ကြော်ငြာကဏ္ဍ

ငွေကြာယံကျောင်းတိုက်မှာ ရွှေဝါရောင်နှစ်ပတ်လည် ၅ နှစ်ပြည့် ကျင်းပမည်

 
မိုးမခရွာဆော်ကြီး၊ စက်တင်ဘာ ၁၆၊ ၂၀၁၂ (လက်ခံရရှိသော ဖိတ်စာမှာ အောက်ပါအတိုင်းဖြစ်ပါတယ်)
နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် ( ၅ )နှစ်မြောက် အခမ်းအနား ဖိတ်ကြားလွှာ အစီအစဉ်
ကျင်းပမည့်နေ့ရက်၁၈- ၉- ၂၀၁၂ (အင်္ဂါနေ့)
ကျင်းပမည့်အချိန်နံနက် (၁၁း၀၀)နာရီမှ နေ့လည် (၂း၀၀)နာရီထိ။
ကျင်းပမည့်နေရာ –  ငွေကြာရံပရိယတ္တိစာသင်တိုက် (တောင်ဥက္ကလာပ)။
အခမ်းအနားကို နေ့လည် (၁၂)နာရီတွင် စတင်ပါမည်။နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနား (၂၀၀၇ – ၂၀၁၂) ဖိတ်ကြားလွှာ

 နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား ကျင်းပခြင်း၏ ရည်ရွယ်ချက်-
၁ )-ပြည်တွင်းငြိမ်းချမ်းရေး။
၂ )-နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး။
၃ )-ပြည်ပရောက် ဒီမိုကရေစီအင်အားစု အားလုံးလွတ်လပ်စွာ ပြန်လာခွင့်ပေးရေး။
၎ )-အမျိုးသား ပြန်လည်သင့်မြတ်ရေး။
၅ )-အခြေခံဒီမိုကရေစီ အခွင့်အရေးများ အပြည့်အ၀ရရှိရေး။
စသည့်နိုင်ငံရေး အနှစ်သာရရှိစွာ ( ၅ )နှစ်မြောက် နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားကို ကျင်းပမည် ဖြစ်ပါသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း စိတ်ဓါတ်ဖြင့် ကြွရောက်ချီးမြှင့်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ကျင်းပရေးကော်မတီ နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့။

 
(၂၀၀၇ စက်တင်ဘာ ၂၇၊ ငွေကြာရံ ကျောင်းတိုက် ၀င်ရောက်စီးနင်းခံရပြီး နောက်တနေ့ မြင်ကွင်း၊ မိုးမခ၏ ဓာတ်ပုံများ ဖြစ်ပါတယ်။ မီဒီယာများမှာ လွတ်လပ်စွာ တင်နိုင်ဖို့ ထိုနေ့မှာပဲ အများသို့ ဝေမျှပေးခဲ့တယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts