မိုးမခကို ပေးတဲ့စာ

ပုဂ္ဂလိကဆေးရုံပိုင်ရှင်မှ လက်အောက်ဝန်ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်

ကိုနှင်းမောင် (ဟင်္သာတ)
အောက်တိုဘာ ၁၈၊ ၂၀၁၂ 
 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သော မြင့်မြတ်ဆေးရုံတွင် ၁၄-၁၀-၂၀၁၂ နေ့၌ ဆေးရုံပိုင်ရှင် မှ သူ၏၀န် ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြင့်မြတ်ဆေးရုံပိုင်ရှင်မှ သူ၏၀န်ထမ်းအား အမျိုးမျိုးအကြောင်းပြကာ နှိပ်စက်ညှဉ်းပန်းသောကြောင့် ထိုဝန်ထမ်းမှာ အလုပ်မှ ထွက်လိုကြောင်းပြောရာ ပိုင်ရှင်မှ ကြိုးဖြင့်တုတ်ကာ အပြင်သို့ထွက်ခွင့် မပေးတော့ ကြောင်း၊ မီဒီယာသမားတွေလာကာမှ ထုတ်ပေးကြောင်း သိရသည်။ ထိုဝန်ထမ်း အမည်မှာ ကိုအောင်ကျော်ဟုသိရပြီး လောလောဆယ် စခန်းတွင်အမှုဖွင့်ထားကြောင်း၊ ကိုအောင်ကျော်အား ဆေး ရုံပိုင်ရှင်မှ ကြိမ်းလုံးဖြင့်ရိုက်ကြောင်း၊ နာရင်းကို လက်ဝါးဖြင့်ရိုက်ကြောင်း၊ နှိပ်စက်တာကိုမခံနိုင်၍ အလုပ်မှထွက်မည်ဆိုတာကို ပေးမထွက်ပဲ လျော်ကြေးပေးမှ ထွက်လို့ရမည်။ ပြီးတော့ ကြိုးဖြင့်တုတ်ထားကြောင်း၊ မီဒီယာသမားတွေလာမှ ထုတ်ပေးတာဖြစ်ကြောင်း ကိုအောင် ကျော်နှင့် နီးစပ်သူတစ်ဦးမှ သိရှိရသည်။

ထိုဆေးရုံပိုင်ရှင်မှာ ဟင်္သာတဂေါက်ကွင်းတွင် KTV ဖွင့်ထားသော ကိုဝင်းဇော် (စသုံးလုံး ဦးစီးအရာရှိ) နှင့် ဆွေမျိုးတော်စပ်သည်ဟု ကြားသိရပြီး၊ ထို့ကြောင့်သာ “စသုံးလုံးရဲ့တူဆိုပြီး အရှိန်နဲ့ လုပ်ချင်တိုင်းလုပ်နေတာ။ ကိုဝင်းဇော်ရဲ့ KTV ကလည်း တိုင်လိုက်လို့ နားရင် အများဆုံးတပါတ်ပဲ။ ပြီးတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ ဘာမှ မပြောင်းလဲပါဘူး”ဟု မြို့ခံတစ်ဦးက ပြောကြားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

6 thoughts on “ပုဂ္ဂလိကဆေးရုံပိုင်ရှင်မှ လက်အောက်ဝန်ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်
  1. ဒီKTP တွေကဘယ် လ်ုတိုင်တိုင် ဖမ်းမှာမဟုတ်ဘူး
    16,10,2012နေ့က ချမ်းသာ ပါတာတောင် ဘာမှမလုပ်ဘူး
    ဂေါက်ကလပ် GK ချမ်းသာတ်ု့ကလူကြီး လာစစ်ရင်သူ တို့ဆီက
    ငွေနဲဧည်ခံရတာ ဒန အမှတ်(1) SB ရဲကင်းတို့ကပ်ုက်ဆံ မရှ်တဲ
    123 သာဖမ်းတာကွ

  2. ဒီလိုမျိုးအဖြစ်အပျက်တွေဟာ အရမ်းအကျည်းတန်လွန်းပါတယ်။ ဒီလိုအစွယ်အပွားတွေကြောင့် တကယ်တာဝန်ထမ်းနေ တဲ့သူတွေကိုထိခိုက်ပါတယ်။ စသုံးလုံးဆိုတာ မြန်မာနိုင်ငံမှာ တကယ့်ကိုအဆင့်အတန်းရှိတဲ့အဖွဲ့အစည်းအဖြစ်ရပ် တည်နေရမှာပါ။ ကိုဝင်းဇော်နဲ့ ဆွေမျိုးတော်စပ်တာနဲ့ဒီခေတ်မှာဒါမျိုးမလုပ်ပါစေနဲ့။ တစ်ခုလဲသတိထားကြပါဦး။ အလုပ် သမားဆိုတဲ့သူကတော အလုပ်ရှင်ရဲ့ စိတ်တိုင်းကျမဖြစ်လို့နေမှာပေါ့။ တစ်ချို့ကျတော့လဲ ဆန်မရှိသောက်စားကြီး ဆိုသလို အလုပ်သမားဘက်ကလဲ ချို့ယွင်းချက်ရှိလို့နေမှာပါ။ ဘာပဲဖြစ်ဖြစ် ထိထိရောက်ရောက်အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်။

    1. ခုလေးတင် ဖုန်းလာပါတယ်။ဒီသတင်းနဲ့ပါတ်သက်ပြီး ဘယ်သူတာဝန်ယူနိုင်ပါသလဲ။အတိအကျဆက်သွယ်လို့ရမယ့်နာမည် ၊လိပ်စာ ၊ဖုန်းနံပါတ် လိုချင်ပါတယ်။အောက်မှာ ကွန်မန့်ရေးပေးပါ ။

  3. ဒီလိုလဲပြောလို့မရဘူးလေ အလုပ်သမားကမှားနေရင် အလုပ်ရှင်က
    သတိပေးတာတို့ မကြိုက်ရင် အလုပ်ကထုပ်ပယ်တာတို့လုပ်ပေါ့
    ဒီလိုကိုယ်ထိလက်ရောက် လုပ်တာကတော့ ပြင်းပြင်းထန်ထန်အရေး
    ယူသင့်ပါတယ်

  4. ကို pk ဆိုလိုတာကဒီကိစ္စကြိမ်းသေရင်ဆက်သွယ်ရမယ့် ဖုန်းဟုတ်လား ဟားဟား တစ်မြို့ လုံး ဒီလူ တဖက်စွန်းရောက်တာ
    သိတယ် မဟုတ်ဘူးဆိုရင်တရားစွဲလေဗျာ ခင်ဗျားတို့ ဘက်ကသာစဆွဲကြည့်  အရင်ကခံလာရတဲ့ သူတွေ Ilo နှင့် အခြားမီဒီယာတွေပါမလာရင်ကြိုက်သလိုပြောဗျာ စ စွဲကြည့် လိုက်လေဒလုပ်ကြည့် လိုက်ပါအခုခေတ်ကအရင်ခေတ်နဲ့ မတူဘူး ဒီမိုကရေစီခေတ်ကိုဖေါ်ဆောင်နေတာချမ်းသာတိုင်းလုပ်လို့ မရဘူး

  5. ကို Pk ပြောတာရှင်းရှင်းလေး ခင်ဗျားနားမလည်ဘူးလားရှင်းချင်ဒဲ့ ရှင်း ပေါက်ကရ မလုပ်နဲ့  သတ္တိရှိရင် ဒဲ့ ရှင်းလေ

Comments are closed.