အိမ်ပြန်လမ်း

ဖိုးဇော်
နိုဝင်ဘာ ၃၊ ၂၀၁၂
အပြန် Return ကို ဂရိဘာသာစကားမှာဆို Nostos လို့ခေါ်တယ်။ Suffering ခံစားရခြင်းကိုတော့ Algos လို့ခေါ်တယ်။ အဲဒီနှစ်ခုပေါင်း လိုက်တော့ Nostalgia အတိတ်ကို တမ်းတလွမ်းဆွတ်ခြင်းဆိုတဲ့စကားလုံးကို တမ်းတမ်းတတပြန်လိုခြင်းကြောင့် ဆွေးဆွေးမြည့်မြည့်ခံစား ရတဲ့စိတ်လို့လည်း ဖွင့်ဆိုလို့ရမှာပေါ့။ ကိုယ်ချစ်တဲ့နေရာတစ်နေရာကို ပြန်ဖို ဆိုတာမဖြစ်နိုင်သေးဘူးဆိုတဲ့အသိစိတ်ကြောင် ဖြစ်ပေါ်လာတဲ့ ၀မ်းနည်းစိတ်၊ ကိုယ့်တိုင်းပြည် ကိုယ့်အိမ်ကို လွမ်းဆွတ်တမ်းတတဲ့စိတ်၊ ကိုယ့်တိုင်းပြည် ရဲ့အဝေးမှာ ကိုယ့်မိသားစုရဲ့အဝေးမှာရောက်နေလို့ ဘာတွေဘယ်လိုဖြစ်နေတယ်ဆိုတာ မသိရလို့နာကျင်ခံစားရတဲ့စိတ်၊ ငယ်ချစ်ဦးကို လွမ်းသလိုမျိုး ပျောက်ဆုံးသွားတဲ့ငယ်ဘ၀ကိုတမ်း တသလိုမျိုးဖြစ်နေတဲ့စိတ် စသည် စသည်ဖြင့် ကိုယ်ဘယ်ကိုပဲ ရောက်နေရောက်နေ ကိုယ့်ရဲ့ဇာတိရင်းမြစ်ကို ကိုယ့်အိမ်ဆိုတဲ့ ခံစားချက် အသိကလေးတွေ ရင်ထဲမှာ အမြဲတမ်းသယ်ဆောင်ထားကြတယ်။
မိခင်အိုရဲ့ရင်ခွင်ဆီပြန်လာတဲ့သားငယ်၊ ချစ်သူရင်ခွင်ဆီ ခရီးကြမ်းဖြတ်ပြီးပြန်လာတဲ့ လုလင်၊ နှစ်ပေါင်းများစွာဝေးကွာနေရာမှ သူ့ရဲ့ကျွန်း ဆီပြန်လာတဲ့ အိုဒဆပ်၊ လှိုင်းတွေဖြတ်လို့ ကိုယ့်အိမ်သို့ တခေါက်ပြန်လာတဲ့ ရွက်လွှင့်သူ စသည် စသည်ဖြင့် အိမ်ပြန်လမ်းဟာ သမိုင်းတွေ စာပေတွေ သီချင်းတွေ နှလုံးသားတွေထဲမှာ ကြီးမြတ်တဲ့အနုပညာတစ်ခုပါပဲ။ဥရောပမှာ ကွန်မြူနစ်စနစ်ကျဆုံးပြီးနောက် ဂျိုးဆက်ဖ်ကို သူ့ရဲ့အမျိုးသမီး ဒန်းနစ်ရှ်သူက သူ့နိုင်ငံချက်ခ်ကို တခေါက်လောက်ပြန်ဖို့အမြဲ တိုက်တွန်းနေတယ်။ အစက သူမလည်း သူနဲ့လိုက်မလို့ပဲ။ ဒါပေမယ့်လည်း သူမဆုံးပါးသွားပြီးခါမှ ဒီစကားကို သူအလေးအနက်စဉ်းစားမိတယ်။ ပြန်လို့ရတဲ့အချိန်မပြန်တာဟာ သဘာဝမကျ၊ ခိုင်မာတဲ့အကျိုးအကြောင်းမရှိတဲ့ ခေါင်းမာမိုက်မဲမှုသက်သက်ပဲလို့ တနိုင်ငံသူ ဇနီးမယားရှိ စဉ်တုန်းကပြောတဲ့စကားကိုနားမထောင်ဘဲ အခုကျမှ သွားလေသူကိုလွမ်းတဲ့စိတ်လေး တဒင်္ဂပြေပျောက်လေမလားဆိုပြီး ကိုယ့်နိုင်ငံကိုပြန် ဖို့ စဉ်းစားတော့တယ်။ ၁၉၆၈ ရုရှားစစ်တပ်တွေ ချက်ခ်ကိုဝင်သိမ်းတုန်းက သူ့ကိုယ်သူ တင့်ကားတွေရှေ့ထိုးပြေးဖို့ အဆင်သင့်ဖြစ်လောက် တဲ့အထိ ဂျိုးဆက်ဖ်လည်း အခြားသူတွေလိုပဲ ဒေါသထွက်ယူကြုံးမရဖြစ်ရတယ်။ ရုရှား အောက်တိုဘာတော်လှန်ရေး နှစ်ပတ်လည်နေ့ကို နိုင်ငံတော်အားလပ်ရက်နေ့အဖြစ်သတ်မှတ်ပြီး မကြာခင်မှာပဲ အိမ်ထောင်ကွဲ တကိုယ်ရေတကာယသမား ဂျိုးဆက်ဖ် ကိုယ်ချစ်တဲ့မြေကို ထားပြီး ထွက်ခွာခဲ့တယ်။ အခုနှစ်နစ်ဆယ်ကြာမှ မွေးရပ်မြေ ဘိုဟီးမီးယားမြို့ကိုပြန်ရောက်တော့ ပထမဦးဆုံးမြို့ ရဲ့တစ်ခုတည်းသောသု သာန်က အမေ့ရဲ့အုတ်ဂူဆီကိုသွားပြီးဂါရ၀ပြုတယ်။ ကင်းကွာနေတဲ့နှစ်အတော်ကြာကြာမှာ ရှိနေတုန်းပဲလို့သူထင်နေခဲ့တဲ့ အသိမိတ်ဆွေ တချို့ ရဲ့အုတ်ဂူတွေကိုလည်း တွေ့ ရတယ်။ ကွန်မြူနစ်အစိုးရအောက်မှာ နိုင်ငံခြားကိုရေးတဲ့စာတွေကိုစောင့်ကြည့်ပြီး ကြားထဲကနေသိမ်းဆည်းပစ်တာတွေရှိတာကြောင့် နာရေးကိစ္စတွေကို အကြောင်းမကြားတာ နားလည်ပေမယ့် တချို့အုတ်ဂူတွေဟာ လောလောလတ် လတ် ပြီးခဲ့တဲ့နှစ်အတွင်းကပဲဆုံးတဲ့ မိတ်ဆွေတွေဖြစ်တာကြောင့် ဒီမြို့က သူ့ရဲ့အသိုင်းအ၀ိုင်းတွေကြားမှာ သူ့ကိုမြေမြှုပ်လိုက်ကြပြီလားလို့ တောင် စဉ်းစားမိတယ်။

အနှစ်နှစ်ဆယ်လောက် နိုင်ငံခြားမှာ သူဖြတ်သန်းခဲ့တဲ့ဘ၀၊ ဆုံးပါးသွားတဲ့သူ့ရဲ့ဇနီးအကြောင်းတွေထက် “စာရွက်စာတမ်း ကိစ္စတွေက တော့ပြီးသွားပြီကွ။ ဒါပေမယ့် တို့ညီအကိုအချင်းချင်းကြား မင်းအတွက်လည်းအကျိုးရှိအောင် ညှိနှိုင်းပြီးလုပ်လို့ရပါတယ်ကွာ။ ရှေ့နေတွေ ဘာတွေ ကြားထဲကမလိုပါဘူး” ဆိုတဲ့စကားကိုသာ အရင်စလို ပြောဆိုလာတဲ့ အိမ်အမွေကိစ္စကြောင့် ပြန်လာတယ်လို့ထင်နေတဲ့ အကို လုပ်သူ၊ ကွန်မြူနစ်အလွန်ခေတ်အပြောင်းအလဲမှာ ဘာတွေဝေဖန်ဆွေးနွေးမလဲလို့သိချင်လို့ သွားတွေ့ခဲ့ပေမယ့် လွတ်လပ်ရေးဆိုတာ အ ယောင်ပြပါလို့ပြောပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကိုသာ စိတ်ဝင်တစားပြောဆိုပြီး သူ့ကိုလည်း နိုင်ငံခြားကပြန်လာတဲ့ တခြားသူတ ယောက်နဲ့ မှားနေတဲ့ တက္ကသိုလ်တုန်းက အပြောအဆိုကောင်းတဲ့ စည်းရုံးရေးသမား ကွန်မြူနစ်အမာခံသူငယ်ချင်း၊ အတိတ်ကတစ္ဆေ အခြောက်ခံရသလို ဘာအကြောင်းကြောင့်မှန်းမသိ ဖုန်းဆက်ပြီးဆက်သွယ်လာတဲ့ ကွဲသွားတဲ့ဇနီးဟောင်းရဲ့သမီးလုပ်သူ အစရှိသူတွေနဲ့ ရက်အနည်းငယ်ကြာ ဘိုဟီးမီးယားမှာ အချိန်ကုန်ပြီးနောက် မပြန်တာ လူမိုက်မဟုတ်ဘူး၊ ပြန်လာတာသာလူမိုက်ဟေ့လို့သာ သွားလေ သူဇနီးသည်ကို တမလွန်အထိပြေးပြီးသာရန်တွေ့လိုက်ချင်စိတ်တွေပေါ်လာတော့တယ်။

တွေ ဆုံ့ သမျှ သူတွေအားလုံး သူ့မိန်းမအကြောင်းကိုလည်းမသိ၊ စိတ်ဝင်တစားမေးမြန်းခြင်းလည်းမရှိတော့ ကြာရင် သူ့မိန်းမအကြောင်းသူပါမေ့သွားချည်ရဲ့ဆိုပြီး ဒီဒေသကနေအမြန်ပြန်ခွာချင်တဲ့စိတ်တွေသာ ပေါ်နေတော့တယ်။

အိုင်ရင်းရဲ့ခင်ပွန်းဆုံးပါးပြီးနောက် သူမရဲ့ဘ၀ထဲကိုလက်ခံခဲ့တဲ့ ခင်ပွန်းမာတင်ရဲ့မိတ်ဆွေတစ်ဦးလည်းဖြစ်သူ ဂါ့စတပ်ဖ်ဟာ Prague ပ ရာ့ဂ်မြို့မှာ ပြီးခဲ့တဲ့နှစ်အနည်းငယ်ကပဲ စီးပွားရေးလုပ်ငန်းတွေစတင်လာပြီး ပဲရစ်နဲ့ ပရာ့ဂ်ကို သွားလိုက်ပြန်လိုက်လုပ်လာတယ်။ လွန်ခဲ့တဲ့အ နှစ်နှစ်ဆယ်က မာတင့်နောက်ကို လျှို့ဝှက်ရဲတပ်ဖွဲ့ တွေခြေရာခံနေပြီဆိုတာသိတာနဲ့ မာတင်နဲ့အတူ ပရာ့ဂ်ကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ တယ်။ အခုတခါ ဂါ့စတပ်ဖ်နဲ့ပတ်သက်ပြီး သူမလို အဝေးရောက်တွေအတွက် ပြန်လည်တံခါးဖွင့်လာတဲ့ ပရာ့ဂ်မြို့ကို တစ်ခါပြန်ခြေချဖို့ အကြောင်းဖန်လာပြန်တယ်။ နှစ်ပေါင်းများစွာကွဲကွာနေတဲ့ မိတ်ဆွေတွေနဲ့ပြန်ဆုံပြီး သူ့ရဲ့ နိုင်ငံရပ်ခြားအတွေ့အကြုံတွေ စွန့်စားခန်းတွေ ကိုဝေမျှဖို့ ပါတီအသေးလေးတစ်ခုလုပ်ဖို့ စီစဉ်တယ်။ ဒါပေမယ့် အကြုံတွေထက် သူတို့ရဲ့အခက်အခဲတွေ၊ အရင်တုန်းက သူတို့ နဲ့ သူမ အတူတူ သွားခဲ့ လာခဲ့ လုပ်ခဲ့တဲ့အတိတ်က အကြောင်းအရာတွေကိုသာ စိတ်ဝင်တစားပြောဆိုနေကြတော့ သူမရဲ့နှစ်နှစ်ဆယ်ကြာ ပြင် သစ်ကဘ၀ ဟာဒီနေရာမှာပျောက်ဆုံးလို့နေတယ်။ သူတို့ရဲ့စကားတွေကိုနားထောင်ရင်း သူမရဲ့ကိုယ်ခန္ဓာခေါင်းပိုင်းနဲ့ အောက်ပိုင်းကို ရင် ဘတ်မပါဘဲ ချုပ်ပြီးဆက်နေကြသလို သူမခံစားနေရတယ်။ ပရာ့ဂ်မြို့ကို သူမဘာလို့ပြန်လာချင်တာလဲလို့ တစ်ခါတစ်လေပြန်စဉ်းစားကြည့် မိတယ်။ ထွက်သွားတုန်းက ခင်ပွန်းသည်မာတင်ရဲ့လုံခြုံရေးကြောင့်လို့ဆိုပေမယ့် တစ်စိတ်တစ်ပိုင်းကလည်း သူမကိုယ်တိုင် သူမဘ၀ကိုလွှမ်းမိုးချုပ်ကိုင်လွန်းလှတဲ့မိခင်ရဲ့အဝေးကို ထွက်ပြေးချင်နေတာကြောင့်လည်း ပါတယ်။

ပရာ့ဂ်ကိုပြန်ရောက်စဉ်အတွင်း သူမ၀မ်းအနည်းဆုံးအဖြစ်အပျက်ကတော့ အရင်တုန်းက အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ပြန်ဖော်ဖို့ကြိုးစား မိ တဲ့ အဲဒီနေ့ကိုပဲ။ ပဲရစ်လေဆိပ်မှာ သူ့ကိုတွေ့ တွေ့ ချင်းသူမမှတ်မိခဲ့တယ်။ သူနဲ့ ပထမဦးဆုံးနဲ့ နောက်ဆုံးတွေ့ခဲ့တာက ပရာ့ဂ်က ဘားတစ် ခုမှာ။ သူမရဲ့သူငယ်ချင်းတွေနဲ့ ပါလာတဲ့သူတစ်ယောက်။ သူဟာ သူမထက်အနည်းငယ်ကြီးတဲ့ပုံပေါက်တယ်။ သူရဲ့ပုံပန်းသဏ္ဍာန်ဟာ လည်းပျော်ပျော်ပါးပါးနဲ့ ဆွဲဆောင်မှုလည်းရှိတယ်။ အဲဒီတုန်းက သူ့ရဲ့မျက်လုံးတွေဟာ တစ်ချိန်လုံးသူမဆီမှာပဲရှိနေတာကို သူမ သတိထား မိတယ်။ အခြားသူငယ်ချင်းတွေ အပြင်ခဏသွားတဲ့အချိန်မှာ ဘားကနေ၀ှက်ပြီးယူထားတဲ့ ဆေးလိပ်ပြာခွက်သေးသေးလေးကို သူမရဲ့အိတ် ထဲကိုထည့်ပြီး အပြန်မှာသူ့အိမ်ကိုလိုက်ခဲ့ဖို့ ဖိတ်ခေါ်လာတယ်။ အဲဒီတုန်းက မာတင်နဲ့ စေ့စပ်ထားပြီးဖြစ်လို့ သူ့ကိုငြင်းဆိုခဲ့တယ်။ အခုသူနဲ့ ပြန်တွေ့တော့ သူ့ကိုဆက်သွယ်ပြီး သူမရဲ့ဟိုတယ်မှာ နေ့လည်စာစားကြတယ်။ အရင်တုန်းက သူငယ်ချင်းတွေအကြောင်းတွေ၊ ချက်ခ် ကနေထွက်ပြေးတဲ့အကြောင်း၊ နိုင်ငံခြားမှာဖြတ်သန်းခဲ့တဲ့ဘ၀တွေ၊ စာအုပ်အကြောင်းတွေကိုပြောရင်း သူမအတွက် နှစ်ပေါင်းများစွာအတွင်း အကောင်းဆုံးစကားဝိုင်းတစ်ခုဖြစ်ခဲ့တယ်။

သူမဘ၀မှာ ဖြစ်သင့်တာတွေချည်းလုပ်ခဲ့တာ ဒီအသက်အရွယ်ရောက်မှတော့ဖြစ်ချင်တာကိုလုပ်မယ်လို့ အဲဒီနေ့ကဆုံးဖြတ်ခဲ့တယ်။ နေ့ လည်စာစားပြီး သူမရဲ့ဟိုတယ်ခန်းထဲမှာ သူနဲ့အတူ ကုန်ဆုံးခဲ့တယ်။ နှစ်ပေါင်းများစွာ သူမနဲ့အတူ သိမ်းဆည်းထားတဲ့သူပေးခဲ့တဲ့ဆေးလိပ်ပြာခွက်ကလေးကို သူ့ကိုထုတ်ပြလိုက်တဲ့အချိန်မှာတော့ သူမရင်ထဲမှာရှိနေတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဟာလည်း ရက်စက်စွာပြီးဆုံး သွားခဲ့တယ်။ သူဟာ အဲဒီဆေးလိပ်ပြာခွက်လေးကို ဘာကိုမှမမှတ်မိတော့သလို ငေးကြည့်ပြီးစဉ်းစားနေတယ်။ တစ်ချိန်တည်းမှာပဲ သူမရဲ့ ဘေးမှာလဲလျောင်းနေသူဟာ ပျောက်ဆုံးသွားတဲ့ သူမရဲ့ချစ်သူမဟုတ်ဘဲ သူတို့ရဲ့အတိတ်ကိုမမှတ်မိတော့တဲ့ သူစိမ်းယောက်ျားတစ် ယောက်ဆိုတာကိုသူမ နားလည်လိုက်သလို သူမရဲ့မျက်ရည်တွေဟာ ပါးနှစ်ဖက်ပေါ်ကို အသွင်သွင်စီးကျလို့လာတယ်။

သွားလေသူမိန်းမရဲ့ဆန္ဒကြောင့်ဆိုတဲ့အကြောင်းပြချက်နဲ့  ပြန်လာခဲ့တဲ့အိမ်ပြန်ခရီးကို နောင်တအရဆုံးဖြစ်စေတာက အဲဒီနေ့ပဲ။ ပဲရစ်လေ ဆိပ်မှာ နှုတ်ဆက်လာတဲ့သူမကို သူမမှတ်မိတော့တဲ့ အရင်တုန်းကမိတ်ဆွေတစ်ယောက်လိုပဲမှတ်ယူပြီး လှိုက်လှိုက်လှဲလှဲပြန်ပြီးနှုတ်ဆက် ခဲ့တယ်။

ပရာ့ဂ်မှာ သူမကဆက်သွယ်လာတော့လည်း သူ့ကိုမမှတ်မိတော့တဲ့သူ့အကြောင်း စိတ်မ၀င်စားတော့တဲ့လူတွေနဲ့စာရင် သူမနဲ့တွေ့ပြီး  အ နည်းဆုံး အိမ်ပြန်အတွေ့အကြုံလေးတွေ ဖလှယ်တာမှကောင်းဦးမယ်ဆိုပြီး သူမကိုသွားတွေ့ခဲ့တယ်။

တကယ်လည်း ကွဲကွာနေတဲ့ညီမတစ်ယောက်ကိုပြန်တွေ့ရသလိုပဲ အင်မတန်စကားပြောလို့ကောင်းခဲ့တယ်။ သူတို့နှစ်ဦး နှစ်ပေါင်းများစွာ ကိုယ့်တိုင်းပြည်နဲ့ ဝေးကွာနေတာနဲ့ဆက်နွယ်ပြီး Odyssey အိုဒဆီဝတ္ထုအကြောင်းကိုဆွေးနွေးရာမှ နှစ်ပေါင်းများစွာဝေးကွာနေတဲ့ Odysseus အိုဒဆပ်နဲ့ ချစ်သူအပေါ်သစ္စာစောင့်သိတဲ့ Penelope ပန်နယ်လုပ်ပ်တို့ပြန်လည်ဆုံတွေ့ကြတဲ့ညမှာ သူတို့ရဲ့အချစ်ဇာတ်လမ်းဟာပထမ ဦးဆုံးအကြိမ်လို ခက်ခက်ခဲခဲဖြစ်နေမှာပဲလို့ရယ်စရာပြောမိရာက ကျွန်မလည်း ပန်နယ်လုပ်ပ်လိုပဲလေလို့ သူမကဆိုလာတော့ ဘာကိုဆို လိုတာလည်းလို့ သူလည်း အလျင်စလိုပြန်မေးမိတယ်။ “တစ်မျိုးထင်နေပြန်ပြီ။ တခြားစိတ်နေသဘောထားတွေတူတာကိုပြောတာပါ။ ကျွန်မကတော့ ပန်နယ်လုပ်ပ်လို ခက်ခဲမှာမဟုတ်ပါဘူး” လို့ သူမကနေ ပွင့်ပွင့်လင်းလင်းပြောလာတော့ ဒီလိုစကားတွေကို ကိုယ့်ဘာသာ စကားနဲ့ နှစ်ပေါင်းများစွာမကြားရတဲ့သူတစ်ယောက် နှစ်အတော်ကြာအိပ်မောကျနေတဲ့စိတ်ဆန္ဒတွေ ငြိမ်သက်တဲ့မြစ်ရေတွေ ရေတံခွန်ပေါ်  ကို ရုတ်တရက် ဖြတ်ပြီးစီးဆင်းသလို အသောမတတ် နိုင်ဖြစ်ရတော့တယ်။

သူမထုတ်ပြတဲ့ဆေးလိပ်ပြာခွက်ကလေးကိုမြင်မှပဲ အကြောင်းအရာတစ်ခုဟာ တစ်နေရာမှာ အမှားကြီး မှားယွင်းနေပြီဆိုတာ နားလည် တော့တယ်။ မမျှော်လင့်တာတွေကိုပဲ ကြုံတွေ့နေရတဲ့ ဂျိုးဆက်ဖ်ရဲ့အိမ်ပြန်ခရီးမှာ တစ်ခန်းရပ်အချစ်ဇာတ်လမ်းအထိ တလွဲတွေသာကြုံ နေရပြီး ခါးသီးမှုတွေနဲ့သာပြည့်နှက်လို့နေတော့တယ်။

ညအမှောင်ကုန်လွန်ပြီးရောင်နီသန်းချိန် ပွင့်လင်းစအပြောင်းအလဲကာလမှာ အဝေးကပြန်လာတဲ့သူတွေဆီမှာ ဆန်းသစ်တဲ့ပညာအတွေ့ အကြုံတွေ အတုယူစရာရေခြားမြေခြားမှာရပ်တည်နိုင်ဖို့ ကျော်လွှားခဲ့ရတဲ့အခက်အခဲတွေရဲ့အကြောင်းတွေပါလာသလို ကျန်ခဲ့တဲ့သူတွေ ဆီမှာလည်း အမှောင်ထုကို အားတင်းဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတွေဟာ သူတို့အပြောပြချင်ဆုံး ဂန္တ၀င်ဝတ္ထုတစ်ပုဒ်ဖြစ်တယ်။ နှစ်ဖက် စိတ်ဝင်စားမှုပေးနိုင်ဖို့  အပြန်အလှန်လေးစားနားလည်မှုရနိုင်ဖို့ဆိုတာ အချိန်တစ်ခုတော့ပေးရမည်ဖြစ်သည်။ လူတွေစုရုံး စုရုံးနဲ့ သွားနေတဲ့ နောက်ကိုလိုက်ရင်း ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်ရောက်လို့နေတယ်ဆိုတာမျိုးတော့ မဖြစ်သင့်ပါ။ နိုင်ငံခြားသားတွေအလုပ်လုပ်တဲ့ဆိုင်မှာ အချိန်ပိုင်းလက်ခံသလားလို့ မေးရဲ၊ နိုင်ငံခြားသားတွေသင်တဲ့စာသင်ခန်းမှာ ၀င်ထိုင်ရဲတဲ့သတ္တိတွေရှိပြီးမှတော့ ကိုယ်နဲ့ အရောင်အသွေးတူ တဲ့သူတွေကြားထဲမှာ ကိုယ်လုပ်ချင်တာကိုလုပ်ဖို့ ဘာကိုများစိုးရွံ့နေတော့မှာလဲ။ အိမ်ကိုမပြန်မီ ကိုယ်ဖြစ်ချင်တဲ့ အနာဂတ်ကလေးတော့ ကိုယ့်ရင်ထဲမှာ ပီပီပြင်ပြင်ရည်မှန်းထားလို့ရှိရင် ပစ္စုပ္ပန်မှာရှိတဲ့ ကျွန်တော်တို့ရဲ့အိမ်ပြန်လမ်းလေးဟာလည်း ပိုပြီးခိုင်ခိုင်မာမာရှိပေလိမ့်မည်။

From Ignorance, A Novel By Milan Kundera

သရုပ်ဖော်ပန်းချီအား ဤနေရာမှ ရယူပါသည်။

နိုဝင်ဘာ ၁ ရက်နေ့ထုတ်၊ ပြည်သူ့ခေတ်ဂျာနယ် အတွဲ ၃၊ အမှတ် ၁၁၈ တွင်လည်း ဖော်ပြခဲ့ဖူးပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts