ကဗျာ

လေ လူ လက်နက် စစ်

နိုင်ဦးညို (ဖိုးဇီးရိုး)
စက်တင်ဘာ ၂၄၊ ၂၀၁၂

 

လေ
လေအားတွေ
လျော့ဖို့တော့လိုပြီ …။

လူ
လူဦးရေ ထိမ်းချုပ်ဖို့
ကြိုးစားကြပေမယ့် … မရ
သန်း ခြောက် ထောင်

လက်နက်
လက်နက်တွေ  စွန့်လွတ်ဖို့
ကြိုးစားကြပေမယ့် … မရ
သန်း ခြောက် သောင်း

စစ်
စစ်ပွဲတွေ ရပ်တန့်ဖို့
ကြိုးစားကြပေမယ့်  … မရ
သန်း ခြောက် သိန်း

လူ လက်နက် စစ်
လေအားတွေ
လုံးထွေးရစ်ပတ်
ဤကမ္ဘာမြေ
နှစ် သန်း ခြောက် သန်း
ရှည်ပါစေသား ….။    ။

မှတ်ချက် – လွန်ခဲ့တဲ့ ငါးနှစ်ခန့်က ရေးထားခဲ့တာဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts