ကဗျာ

တူး ထား တဲ့ မြ စ်

ခင်အောင်အေး
စက်တင်ဘာ ၁၆၊ ၂၀၁၂

အားလုံးလောက်နီးပါးကိုတင်ဆောင်ပြီးတဲ့အခါ
ထူးဆန်းတဲ့ယာဉ်ဟာ ထွက်ခွာဖို့အသင့်ဖြစ်ခဲ့ပြီ …။

အပိုင်းပိုင်းပြတ်နေတဲ့ မျှော်လင့်ချက်တွေ
မသေမရှင်ဖြစ်နေတဲ့ ယုံကြည်ချက်ခိုင်မာမှုတွေ …

နေကွယ်ဝင်နေကျ ဟောဟိုတောင်စွယ်မှာ
သားရဲတွေတင်းကျမ်းပြည့်လို့ (သွားရည်တမြားမြားနဲ့ ..)

ရုပ်ခန္ဓာဟာ စိတ်အလိုနဲ့ နသားပါးယားကြည်မွေ့လျှက်
အဆီဝင်းဝင်းနဲ့ သဲတရှပ်ရှပ်တွေချည့်သာ နိုင်လိုခံခက် …

ကမ်းပါးတစ်ဖက်တစ်ချက်မှာ မျက်နှာသေနဲ့ဝိညာဉ်လောကသားများ
ပြီးတော့ စီးဝင်စရာပင်လယ်ပျောက်နေတဲ့ တဟုန်ထိုးရေအလျဉ်။ ။

စက်တင်ဘာ ၁၂၊ ၂၀၁၂ ခုနှစ်။ ချေလ်တန်ဂရို့ဖ်၊ လန်ဒန်။ ၀၃း ၄၉ နာရီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts