယ်မြေတွေထဲက တိုင်းရင်းသားတွေဟာ ဘေးကင်းရာ ကို ထွက်သွားရတဲ့အခါ ကျရင် ကုလားတွေက အဲသည်နေရာတွေကို ၀င်ယူတယ်။

ဒီတော့ ဒီလိုသမိုင်းကြောင်းတွေ ဒီလိုအကျင့်တွေက ကုလားတွေရဲ့ ဦးနှောက်ထဲမှာ အသွေးအသားထဲမှာ ရှိနေကြတယ်။ ဒီတော့ ကုလားတွေဟာ သူတို့နိုင်မယ်လို့တွက်ရင် သူတို့ဘက်ကစပြီး ပြဿနာ ဖန်တီးဖို့ဝန်မလေးဘူး။ လူသတ်ဖို့လည်း မတွန့်တိုဘူး။ သေရမှာလည်း ကြောက်ပုံမရဘူး။ အခုလည်း ရခိုင်တွေကို နိုင်လောက်တယ် ဆိုပြိးလုပ်ကြတာဖြစ်ပါတယ်။ သူတို့က ရခိုင်ပြည်မှာ ရခိုင်တွေနဲ့ အတူနေချင်ပုံ မရပါဘူး။ သူတို့ချည်းသက်သက် နေချင်ပုံရပါတယ်။ နယ်မြေကို လုံးဝပိုင်စိုးမှု လိုချင်ကြပုံရပါတယ်။ ဒီအတွက်ကြောင့် ဒီပြဿနာကို စကြတာပါ။

( မြ၀ါ လူတွေ့မေးမြန်း ရေးသားသည်။)



၂၀၁၂ အောက်တိုဘာလ (၂၃)ရက်နေ့ ညဆယ်နာရီလောက်တွင် ကျောက်ဖြူမြို့ ကုလားပိုက်ဆိပ်နှင့် 




ရခိုင်ပိုက်ဆိပ်အကြား ရွာဟောင်းဂျာမေ ဗလီထဲမှ နေ၍ ရခိုင် တိုင်းရင်းသား နေအိမ်များဘက်သို့ မီးကွင်း



 နှင့် ဓါတ်ဆီဗူးများ ပစ်နေပုံ။ ပုံ – တစ်။ (ဓါတ်ပုံ – ကိုရဲ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts