ဓာတ်ပုံသတင်း

ပေါ့လန်ြ့မို့၊ သီရိမင်္ဂလာကျောင်းတိုက် ရေစက်ချပွဲ စည်ကား (ashib Sirinanda)

ပေါ့လန်ြ့မို့၊ သီရိမင်္ဂလာကျောင်းတိုက် ရေစက်ချပွဲ စည်ကား

မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၂၄၊ ၂၀၁၂

အမေရိကန်ပြည်ထောင်စု၊ အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်းတိုက်မှာ တိုးချဲ့ဘုရားခန်းမဆောင် ရေစက်ချပွဲ အခမ်းအနားကို 2012-ခု၊ အောက်တိုဘာလ(၂ဝ)ရက်၊ စနေနေ့မှာ ကျင်းပပြုလုပ်ပါတယ်၊

ရေစက်ချပွဲအခမ်းအနားသို့ စာရေးဆရာ ဆရာတော်များဖြစ်ကြသော မြန်မာနိုင်ငံမှ ကြွရောက်လာသော ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း) ဆရာတော်ဦးဇာဂရ၊ (စာရေးဆရာ ကံထွန်းသစ်) ဆန်ဖရန်စစ်စကိုမှ မုဒိတာရွှေကျောင်းဆရာတော် အရှင်ဉာဏိကာဘိဝံသ(စာရေးဆရာ ဉာဏ်ဦးမောင်) LAမှ ဆရာတော်အရှင်ပညာဝံသ(လင်းဝံသ) တို့နှင့် ဝါရှင်တန်ပြည်နယ်၊ အော်ရီဂွန်တို့မှဆရာတော်များ အားလုံး သံဃာတော်(၉)ပါးနှင့် ပေါ့တလန်မှ အလှူရှင်များ နှင့် Seattle ၊ LA ၊ ဆန်ဖရန်စစ်စကိုမှ ဒေါ်မြင့်မြင့်သိန်းဦးဆောင်တဲ့ အလှူရှင်များလည်း အသီးသီးလာရောက်ကာ အားပေးကြပြီး စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ခဲ့လို့ ကြည်နူးစရာ၊ ဝမ်းသာစရာကောင်းလှတဲ့ နေ့တစ်နေ့အဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ဓာတ်ပုံမှတ်တမ်းများကို သည်နေရာကနေ ကြည့်နိုင်ပါတယ်။

https://picasaweb.google.com/104706591172023393792/SirimangalaDhammaHallOpeningCeremony10202012?authkey=Gv1sRgCMCHto68tf_EWw&feat=email

မှတ်သား နာယူဖွယ် တရားပွဲမှတ်တမ်းကို အရှင်သီရိန္ဒရဲ့ မေတ္တာဥယျာဉ်ဝက်ဆိုက်မှာ သွားရောက် နားဆင်နိုင်ပါပြီ။

http://www.ashinsirinda.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts