ကဗျာ

စစ်သားစိတ်ဓာတ်

ကဲနေမူး
စက်တင်ဘာ ၁၁၊ ၂၀၁၂

ငယ်ငယ်က
ကျနော်ဆေးလိပ်သောက်တော့
အဖေကတားတယ် … မကောင်းဘူးတဲ့
ဆေးလိပ်သောက်ဘူးတာကိုး …။

၈၈ မှာ ကျနော်တောခိုတော့
အဖေက မကောင်းဘူးသား မတားခဲ့နိုင်ရှာ ..
သူမှ တောမခိုဘူးတာကိုး …။

အနှစ် ၂၀ ကျော် အိမ်ပြန်ချင်သော
ကူညီလို့ရတယ်နော်
မာယာရှင်စစ်သား မဲ့မသွားအောင် သတိဆောင်ကာ
အဖေ့ခမျာ ရေငုံ နှုတ်ပိတ် ပြန်မပြောနိုင်ရှာဘူး
သူမှ စစ်မတိုက်ဘူးတာကိုး …။

သြော် … အဖေရယ်
ဆေးလိပ်အန္တရာ်၊ တောခို ခြင်ကိုက်
စစ်တိုက်တဲ့အခါ စစ်မြေပြင်ကမ္ဘာ
စစ်သားစိတ်မှာ
အရင်ပစ်မလား အပစ်ခံမလား နှစ်ခုပဲစဉ်းစား
ကျနော် ပြန်သင့်သလား …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts