ရသဆောင်းပါးစုံ

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်

ရွှေပြည်စိုး
စက်တင်ဘာ ၂၄၊ ၂၀၁၂

 

 

 

 

ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဟုဆိုသည်နှင့် မည်သူဖြစ်မည်ကို ချက်ချင်းသိမည်ဟု ယုံကြည် ပါသည်။ ထိုပုဂ္ဂိုလ်သည် ၂၁ ရာစု မြန်မာ့သမိုင်းတွင် တစ်ဦးတည်းသောကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် မြန်မာ့လူ့အခွင့်အရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်များ အဓိကရှိအပ်သည့်အ ရည်အချင်းများမှာ ….
၁။ ဉာဏ်ပညာ အရည်အချင်း
၂။ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်
၃။ မိမိအကျိုးထက် နိုင်ငံအကျိုးကို ဦးစားပေးဆောင်ရွက်စိတ် စသည်တို့ရှိရန် လိုအပ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် သည်ထိုကဲ့သို့သောအရည်အချင်းနှင့် ပြည့်စုံသည့်အပြင် ကိုယ်ကျိုးစွန့်၊အနစ်နာခံ စည်းစိမ်ဥစ္စာစွန့်၊ မိသားစုစွန့်၊ နောက်ဆုံး အသက်ကိုပါစွန့်ရန် ဆုံးဖြတ်ထားပြီးသူဖြစ်သည်။ ဤအချက်များသည် အခြားသောကမ္ဘာ့ခေါင်းဆောင်များထက် သာလွန်သော အချက်များဖြစ်ပါသည်။  ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာ့ထိပ်တန်းနိုင်ငံ့ခေါင်းဆောင်အဆင့်ဝင်ဖြစ်လာသည်ကိုမပြောမီ ဒေါ်စု၏ မိဘ နှစ်ပါးအကြောင်းကို ရှေးဦးစွာအကျဉ်းချုံး၍တင်ပြပါမည်။

● ဖခင် ဗိုလ်ချုပ်အောင်ဆန်း
ဒေါ်အောင်ဆန်းစုကြည်၏ဖခင်သည် တပ်မတော်ဖခင် လွတ်လပ်ရေးဗိသုကာ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအဖြစ် မြန်မာ သာမက ကမ္ဘာကပါ အသိအမှတ်ပြုခံရသူဖြစ်သည်။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌ (တကသ) ၏အာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်းအယ်ဒီတာ၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ) ဥက္ကဌအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ကျောင်းသားဘဝကနေ နိုင်ငံရေးလောကသို့ကူးပြောင်းရာတွင်လည်း သခင်ကိုယ်တော်မှိုင်းဦးဆောင်သော ဒို့ဗမာအစည်း အရုံး (၁၉၃၈-၄၀)၊ ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉ – ၄၀)   အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ဖဆပလပါတီ တည်ထောင်ရာတွင်လည်း ခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပါသည်။ ထိုသို့ မြန်မာ့လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၄၃ တွင်ဂျပန် ဧက ရာဇ်ဘုရင် Akihito က ဗိုလ်ချုပ်အောင်ဆန်းအား ဂျပန်သို့ဖိတ်ခေါ်ပြီး the Order of The Rising Sun ဘွဲ့ကိုချီးမြှင့်ခဲ့သည်။

● မိခင် ဒေါ်ခင်ကြည်
ဒေါ်ခင်ကြည်သည်မွန်မြတ်သော သူနာပြုအလုပ်ဖြင့်လုပ်ကိုင်ရင်း ဗိုလ်ချုပ်အောင်ဆန်းနှင့် ၁၉၄၂ ခုစက်တင်ဘာလတွင် အိမ်ထောင်ပြု သည်။ ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းကွယ်လွန်ပြီးနောက် ၁၉၆၀ ပြည့် မေလတွင်အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံ အ မတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ပေးအပ်ခြင်းခံရသည်။

ဒေါ်ခင်ကြည်သည် မြန်မာအမျိုးသမီးလောကတွင် ပထမဆုံးနှင့်တစ်ဦးတည်းသော အမျိုးသမီးသံအမတ်ကြီအဖြစ် မော်ကွန်းတင်ခံရပါ သည်။ ၇ နှစ်မျှ တာဝန်ထမ်းဆောင်ပြီး ၁၉၆၇ ခု ဇွန်လတွင် အငြိမ်းစားယူခဲ့သည်။

ဒေါ်ခင်ကြည်သည်ပြည်တွင်း၌ မွန်မြတ်သောသူနာပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို စေတနာသန့်သန့် ကိုယ်ကျိုးမဖက်ဘဲလုပ် ဆောင်မှုများကြောင့် ၁၉၄၇-၅၃ တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေး၊ ညွှန်ကြားရေးဝန်အဖြစ်လည်းကောင်း၊ ၁၉၅၃ -၅၈ တွင် ပြည်ထောင် စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးကျန်း မာရေးနှင့် ပြည်ရေးပြည်ရာအဖွဲ့၊ ပြည်ထောင်စုမြန်မာနိုင်ငံ အ မျိုးသမီးအသင်းများကောင်စီ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန့်ပွားရေးအသင်း စသည့်အသင်းအဖွဲ့များ၏ဥက္ကဌ အဖြစ်လည်းကောင်း မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊ မြန်မာနိုင်ငံသူနာပြုတင်ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး၊ ရာမာ ခရစ်ရှနာသာသနာပြုဆေးရုံနှင့် စာကြည့်တိုက်ဒုဥက္ကဌစသည့်တာဝန်များကိုလည်း ထမ်းဆောင်ခဲ့သည်။

ဒေါ်ခင်ကြည်သည်နိုင်ငံ့အကျိုးပြည်သူ့အကျိုးများကို စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ၁၉၅၀ ပြည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုက မြန်မာမိခင်ဘွဲ့၊ ၁၉၅၁ တွင် နိုင်ငံတော်အစိုးရက မဟာသီရိသုဓမ္မဘွဲ့၊ ၁၉၅၅ တွင် ယူဂိုစလားဗီးယားနိုင်ငံက မာရှယ်တီးတိုးယူဂိုစလပ်ကြယ် (ဒုတိယအဆင့်) နှင့် ထိုင်းနိုင်ငံဥသျှောင်အဖွဲ့က နိုဘယ်အော်ဒါဘွဲ့ (ဝါ) အမြင့်မြတ်ဆုံးဆုတံဆိပ်တို့ကို ချီးမြှင့်ခြင်ခံခဲ့ရပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ့အကျိုး ပြည်သူ့အကျိုးများကိုထမ်းဆောင်ခဲ့ကြသော ဂုဏ်သိက္ခာရှိ မိဘနှစ်ပါးမှဆင်းသက်လာသူဖြစ်၍ ဒေါ်စုသည်လည်း မိဘနှစ်ပါး၏ မွန်မြတ်သောလုပ်ငန်းများကို သမိုင်းပေးတာဝန်တရပ်အနေဖြင့် ယနေ့တိုင်ဆက်လက်ထမ်းဆောင်လျှက်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည် မည်သို့ကမ္ဘာထိပ်တန်းနိုင်ငံ့ခေါင်းဆောင် အဆင့်ဝင်ဖြစ်လာသည်မှာ အောက်ပါအကြောင်းအချက်များက အ ထောက်အကူပြု ပံ့ပိုးမှုများကြောင့်ဖြစ်ကြောင်း ဆက်လက်ရှင်းပြပါမည်။ ဒေါ်အောင်ဆန်းစုကြည်၏ …

၁။ ပညာအရည်အချင်းနှင့် ဘာသာစကား
ဒေါ်အောင်ဆန်းစုကြည်၏ပညာအရည်အချင်းကကမ္ဘာထိပ်တန်းနိုင်ငံခေါင်းဆောင်အဆင့်ဝင်စေခဲ့ပါသည်။ ဒေါ်စုသည် အိန္ဒိယနိုင်ငံ နယူး ဒေလီမြို့ရှိ နိုင်ငံရေးသိပ္ပံပညာရပ်ကို သင်ယူခဲ့သည်။ (၁၉၆၂-၆၃) ဒေါ်အောင်ဆန်းစုကြည်သည် ဒဿနိကဗေဒ၊ နိုင်ငံရေးသိပ္ပံ ၊စီပွားရေး ပညာရပ်များဖြင့် ဝိဇ္ဇာဘွဲ့ (B.A.) ကို Oxford University St Hugh’s College မှ ရရှိသူဖြစ်ပါသည်။ (၁၉၆၄-၆၇) ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးစင်တာတွင် ဧည့်ပညာရှင်အဖြစ် ဆည်းပူးခဲ့သည်။ (၁၉၈၅-၈၆)

ဘာသာစကားအရ အင်္ဂလိပ် ပြင်သစ် ဂျပန်ဘာသာစကားများကို ကောင်းစွာရေးပြောနိုင်သူ လည်းဖြစ်သည်။

၂။ အလုပ်အကိုင်နှင့်အတွေ့အကြုံ
ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍အလုပ်လုပ်ရာ တွင် ဒေါ်အောင်ဆန်းစုကြည်သည်ဘာသာရပ်အမျိုးမျိုးကိုသင်ယူထားသည်ဖြစ်၍ အလုပ်လုပ်ရာတွင် အလွန်အလွန်အဆင်ပြေပါသည်။ ရှေးဦးစွာလန်ဒန်တက္ကသိုလ်အာရှအရှေ့ပိုင်းအာ ဖရိကသုတေသနဌာနတွင်နိုင်ငံရေးဆိုင်ရာပညာရပ်များကိုကူညီသင်ကြားပေးကြောင်း (၁၉၆၈) အမေရိကန် နယူးယောက်မြို့ ကုလသမဂ္ဂအတွင်းဝန်များရုံး၏အုပ်ချုပ်မှုနှင့် ဘတ်ဂျက်မေးခွန်းများဆိုင်ရာအကြံပေးကော်မတီတွင် လက်ထောက်အတွင်းရေးမှူးအဖြစ်၎င်း (၁၉၆၉-၇၁)၊ ဘူတန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သုတေသနအရာရှိအဖြစ်၎င်း (၁၉၇၂)၊ အောက်စဖို့တက္ကသိုလ် ဂါးဒီးယန်းစာကြည့်တိုက် တွင်တာဝန်ခံအဖြစ်၎င်း (၁၉၇၅-၇၇) စသည့်နှစ်များတွင် ထမ်းဆောင်ခဲ့ပါသည်။

၃။ စိတ်ဓာတ်
ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ပျော့ပြောင်းသလောက်ခိုင်မာသည်ကိုတွေ့ရသည်။ “ပျော့လျှင်ဖယောင်း မာလျှင်သံချောင်း” စ ကားပုံအတိုင်း ပျော့လျှင်အလွန်ပျော့၍ မာလျှင်အလွန်မာတတ်သည်ကို တွေ့ရပါသည်။
 

● ပျော့လျှင်ဖယောင်း 

ဒေါ်အောင်ဆန်းစုကြည်သည်သူများအပေါ် သနားကြင်နာကိုယ်ချင်းစာစိတ် ရှိသည်။ရိုးသားဖြူစင် ဖြောင့်မတ်သည်။ သူတပါးအပေါ်လိမ်ညာ လှည့်စား လက်တလုံးခြားမလုပ်တတ်။ ဒုက္ခရောက်နေသူများကိုကူညီကယ်တင်လိုစိတ် အမြဲတမ်းရှိသည်။ အထင်ရှားဆုံးသာဓကမှာ – ဒုက္ခရောက်နေသောအမေရိကန်နိုင်ငံသား John WilliamYeattaw ကို၂၀၀၉ခုနှစ် မေလဆန်းကကယ်တင်မိ၍ ဒေါ်စုမှာ အိမ်အကျယ်ချုပ် လွတ်ခါနီးမှ သက်တမ်းတနှစ်ခွဲထပ်တိုးခံရခြင်းသည် ဒေါ်စု၏ ဒုက္ခသည်အပေါ်သနားကြင်နာမှု၏ သာဓကတခုဖြစ်သည်။


● မာလျှင်သံချောင်း
ဒေါ်အောင်ဆန်းစုကြည်၏စိတ်ဓာတ်သည် ကိုယ်ရေးကိုယ်တာနှင့်ပတ်သက်လျှင် ပျော့ပြောင်းသော်လည်း တိုင်းပြည်နှင့်လူမျိုးအတွက်ဖြစ် လျှင် ယောက်ျားကြီးများထက်၊ စစ်ဗိုလ်ချုပ်ကြီးများထက် စိတ်ဓာတ်ခိုင်မာသည်။ မည်သူမျှ မိမိ၏မိသားစုများကို မစွန့်လွှတ်နိုင် မစွန့် လွှတ်ရက်ကြပါ။ သို့သော်ဒေါ်စုသည် မိသားစုများကိုလည်း စွန့်လွတ်နိုင်သည်၊ တစ်ယောက်တည်းနေထိုင်ပြီးမည်သူနှင်မျှမတွေ့ရ၊ စကားမ ပြောရ မည်သည့်နေရာသို့မျှ မသွားရလည်း မည်သို့မျှတုန်လှုပ်ချောက်ခြားခြင်းမရှိ။စိတ်အားမငယ်၊ စိတ်ဓာတ်မကျ၊ ပကတိအကောင်းအ တိုင်းဖြစ်သည်။ သီလသမာဓိရှိခြင်းကြောင့်ဖြစ်သည်ဟု ယူဆရပါသည်။ ဤအချက်များသည် ဒေါ်စု၏ ခိုင်မာသောစိတ်ဓာတ်ကိုပြသ ခြင်းဖြစ်သည်။


၎။ ရက်ရောသော အလှူရှင်
ဒေါ်အောင်ဆန်းစုကြည်သည် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် လှူတန်းရာတွင် အလွန်ရက်ရောသည်။ စံတင်လောက်ပါသည်။၂၁ ရာစု မြန်မာ့သမိုင်းတလျောက်လုံး ဒေါ်အောင်ဆန်းစုကြည်လောက် အလှူရက်ရောသူမတွေ့ဘူး မကြားဘူးသေးပါ။ နဝတ နအဖခေတ်တ လျောက်လုံးအချမ်းသာဆုံးဟု မြန်မာလူထုကယုံကြည်ထားသည့် နအဖဥက္ကဌကြီး ဗိုလ်ချုပ်မှူးကြီသန်းရွှေ၏လူယုံတော်ဖြစ်ဟုလည်း စီးပွား ရေးသမားများက အသိအမှတ်ပြုထားသည့် ဦးတေဇက အလှူအတန်းများများလှူသည်ဟု တခံမှမကြားဖူးပါ။  ဒေါ်စုလှူသည့်အရေအတွက်၏ ၂၅% ခန့်ပင်မရှိဟု ယူဆရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အလှူရက်ရောမှုကို ကြည့်ပါ။

ဒေါ်အောင်ဆန်းစုကြည်သည်နအဖစစ်အစိုးရကိုလက်နက်မပါ၊အကြမ်းမဖက်သောနည်းဖြင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက်ကိုယ်ကျိုးစွန့်အနစ်နာခံကာတိုက်ပွဲဝင်နေမှုကို ထောက်ခံအားပေးသောအားဖြင့်နိုင်ငံတကာမှ ချီးမြှင့်သောဂုဏ်ထူးဆောင်ဆုများတွင် ငွေ သားနှင့်တွဲပါသောဆုများလည်း ပါဝင်ပါသည်။ ငွေသားနှင့်တွဲပါသော ပထမဆုံးဆုသည် ၁၉၉၁ ခုနှစ်အတွက် နော်ဝေနိုင်ငံမှချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၁.၃ သန်း (U.S. $1.3 millions) ပါသော နိုဘယ်လ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize)   ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်က ထိုငွေများကို ၎င်း၏ကိုယ်ကျိုးအတွက်မသုံးဘဲ မြန်မာပြည်သူလူထုလိုအပ်လျက်ရှိသော ကျန်းမာရေးနှင့်ပညာရေးအတွက်အသုံးပြုမည်ဟုကမ္ဘာသိ ကြေညာခဲ့သည်။ ၎င်းပြင် လေ့လာမိသမျှ ငွေသားပါဆုများမှာ ၂၀၀၂ ခုနှစ် အောက်တိုဘာလက UNESCO – Madanjeet Singh Prize U.S.$1,00,000၂၀၀၃ ခုနှစ် ဧပြီလက အမေရိကန်အခြေစိုက် Al Neuharth Free Spirit Award $1 million၊ ၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလက ဆွီဒင်နိုင်ငံအခြေစိုက် Olof Palm Prize  (for  2005)  U.S. $50,000၊ ၂၀၀၇ ခုနှစ်၊ မတ်လက အိန္ဒိယနိုင်ငံကာ လကတ္တားမြို့မှ နေတာချီ ဆူဘတ်စ်ချန်ဒရာဘို့စ်ဆု – အိန္ဒိယ ရူပီငွေ ၁ သိန်း၊ ၂၀၀၉ ခုနှစ် မေလက တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့မှ Kim Dae Jung Award U.S.$ 10,000 တို့ဖြစ်ပြီး စုစုပေါင်း ချီးမြှင့်ပြီးသော ငွေသားမှာ U.S.$ 2,460,000 ဖြစ်ကြောင်း သိရပါသည်။ (အ ထက်ဖော်ပြပါ ဆုချီးမြှင့်သူ စာရင်းနှင့်ငွေစာရင်းများမှာ ပြီးပြည့်စုံသည်ဟု မယူဆပါ။ လက်လှမ်းမမီ၍ မသိလိုက်သည်များလည်းရှိနိုင်ပါ သေးသည်။

အထက်ပါ ဆုငွေအဖြစ်ရရှိသောငွေများကို ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ကျိုးအတွက်မသုံးဘဲ တိုင်းသူပြည်သားများလိုအပ်လျက်ရှိ သောကျန်းမာရေးနှင့် ပညာရေးတို့အတွက် အသုံးပြုမည်ဖြစ်ကြောင်းကြေညာထားပြီးဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာကချီးမြှင့်သည့်ဆုငွေများကိုသာ ကျန်းမာရေး၊ ပညာရေးအတွက်လှူဒါန်းသည်မဟုတ်၊ ပြည်တွင်း ၌လည်း အခါအားလျော်စွာ ပေးကမ်းလှူဒါန်းလျက်ရှိသည်။ မကြာသေးမီကဖြစ်ပွားခဲ့သောပုသိမ်ရေဘေးဒုက္ခသည်များအား ငွေကျပ်သိန်း၂၀ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရပါသည်။ (ဧရာဝတီ၊ ၁ စက်တင်ဘာ၊ ၂၀၁၂)

(ဒုတိယပိုင်းကို ယခုရက်ပိုင်းအတွင်း ဆက်လက်ဖေါ်ပြပါမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
  1. ရွှေပြည်စိုး ရဲ့ ကမ္ဘာ့ထိပ်တန်း နိုင်ငံ့ခေါင်းဆောင်အဆင့်ဝင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် စာမူကိုဖတ်ရပြီး ၀မ်းသာကြည်နူးမိတယ်၊ ကျေးဇူးတင်မိပါတယ်။ ကျနော်တို့  လှည်းတန်းဈေးရှေ့ စကားဝိုင်းကလည်း ကြိုဆိုကြပါတယ်။ ဒါပေမဲ့တချို့ နဲနဲလွဲနေတာလေးတွေကို ဂျပန်ပြန်ပညာရှိတွေက အပြုသဘောထောက်ပြပါတယ်။ ကျနော်လို စပယ်ရာ ကတော့မသိရိုးအမှန်ပါ။ သူတို့ ပြောတာက အမေစု ဟာ ဂျပန်တွင်နေစဉ်ကာလမှာ တိုကျိုတက္ကသိုလ် မဟုတ်ဖူးတဲ့၊ ကျိုတိုတက္ကသိုလ်ကအမှန်တဲ့။ နောက်ပြီး – ဘာသာစကားအရ အင်္ဂလိပ် ပြင်သစ် ဂျပန်ဘာသာစကားများကို
    ကောင်းစွာရေးပြောနိုင်သူ လည်းဖြစ်သည် – ဆိုသည့် စာသားမှာ အင်္ဂလိပ် ပြင်သစ် ဆိုတာသာမှန်ပါသည် (သူကိုယ်တိုင် ပြောဆိုသွားတာများ ကမ္ဘာတလွှမ်း မြင်နေကြားနေရတာကြောင့်ပါ)။ ဂျပန်စကား ကောင်းစွာ ရေး ပြောတာ ကိုမည်သူမှ မကြားမမြင်ဘူးပါလို့ ဂျပန်ပြန်ပညာရှိများက အကောင်းမြင်သဘောနှင့် ထောက်ပြပါသည်။ မည်သူ့ ကိုမှ အပစ်ပြောနေခြင်းမဟုတ်ပါ။ မည်သို့ ပင်ဖြစ်စေ အမေစု ပြောဆိုသွားတာတွေကို ပီတိဖြစ်ပြီး ချီးမွန်းတာတွေလည်းလုပ်ပါ။ ကျနော်တို့  ထက်အဆင့်မြင့်တဲ့ လွှတ်တော်အမတ်မင်းများ နိုင်ငံခြားမှာ မန့် ခွန်းချွေတော့၊ ခွေးအကြီး လှည်းနင်းသလို အိုင် အိုင် နဲ့ ဖြစ်နေတာကို တော့ မနောက်စေခြင် မရှုံ့ ချစေကြပါနှင့် ခင်ဗျား၊ အားပေးပါ ဒါ့ထက်ပိုကောင်းလာအောင် မြေတောင်မြှောက့်ပေးသင့်ပါတယ်။ ဘာပြုလို့ လည်းဆိုတော့ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင်ကြီးများ ထမိန်တွေဝတ်ပြီး ဘယ်တုံးကမှ ကမ္ဘာ့ခုံမြင့်မှာ စကားမပြောကြတာတော့ ဘာမှမပြောဘဲ၊ အခုမှ တံခါးပေါက်ခလေးဟလာတာနဲ့  စကားစပြောတဲ့ ခလေးငယ်လေးလို – ဒို့  ကတော့ ဒို့ ကတော့ – လို့ သွားပေါက်ခါစ ခလေးစပြောတာကို – လှည်းအ ကြီးခွေးနင်းတယ်လို့ - မညှာမတာမဝေဖန်လိုက်ပါနဲ့ ။ ကျနော်တို့  စပယ်ရာတွေလည်း နောက်ကို ပွင့်လင်းလာတဲ့ တိုးရစ်တွေအတွက် ဘစ်စကားပေါ်မှာ ပြောခြင်တာကြောင့်၊ မှားနေရင်သင်ပေးပါ။ ဒို့ ကတော့ ဒို့ ကတော့ × ၀ါတားကူရှီ ၀ါတားကူရှီ × မန်းနီး မန်းနီး ပေးပါ ပေးပါ၊ လောက်တော့ ကားပေါ်မှာပြောနေကြပါ။ ဒါ့ထက်လှတဲ့ စကားတွေပြောခြင်ပါတယ်၊ သင်ပေးကြပါ ခင်ဗျား – – –

Comments are closed.