ကဗျာ ကမာပုလဲ

အနှစ် ငါးဆယ်သို့ … ပေးစာ

ကမာပုလဲ
အောက်တိုဘာ ၈၊ ၂၀၁၂
စစ်မက်တွေ ဖြစ်ပွားနေတဲ့အရပ်မှာ
အဲဒီအချစ် ရှင်သန်လာခဲ့တယ် …။

ကလေးကလားဆန်တယ် ပြောရင်လည်း
ဒီက အပြုံးနဲ့ ခံယူဖို့အသင့်ပါ …
မင်းလည်း သူ့ကြောင့် မင်းဖြစ်လာခဲ့
ငါလည်း သူ့ကြောင့် ငါဖြစ်လာခဲ့တယ်။

စကားတွေ တလှေကြီးပြောခဲ့ပြီး
အဲဒီ တလှေကြီးထဲက စကားလုံးတွေတိုင်းဟာ
အချစ်လောက် လက်တွေ့မကျခဲ့ပါဘူး။

လူကို လူက ယူသွားတယ်
လူကို ငွေက ယူသွားတယ်
လူကို အကြောက်တရားက ယူသွားတယ်
လူကို သစ္စာမဲ့မှုက ယူသွားတယ်
လူကို သုံးစားမရတဲ့ခေတ်က ယူသွားတယ်
လူကို …။

ငါက ငါ့ဘ၀ကို မင့်နောက်လိုက်အဖြစ် ကျင့်သားရခဲ့ပြီးမှ
မင်းက ဦးဆောင်သူအဖြစ်ကနေ ဒူးထောက် အညံ့ခံသွားတယ်
အဲဒီ တခါအမှားဟာ
ငါတို့ရဲ့ အနာဂတ်ကို အရိုးကြီးကြီးနင်ခဲ့ပုံ
ရာဇ၀င်ရိုင်းလိုက်ပုံများ ပြောပါတယ် …။ ။

Photo – Aung Htet

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts