ဓာတ်ပုံသတင်း

ပဲခူးမြို့က ဘာသာပေါင်းစုံ ဆုတောင်းပွဲ

မိုးမခအထောက်တော်
အောက်တိုဘာ ၇၊ ၂၀၁၂

အောက်တိုဘာ ၂၉၊ ၂၀၁၂ ရက်နေ့က ပဲခူးမြို့တွင် ဘာသာပေါင်းစုံဆုတောင်းပွဲတခုကို ချမ်းမြေ့သာယာ ဓမ္မရိပ်သာကျောင်းတွင် ကျင်းပပြု လုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားကို ရွှေဝါရောင်ဆရာတော်ကြီးများ၊ ဘာသာရေး (၄) ခုမှ ခေါင်းဆောင်တွေက တက်ရောက်ခဲ့ပါတယ်။  အခမ်းအနားကို နေ့လည် (၁၂) နာရီလောက်မှာ စတင်ခဲ့ပြီး ချမ်းမြေ့သာယာ ဓမ္မရိပ်သာဆရာတော် ဦးတေဇောသာရမှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ပထမဦးစွာ ရန်ကုန်မြို့မှ ရောက်ရှိလာသော ရွှေဝါရောင်ဆရာတော် ဦးပဏ္ဏိဝံသမှ အမှာစကားပြောခဲ့ပြီး ဆရာတော် က လက်ရှိဖြစ်ပေါ်နေသော ပြဿနာမျိုးတွေ ဆက်လက်မဖြစ်အောင် ၀ိုင်းဝန်းထိမ်းသိမ်းကြဖို့ရန်နှင့် ဘာသာစုံ အချင်းချင်း ကူညီရန်၊ ငြိမ်းချမ်း စွာ နေထိုင်ရန်လိုအပ်ပါက ဆရာတော်ကြီးတွေထံ အကူအညီတောင်းရန် ပြောကြားခဲ့ပါတယ်။

ခရစ်ယာန်ဘာသာဝင်ဖြစ်သူ ရှေ့နေဦးတင်ဝင်း၊ ဗုဒ္ဓဘာသာဝင်ဖြစ်သူ ဦးအောင်မြင့်၊ အစ္စလာမ်ဘာသာဝင်ဖြစ်သူ ဦးသောင်းစိန်နှင့် ဟိန္ဒူ ဘာသာဝင်တဦးတို့မှ အသီးအသီး အမှာစကားပြောကြားခဲ့ပါတယ်။ အခမ်းအနားအပြီးမှာ ရွှေဝါရောင်ဆရာတော်များသည် ပဲခူးမြို့၊ မြို့ ရှောင်လမ်းတွင် မတရားသဖြင့် အဖျက်ခံထားရသော ဘုန်းကြီးကျောင်းများနေရာများသို့ ကြွရောက်ကြည့်ရှုခဲ့ကြပါတယ်။ ထို့နောက် ဆရာတော်တွေဟာ မွန်းလွဲ ၂း ၃၀ အချိန်တွင်  ရန်ကုန်မြို့သို့ ပြန်လည်ကြွချီတော်မူသွားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts