SAFFRON REVOLUTION
ေ ႏြ ေ နှာ င်း ၀ သ န် ရဲ့  မှာ တ မ်း ရှ ည်
အောင်ဝေး၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၂ (စာအုပ်အမှာစာ)
တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားခဲ့ကြပြီ။
ညတုန်းက ဟိုးအဝေးကြီး ဥရောပမှာနေတဲ့ “ရဲရင့်သက်ဇွဲ“က၊ အစ်ကိုရေ…ကျနော့်ကဗျာစာအုပ်အတွက် အမှာစာလုပ်ပါဦး ဆိုပြီး၊ အွန်လိုင်းပေါ်ကနေ လှမ်းသတိပေးသည်။
မစ်ရှီဂန်ညက၊ အေးအေးနွေးနွေးကလေး နက်လာနေသည်။ အိမ်အပြင်မှာ လေညင်းတိုးနေသလား။ ကျနော် မှန်ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့၊ သစ်ပင်မှောင်မှောင်တွေ မိုးတိုးမတ်တတ်။ သစ်ရွက်တွေ နားရွက်မခတ်။
ဟော…သိပ်တောင်မကြာလိုက်။ နားထောင်နေတဲ့ အာရ်အက်ဖ်အေရေဒီယိုက၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်အကြောင်းလွှင့်နေတုန်းပဲ၊ ရုတ်ဆို မိုးစက်မိုးပေါက်တွေ ပြတင်းပေါက်မှန်တွေကို တဖျန်းဖျန်းလာရိုက်ပါလေရော။
ဒီမှာ နွေက ကုန်တော့မယ့်ဆဲဆဲ။ အခုလို မိုး သည်းသည်းသွန်သွန်ရွာချလိုက်တော့၊ အိမ်ထဲမှာ ထိုင်နေတဲ့ စိတ်ကလေးက ဘယ်ဆီလွမ်းမိ တမ်းမသိ ဖြစ်လို့ သွားပါတယ်။ ဒီမှာ ဆိုတာက မိုးက အစိုးရတာမဟုတ်။ ရွာချင်တဲ့အချိန်ရွာတာ။ ဆောင်းဦး၊ ဆောင်းနှောင်းမှာလည်း မိုးကရွာရင် ရွာတာပဲ။ နွေဦး၊
နွေနှောင်းမှာလည်း မိုးကရွာချင်ရွာတာပဲ။ ရွာပြန်ရင်လည်း အမုန်းရွာတာကလား။ အခုဟာကတော့ နွေကုန်ခါနီးမှာ ပုန်ကန်ပြီးရွာတဲ့မိုး။ သူပုန်မိုး။ အို…တကယ့်ကို နွေနှောင်းဝသန်ပါပဲလား။
ဒီမှာ စက်တင်ဘာက နွေနှောင်းရာသီ။ အမိတိုင်းပြည်ကလေးမှာတော့ စက်တင်ဘာက မိုးရာသီ စစ်စစ်။ ဒီက စက်တင်ဘာညချမ်း အေးချမ်းသလောက်၊ ကျနော့်တိုင်းပြည်အဝေးက၊ စက်တင်ဘာညချမ်းတွေကော အေးချမ်းပါ့ မလား။ အသည်းစိုင်မှာ နာခံခက်တဲ့ နေ့ စွဲဆိုးတွေ၊ ကျနော်တို့ ရဲ့ စက်တင်ဘာမှာ၊ ကျနော်တို့ ပြည်သူတွေ အလိုမတူဘဲ၊ ရေးထိုးခဲ့ကြတယ်။ကျနော်တို့ ပြည်သူအားလုံးဟာ စက်တင်ဘာ (၁၈)ရက်ဆိုရင် မုန်းတယ်။ ဒီနေ့ ဒီရက်စွဲကို ပြက္ခဒိန်ပေါ်ကနေ ကျနော်တို့ ဖယ်ထုတ်ပစ်ချင်တယ်။
လွန်ခဲ့သော(၂၄)နှစ်က၊ အဲဒီလို စက်တင်ဘာလမှာ၊ စက်တင်ဘာ(၁၈)ရက်နေ့ မှာ၊ စစ်တပ်က အာဏာသိမ်းခဲ့တာ မဟုတ်လား။ စက်တင်ဘာနှင်းဆီတွေ တင့်ကားဘီးအောက်မှာ မွမွကြေခဲ့တာပေါ့ ။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်၊ ရှစ်လေးလုံးအရေးတော်ပုံမြစ်မကြီးရဲ့ ရေစီးအဟုန်
တုံ့ သွားရတယ်။ မြင်းကို ဇက်ခွံ့ လိုက်သလိုပဲ။ မြစ်ဟာ ဇက်ခွံ့ ခံလိုက်ရပေါ့ ။ ဒါပေမဲ့…။
ရာဇ၀င်အရိုင်းမခံတဲ့ မြစ်မကြီးဟာ၊ အခြေအနေတစ်မျိုးပြောင်းပြီး၊ မြစ်ငယ် မြစ်နုတွေ အများအပြားကွဲမြွှာထွက်ပြီး ဆက်လက်ခွဲဖြာစီးဆင်းခဲ့တယ်လေ။ ဆိုပါတော့…အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဟာ မြစ်ငယ်တစ်စင်း။ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီဆိုတာ မြစ်နုတစ်သွယ်။ နောက်ထပ် ဆိုပါဦးတော့၊ မကဒတ( ABSDF ) လို့ ခေါ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ကျောင်းသားတပ်မတော်) ကလည်း မြစ်ငယ် မြစ်နု တစ်ခုပဲမဟုတ်လား။
တစ်ချိန်မှာ၊ မြစ်ငယ် မြစ်နုတွေအားလုံး၊ မြစ်မကြီးတစ်ခုအဖြစ် အင်နဲ့ အားနဲ့ ပြန်လည်ပေါင်း;စည်းလာမယ့် အနေအထားတစ်ရပ်ကို ကျနော်တို့ ပြည်သူတွေ မျှော်လင့်စောင့်စားနေခဲ့ကြတယ်။
မြစ်ငယ် မြစ်နု အသီးသီးဟာ အကျဉ်းထောင်တွေထဲကို ဖြတ်သန်းစီးဆင်းခဲ့ကြတယ်။ ယက္ခ ကုမ္ဘန်အထပ်ထပ်၊ ခြံတံခါးသော့ခတ်ထားတဲ့နေအိမ်အကျယ်ကြီးထဲမှာ ဖြတ်သန်းစီးဆင်းခဲ့ရတယ်။ ငှက်ဖျားပိုးနဲ့ ဝါးပိုးမျှစ်စား၊ တောကြမ်းတောင်နက်တဲ့ နယ်စပ်က ကတုတ်ကျင်းတွေထဲ ဖြတ်သန်း စီးဆင်း၊ မြစ်ငယ်တစ်စင်းချင်း၊ မြစ်နုတစ်သွယ်ချင်း၊ ဘ၀တွေ၊ အသက်တွေ ရင်းနှီးပေးဆပ်ခဲ့ကြပြီ။
ဘယ်အချိန်မှာများ ဒီမြစ်ငယ် မြစ်နုတွေအားလုံး၊ တစည်းတလုံးတည်းနဲ့ မဟာနဒီမြစ်မကြီးတစ်ခု အဖြစ်ကို ပြန်လည်ရောက်ရှိလာပါ့ မလဲ။ မျှော်လင့်ပေါ့ ။ မျှော်လင့်တော့ ချစ်သူ။
နယ်စပ်မှာ န၀တ စစ်အစိုးရက လက်နက်ကိုင်အင်အားစုတစ်ခုချင်းစီကိုချဉ်းကပ်ပြီး၊ ငြိမ်းချမ်းရေး ကမ်းလှမ်းလိုက်တော့၊ ငြိမ်းချမ်းရေးကို အသက်လောက်မြတ်နိုးတဲ့သူပုန်တွေ အပစ်အခတ် ရပ်စဲလိုက်ကြတယ်။ အပစ်ရပ်လိုက်တော့ ဘာဖြစ်သလဲ။ န၀တ၊ နောင် နအဖ စစ်အစိုးရက လက်နက်ကိုင်တော်လှန်ရေးသမားတွေ အပေါ် အပြတ်ရစ်တော့တာပဲပေါ့ ။ အပစ်ရပ်တော့ အပြတ်ရစ်ခံရပြီပေါ့ ။
ပြည်တွင်းမှာ စစ်အာဏာရှင်အစိုးရက အကျဉ်းထောင်တံခါးတွေကို ခဏခဏ ဖွင့်လိုက်ပိတ်လိုက် လုပ်တယ်။ လူတိုင်းဟာ နရသိန်အိပ်မက်တွေကိုယ်စီနဲ့ ။ ပြည်တွင်းက နိုင်ငံရေးဟာ အကြမ်းမဖက်၊ လက်နက် မကိုင်၊ အဖမ်းခံနိုင်ငံရေးဖြစ်တယ်။ တစ်နည်းအားဖြင့် နရသိန်ပေါ်လစ်တစ် ဆိုပါတော့။ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူမှန်သမျှ စစ်အစိုးရက ဖမ်းဆီးနှိပ်စက် ထောင်ချနေတဲ့ခေတ်။ ဗမာပြည်အကျဉ်းထောင်တွေဟာ အကြမ်းမဖက်တော်လှန်ရေးတက္ကသိုလ်တွေဖြစ်လာတယ်။
အဲဒီ တက္ကသိုလ်တွေကနေ၊ ဆေးသားရဲရဲတင်ထားတဲ့ ဓားကောင်းဓားထက်တွေ ထွက်လာတယ်။ တူသား ပေသားကျနေတဲ့သံမဏိနှလုံးသားတွေ ထွက်လာတယ်။ ငယ်ရွယ်နုပျိုတဲ့ သူပုန်မျိုးဆက်သစ်တွေ ထွက်လာတယ်။ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင်မြေမြှုပ်သင်္ဂြိုဟ်ပစ်မယ်ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ပေါ့ ။ ယုံကြည်ချက်ကတော့ ဘယ်တော့မှ မသေ။
ရှစ်လေးလုံးအရေးတော်ပုံကြီး(၁၉)နှစ် ပြည့်တဲ့ အချိန်မှာတော့၊ အဲဒီ မသေတဲ့ယုံကြည်ချက်ကပဲ၊ နောက်ထပ်အရေးတော်ပုံအသစ်တစ်ခုကိုမွေးဖွားပေးလိုက်ပါတယ်။ ဒါကတော့ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးပါပဲ။
ဒီတစ်ခါမှာတော့၊ အရေးတော်ပုံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍက ပြောင်းလဲသွားခဲ့ပြီ။၁၉၈၈ တုန်းက အရေးတော်ပုံကို ကျောင်းသားတွေက ဦးဆောင်ခဲ့တယ်။ ဒီတစ်ခါမှာတော့ ၂၀၀၇ ဟာ၊ သံဃာတွေ ဦးဆောင် ခဲ့တာပါ။ သံဃာတွေ ဦးဆောင်လို့ ဒါကို သံဃတော်လှန်ရေးလို့ ခေါ်လို့ မရပါဘူး။ ဒါဟာ လူထုတော်လှန်ရေးပဲ။ လူထုအရေးတော်ပုံပဲ။ ဒါကို ရွှေဝါရောင်တော်လှန်ရေး လို့ ပဲ၊ တစ်ကမ္ဘာလုံးက ခေါ်ခဲ့ကြတာပါ။
၂၀၀၇ အခင်းအကျင်းက ရှင်းရှင်းလင်းလင်းကလေးပါ။ ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အကျယ်ချုပ်ကျနေဆဲ။ မင်းကိုနိုင်တို့ တစ်အုပ်စုလုံး အကျဉ်းထောင်ထဲရောက်သွား။ အင်န်အယ်လ်ဒီ ကလည်း ခြေချုပ်ကျနေတုန်း။ ဒီအချိန်မှာ သံဃာတွေက ( ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းခဲ့တဲ့) စက်တင်ဘာ (၁၈)ရက်နေ့ မှာ၊ နအဖ စစ်အစိုးရကို စတင်တိုက်ပွဲခေါ်ပြီး လမ်းပေါ်ထွက်လာခဲ့ကြတာပါပဲ။
စက်တင်ဘာ(၂၄)နဲ့ (၂၅)ရက်တွေမှာ၊ အထွေထွေသပိတ်ကြီးဆင်နွှဲနိုင်တဲ့အထိ တိုက်ပွဲအရှိန်က ဒီရေမြင့်သစ် တက်ခဲ့တာပါ။ ဒါပေမဲ့ စက်တင်ဘာ(၂၆) ကစပြီး နအဖ စစ်အစိုးက သံဃာနဲ့ လူထုကို ရက်ရက် စက်စက် အကြမ်းဖက်ချေမှုန်း၊ ဘုန်းကြီးကျောင်းတွေကို အဓမ္မ၀င်ရောက် စီးနင်းတိုက်ခိုက်၊ မြင်မြင်သမျှ ဖမ်းဆီးထောင်ချ၊ မဟုတ်မမှန် လုပ်ကြံ ပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်တော့တာပဲမဟုတ်လား။
စက်တင်ဘာဟာ သံဃသွေးနဲ့ စွေးစွေးနီခဲ့တယ်။ အသည်းနာ ကမ္ဘာမကြေတဲ့ ချင်းချင်းရဲရဲ စက်တင်ဘာပါပဲ ရွှေဝါရောင်ရေ…။
အခုတော့ ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်ခဲ့ပြီ။
ကျနော်တို့ မမေ့နိုင်ကြသေးပါဘူး။ မေ့လို့ လည်း မရပါဘူး။ အဲဒီလို မမေ့နိုင်တဲ့သူတွေထဲမှာ ရဲရင့်သက်ဇွဲ လည်းပါတယ်။
ကျနော်တို့ ရွှေဝါရောင်တော်လှန်ရေးကြီးဆင်နွှဲကြတဲ့အချိန်က၊ သူ(ရဲရင့်သက်ဇွဲ)က ဂျပန်မှာ။ ဂျပန်နိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ ထပ်တူ၊ သူ့ ရင်ထဲမှာလည်း ရွှေဝါရောင်နာကျင်မှုတွေ အပြည့်။ အခုတော့ သူက ဆေးကုသခံဖို့ ဖင်လန်နိုင်ငံကိုရောက်ရှိနေပါတယ်။ ဘယ်နေရာရောက် ရောက် သူ့ ရင်ထဲက ရွှေဝါရောင်နာကျင်မှုတွေက ဘယ်တော့မှ မပျောက်။
အခု သူက ရွှေဝါရောင်တော်လှန်ရေး(၅)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်၊ သူရေးခဲ့တဲ့ ရွှေဝါရောင် ခံစားမှုတွေကိုစုပြီး၊ ကဗျာစာအုပ်ကလေးထုတ်မလို့ တဲ့၊ အဲဒါ ကိုအောင်ဝေး အမှာစာရေးပေးပါတဲ့လေ။
ခက်တာပဲ သက်ဇွဲရာ။ တကယ်က သူ အမှာစာတောင်းရမှာက၊ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ခဲ့တဲ့၊ ဒါမှမဟုတ် တက်ကြွစွာပါဝင်ခဲ့တဲ့ သံဃာတစ်ပါးပါးဆီကပဲ ဖြစ်သင့်တာပါ။ ကျနော်က ဘာကောင်မှ မဟုတ်။ ပြည်တွင်းက တချို့ ပုဂ္ဂိုလ်တွေစွပ်စွဲသလို၊ ကြောက်လို့ ပြည်ပကိုထွက်ပြေးတဲ့ သူတွေထဲက တစ်ယောက်သာပဲ။ ဘာကောင်မှ မဟုတ်။ သမိုင်းကဆုံးဖြတ်လိမ့်မည်။
မစ်ရှီဂန်နွေညချမ်းကတော့၊ မိုးရေနူးပြီးစိုအိနေပါပြီ။ ဘယ်သူ မျက်ရည်ကျနေတာလဲ။ အိမ် အပြင်မှာ စက်တင်ဘာမိုးကလည်း မတိတ်သေး။ စိတ်ထဲက မကျေမနပ် လွမ်းဆွတ်နာကျင်လာသည်။ ဘာကိုလဲ။ ဘယ်သူ့ ကိုလဲ။
ဆရာမောင်စွမ်းရည်ရေးခဲ့သလို “ ဘောင်းဘီသာချွတ်၊ မချွတ်သေနတ်“ ဆိုတဲ့၊ အရပ်သားအစိုးရ ဆိုတာကိုလား။ ဒီအစိုးရကိုယုံကြည်မျှော်လင့်ပြီး လက်ခံပေါင်းသင်းနေတဲ့သူတွေကိုလား။ မနေ့ တစ်နေ့ တုန်းကတော့ ပြည်တော်ပြန်တွေကို သံပုံးတီးလွှတ်ကြသည်။ ဒီနေ့ တော့ ရှစ်ဆယ့်ရှစ်တွေကို ဆန္ဒပြနေကြ ပြန်ပြီ။ ကိုယ့်အချင်းချင်းတွေချည်း တိုက်ခိုက်နေကြပါလား။ အရပ်သား(စစ်)အစိုးရကို ဘေးမဲ့ပေးထားလိုက် ကြပြီလား။
ကျနော်တို့ ကို အယုံသွင်းနေပြီ။ ကျနော်ကတော့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူ၊ သမ္မတဦးသိန်းစိန်ကိုလည်း မယုံ။ သူ့ အစိုးရကိုလည်း မယုံ။ ပြည်တွင်းမှာေ ပြာင်းလဲနေပြီဆိုတာကိုလည်း ကျနော် မယုံ။
ရဲရင့်သက်ဇွဲကိုတော့ ပြည်သူ့ ဘက်က ရပ်တည်တဲ့ ကဗျာဆရာမို့ ၊ ယုံကြည်လို့ ၊ ဒီအမှာစာကို ရေးပေးလိုက်ပြီ။
သူ ရောက်နေတာက…ဖင်လန်။
ကိုယ် ရောက်နေတာက…အမေရိကန်။
အိုဘယ့်…နွေနှောင်းဝသန်ရယ်။ ။
အောင်ဝေး
(စက်တင်ဘာ ၁၈-၂၀၁၂)
ဆရာ
ကျနော်ဟာ ဆရာကို လေးစားသူတစ်ယောက် လို့ ဦးစွာပြောကြားလိုပါတယ်။ ဆရာ့ အနုပညာကိုလည်း တန်ဘိုးထားသလို ဆရာ နိုင်ငံရေးဖြတ်သန်းမှု ကိုလည်းအသိမှတ်ပြုလေးစားသူတစ်ယောက်ပါ
။ လေးစားထိုက်လို့လေးစားတဲ့သူတစ်ယောက်ပါ ။ အန်တီစု က တောင်းဆိုတယ် သူ့ ကို ယုံကြည်ပါပေါ့ ။ ကျနော်တော့သူ့ ကို ယုံတယ် ။ သူ့ ရိုးသားထက်မြက်မှု ၊ သူ့ အမျှော်မြင်ရှိမှု တို့ ကို ယုံတယ် ။ကျနော့်ရဲ့ ယုံကြည်မှု ဟာ ဒိတိုင်းပြည် အတွက် သူ လုပ်ပေးလိမ့်မယ်။ ကိုယ် ကတော့ ဘာမှ လုပ်စရာမလိုတော့ဘူးဆိုပြီးတော့ တာဝန်မဲ့ ယုံကြည်မှု မျိုးမဟုတ်ပါဘူး ။ ကျနော်လည်း တတ်နီင်သလောက် ကျနော်တို့ လု့ အဖွဲ့အစည်းအတွက် လုပ်မယ်ပေါ့လေ
တာဝန်ယူမယ်ပေါ့လေ ဆိုတဲ့ သဘောမျိုး နဲ့ ယုံ ကြည် လိုက်တ်ာပါ ။ ကျနော့်အထင်ပြောရရင် ဒီတိုင်းပြည်မှာ ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ နိုင်ငံရေးမှာ အပြောင်းအလဲလုပ်နိုင်တာ အန်တီစု တစ်ယောက် သာလျှင်ရှိပါလိမ့်မယ် ။ ၈၈ လည်း လုပ်နိုင်မယ် မထင်ပါ ။ ဘော လုံ့းစကားအရပြောရရင် ကစားကွက်ကို ပုံဖော်နိုင်တယ် ကွင်းထဲက result ကို ချိန်းပေးနိုင်တယ်ပေါ့ ဆရာ ။ ကျနော်ကတော့ အန်တီစုရဲ့ ခေါင်းဆောင်မှု ကို ယုံတယ် ။ သူ့ ရဲ့ ရပ်တည်ချက်တွေကို တတ်နိုင်သလောက် လေ့လာပြီး ထောက်ခံတယ် ။ အခုချိန်ထိ မှန် ကန်စွာရပ်တည်တယ်လို့ ကျနော်ယူဆထားပါတယ် ။ဆရာက အန်တီစုနဲ မတူဘူးဆိုတော့ ဘာကိုမတူတာလဲ ။ဘာကြောင့်မတူနိုင်တာလဲ ။ နောက် ဒီအထဲမှာပြောင်းလဲနေတယ်ဆိုတာကို ကျနော်အပြည့်အ၀ ထောက်ခံဘို့ ခဲယဉ်းသော်လည်း ပြောင်းလဲမှု လမ်းကြောင်းပေါ် ကို လျှောက်လှမ်းနေတယ်ဆိုတာကိုတော့ကျနော် ပြောရဲပါတယ်။နောက်ပြည်ပ က၀င်လာတဲ့သူတွေကို သံပုန်းတီးပြီးလွတ်လိုက်တာ မဟုတ်ဘူးဆရာ ။ ပြော၇ရင်အချို့ ကဘီလူးဆိုင်လေးနဲ့ ၀င်လာတာရှိတယ်လေ။ ဟောက်စား ၊ခြောက်စား ။မြှေက်စား ။ ကောက်စားကွက်လေးတွေနဲ့ပေါ့ဆရာရယ်။အပြင်က ၀င်လာတဲ့သူတိုင်းကို တော့မဆိုလိုပါဘူး။ သို့သော်ကျနော်တို့ ဖြစ်ချင် တာ မျှော်လင့်တာကတော့ အပြင်ရယ်အတွင်းရယ် မခွဲခြားဘဲ ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုကောင်းအောင်လုပ်ကြမလဲပေါ့ ။ကြားဘူးသလောက်ပြောရရင် တပ် ကို တိုက်တဲ့သူတွေဟာ တပ်ကို ကွဲအောင် ချိနဲ့အောင် လုပ်ဆောင်ဘို့ ဆော်သြ ကြတယ် ။ နောက် သူတို့ ဘဲ ချိနဲ့ သွားကြတယ်။သမိုင်းသင်ခန်းစာ မကြေသေးဘူး လို့ ဘဲပြောရမလားမသိဘူးနော်။ အဲဒီအထဲမှာကျနော်လည်း ပါတယ် နော် ။ညီညွတ်ရေး လိုချင်တယ်ဆရာ ။ အားလုံး တသွေးထဲတသားထဲ ရှိတဲ့ညီ ညွတ်ရေး ကို မဆိုလိုပါဘူး ၊ အလုပ် လုပ်တဲ့အခါ တာဝန်တွေ ထမ်းဆောင်တဲ့အခါ အလုပ်ဖြစ်လောက်တဲ့ ညီညွတ်ရေး လို့ချင်ပါတယ် ။ ကျနော်ဒီစာကို ရေး ရခြင်းအကြောင်းရင်းကတော့ ကျနော်က အန်တီနဲ မတူ တာ မထောက်ခံတာ ဟာ အကြောင်းမဟုတ်ပါဘူး ကျနော့် ကို ဘယ်သူမှလည်း မသိ ( သိလည်း သူငယ်ချင်းးနဲ့ မိသားစူပေါ့ ) ကျနော့်စကားကိုလည်း တလေးတစားနားထောင်မှာမဟုတ် ။ သို့သော် ဆ၇ာ စကားကိုတော့ ကျနော် တို့ လို လေးစားတန် ဘိုးထားနားထောင်တဲ့သူတွေ က အများသား ..။ ဒါကြောင့် ညီညွတ်ရေး ပြိုကွဲနေတဲ့ ကျနော်တို့ တိုင်းပြည်က လူငယ်တွေအတွက် … ဆရာ ဘယ်လဲ … ဆရာ ဘာလဲ ။
လေးစားသဖြင့်
ဇေယျာမိုးသစ်