ဓာတ်ပုံသတင်း

ထိုင်းနိုင်ငံ ပထမအကြိမ် စာပေဟောပြောပွဲကျင်းပ

မိုးမခအထောက်တော်
အောက်တိုဘာ ၈၊ ၂၀၁၂

ထိုင်းနိုင်ငံ ပထမဆုံးအကြိမ်အဖြစ် မဟာချိုင်မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲကို စာပေမူစီဝပ်ထစ်ကျောင်းတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ နေ့လည် ၁၂ နာရီမှာ ၅နာရီထိကျင်းပရာ ပရိသတ် ၁၅၀၀ ခန့် တက်ရောက်ခဲ့သည်။

အဆိုပါ စာပေဟောပြောပွဲမှာ ရွှေတွံတေးဆရာတော်၊ မြင့်သူရ၊ ဆရာမသန်းမြင့်အောင်၊ အော်ပီကျယ်နဲ့ အဆိုတော် ဆောင်းဦးလှိုင်တို့က ဟောပြောခဲ့တာဖြစ်ပါတယ်။

ရွှေတွံတေးဆရာတော် အရှင်ဝါယမက အမြည်း ခေါင်းစဉ်ဖြင့် စာပေသမိုင်း စာပေအမျိုးအစား စာပေလွတ်လပ်ခွင့် စသည်တို့ကို ဟောပြော ခဲ့ပါတယ်။ စားများများဖတ် များများတွေး ကောင်းတာရွေးလုပ်ဖို့၊ မျက်စိနှင့် မဖတ်နိုင်ရင် နားနှင့်ဖတ်ဖို့၊ တိုင်းပြည်နှင့်လူမျိုး အကျိုးရှိအောင် ဖတ်ဖို့ မှတ်ဖို့ လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

လာရောက်ဟောပြောကြတဲ့ စာရေးဆရာတွေကို ထိုင်းနိုင်ငံ၊ မဟာချိုင်ရောက် ရွှေ့ပြောင်းအလုပ်သမားများက ဂုဏ်ပြုလက်ဆောင်များ ပေးခဲ့ကြပါတယ်။ ထို့ပြင် ဗမာပြည်ငြိမ်းချမ်းရေးကို လိုလားတောင့်တနေကြသည့်အတိုင်း ငြိမ်းချမ်းပါစေ မြန်မာပြည်ဟု ကြွေးကြော်ခဲ့ကြ ကြောင်း သိရပါတယ်။

စာပေဟောပြောပွဲ မှတ်တမ်းဓာတ်ပုံများ
 
 
 
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ထိုင်းနိုင်ငံ ပထမအကြိမ် စာပေဟောပြောပွဲကျင်းပ
  1. နောက်နှစ်မှာ မတူတဲ့ စာရေးဆရာ၊ ဘုန်းကြီး၊ အဆိုတော် တွေလာရင်လည်း ပထမအကြိမ်လုပ်အုန်းမှာလား။း) … မနှစ်က မဲဆောက်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲက ထိုင်းနိုင်ငံမှာမဟုတ်ဘဲ မဲဆောက်ကို မြန်မာအပိုင်ထဲများထည့်လိုက်သလားပဲ။

  2. စာပေဟောပြောပွဲအောင်မြင်စွာပြီးမြောက်ရေးတွက် ကြိုးပမ်းအားထုတ်ခဲ့သူအားလုံးကို မတက်ရောက်ဖြစ်ခဲ့တဲ့ မဟာချိုင်သားတယောက်အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ပါကြောင်းဂုဏ်ပြုစကားဒီနေရာကပြောပါရစေခင်ဗျာ။

  3. စာပေဟောပြောပွဲ ဗွီဒီယို လေးတင်ပေးပါခင်ဗျာ

Comments are closed.