သတင်းပဒေသာ

ဓမ္မဒူတကျောင်း အဘိဓမ္မာအခါတော်နေ့ကျင်းပ

မိုးမခအထောက်တော်
အောက်တိုဘာ၂၉၊ ၂၀၁၂ 
ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၏ အဘိဓမ္မာအခါတော်နေ့နှင့် သီတင်းကျွတ်ပွဲတော်ကို ၂၈-၁၀- ၂၀၁၂ ခုနေ့၌ ဂျာမနီ နိုင်ငံ Frankfurt မြို့၌ စည်းကားသိုက်မြိုက်စွာကျင်းပကြသည်။ ထိုအခမ်းအနားကို နံနက် ၁၁ နာရ်ီမှစတင်ကာ အစဉ်အလာအတိုင်း နမော တဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီးနောက် မြတ်စွာဘုရားအား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး ဆက်ကပ်လှူဒါန်းပြီး သံဃာတော်တို့ကို ဆွမ်းဆက် ကပ် လှူဒါန်းကြသည်။
နေ့လည် (၁) နာရီခွဲတွင် အခမ်းအနား  ဒုတိယပိုင်းအစီအစဉ်ပြန်အစတွင် ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာကျောင်း နာယကဆရာတော် ဦးဇဝန ထံမှ သီလခံယူကြပြီးတရားတော်တို့ကို နာယူကြသည်။ ဆရာတော်မှ သီတင်းကျွတ်လပြည့်နေ့၌ မြန်မာလူမျိုးတို့၏ယဉ်ကျေးမှု ပွဲတော်ဖြစ် သော ဆီမီးထွန်းပွဲတော်အကြောင်းနှင့် အဘိဓမ္မာအခါတော်နေ့အကြောင်းတို့အပြင် သီတင်းကတ်လပြည့်နေ၌ ကျင်းပသော  ပဝါရဏာပွဲ အကြောင်းကိုပါ ရှင်းလင်းဟောကြားတော်မူသည်။ အဘိဓမ္မာတရားသည် မယ်တော်ဖြစ်ခဲ့ဘူးသော နတ်သားကိုအကြောင်းပြု ဟောကြား သည့်အတွက် ကျေးဇူးတရားကိုဖော်ညွှန်းနေကြောင်းနှင့် သံဃာတော်တို့ပြုလုပ်သော ပဝါရဏာပွဲ၏အနှစ်သာရကို လူအဖွဲ့အစည်း အ တွင်း၌ပါကျင့်သုံးနိုင်ပါက အကျိုးများမည့်အကြောင်းတို့ကို ဖြည့်စွက်ဟောတော်မူသည်။ ထို့နောက် ကြွရောက်လာသောပရိသတ်များမှ ဆရာတော်ဦးဇဝန သီကုံးရေးစပ်ပေးထားသော သီတင်းကျွတ်လပြည့်အကြောင်း ကဗျာလင်္ကာများကို ညီညာစွာ သံပြိုင်ရွတ်ဖတ်ပူဇော်ကြ သည်။
 

ထို့နောက် ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာအသင်းအမှုဆောင် ကော်မတီဥက္ကဌ ဦးလှမြင်စိုးမှ မြန်မာများကိုယ်ပိုင် မြေနှင့်ကျောင်းတစ်ကျောင်း ဖြစ်မြောက်ရေးဆောင်ရွက် အကောင်အထည်ဖော်နေမှုကို ရှင်းလင်းတင်ပြသည်။ ဓမ္မဒူတ ဆရာတော်အရှင်ဆေကိန္ဒ၏သြဝါဒကိုခံယူရင်း ဆက်လက်လုပ်ဆောင်နေမှုများကို အသင်းနှင့်ကျောင်းအကြောင်းအား (http://www.mbcg.blogspot.de/) အင်တာနက်လိပ်စာတွင် ဖော်ပြလျှက်ရှိသည်။

ထို့နောက် ကြွရောက်လာကြသောသံဃာတော်တို့အား ဆွမ်းဆန်စိမ်လောင်လှူကြပြီး အခမ်းနားကို ရုပ်သိမ်းလိုက်သည်။

ကျောင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရှိရသည်။

• ဆက်သွယ်ရမည့် ပုဂ္ဂိုလ်များနှင့်ဌာနများ

▪ ဦးကောဝိဒ၊ ဦးသုမန
(၀၀၄၉) (၀) ၆၉၈၄၇၇၀၈၄၅
ဓမ္မဒူတ မြန်မာဗုဒ္ဓဘာသာကျောင်း၊ ဂျာမဏီနိုင်ငံ။

▪ ကိုလှမြင့်စိုး
(၀၀၄၉)(၀) ၁၇၄၈၅၀၉၄၈၅

▪ ကိုမင်းမင်း
(၀၀၄၉)(၀)၁၇၄၂၉၉၈၆၃၅

▪ ကိုဖြိုး
(၀၀၄၉)(၀)၁၇၃၆၈၆၇၉၀၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts