မိုးမခစာအုပ်စင်၊ အောက်တိုဘာ ၂၄၊ ၂၀၁၂
မြန်မာ Observer Media Group က ထုတ်ဝေတယ်။ မော်ကွန်း Chronical စာစောင်။ စာမျက်နှာ ၁၆၈ မျက်နှာ။ အင်တာနက်လိပ်စာက ၀ိုင်ပီအိုင်လို့ အများသိတဲ့ Yangon Press International။ အကြံပေးတွေက ရဲနိုင်မိုးနဲ့ မြင့်ကျော်၊ အယ်ဒီတာတွေက ဥာဏ်လင်း၊ ၀င်းဇော်လတ်၊ ဇေယျာလှိုင်၊ စာရေးဆရာတွေက သတင်းရေးဆရာတွေများတယ်။ လစဉ် (လား) အပတ်စဉ် (လား) အုပ်ရေ ၅၀၀၊ တအုပ် ၂၅၀၀ကျပ်။ ပြည်ပက Time, Newsweek, Economics, စတဲ့ နိုင်ငံတကာနဲ့ မျက်မှောက်ရေးရာ အပတ်စဉ်စာစောင်တွေလိုမျိုး တွေးစရာ ဖတ်စရာ ဆောင်းပါးတွေနဲ့ စာအုပ်လို့ ဆိုကြပါစို့။ ပြည်တွင်းမှာ ရောင်းတယ် ဆိုပေမယ့် ပြည်ပကို ထွက်လာတာက အီးဘုတ်လိုမျိုး စာအုပ်ကို ၄ ပိုင်းခွဲပြီး အီးမေးတွေကနေ ဆိုတော့ ယိုစိမ့် (leak) ဖြစ်လာသလား မသိ။
မာတိကာတွေ ကြည့်လိုက်တာနဲ့ သိသာတာတခုကတော့ အယင်ခေတ် ဆင်ဆာစနစ်နဲ့ဆိုရင် ပြည်တွင်းမှာ တရားဝင်ပုံနှိပ်စာစောင်အဖြစ် ထွက်ဖို့ ခဲယဉ်းမယ့် စာတွေပဲဆိုတာ သိသာလှပါတယ်။
ပြည်ပကနဲ့ အင်တာနက်လွယ်သူတွေကတော့ အီးဘုတ်ကို ဖတ်ကြလိမ့်မယ်။ ပြည်တွင်းကတော့ အဲသည်စာစောင်ကို ငွေပေးပြီး ၀ယ်ဖတ်ကြလိမ့်မယ်။ ဘယ်လိုပဲ ဖတ်ဖတ်၊ ဖတ်ဖြစ်ရင် မှတ်မှတ်ရရရှိမယ့် စာအုပ်လို့ ဆိုချင်ပါတယ်။ ဘာသာပြန်ဆောင်းပါးတွေ အများအပြားပါနေတာကတော့ ခေတ်လိုအပ်ချက်ပေပဲလား မသိ။ စာလုံးရေ ၁၀၀ ကျော်ဆို ဆက်မဖတ်တဲ့ ဖေ့စ်ဘွတ်သမား၊ တွစ်တာသမားတွေနဲ့ ကွန်ပြူတာစာမျက်နှာ စကရင် ၂ မျက်နှာ ကျော်ရင် မဖတ်ချင်တဲ့ အင်တာနက်စာဖတ်သူတွေအတွက်ကတော့ အမေရိကားမှာ အမှန်တကယ်စာဖတ်သူတွေကြား ခေတ်စားတဲ့ အီးရီဒါနဲ့ (E-Reader) ဖတ်ကြမှပဲ မော်ကွန်းက အဆင်ပြေမယ် ထင်ပါတယ်။
အောက်မှာ ဖတ်ကြည့်ပါ။
http://www.scribd.com/doc/110946155/mawkun-1
http://www.scribd.com/doc/110946143/maw-kun-no-2