သတင်းပဒေသာ

ဆရာ ခင်အောင်အေးရဲ့ ၂၀၁၂ ဥရောပ ကဗျာခရီးစဉ်

မစ်ကီနိုင် (ပါရီ)
စက်တင်ဘာ ၅၊ ၂၀၁၂
ဥရောပနိုင်ငံအချို့တို့ရဲ့ ကဗျာရွတ်ပွဲနဲ့ စာပေပွဲတော်တွေကိုတက်ရောက်ပြီး ကဗျာရွတ်ဖို့နဲ့ ကဗျာစာပေအကြောင်းဆွေးနွေးဖို့အတွက် က ဗျာဆရာ ခင်အောင်အေးဟာ ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့မှာကျင်းပမယ့် International Literature Festival Berlin (စက်တင်ဘာ ၄ – ၁၆၊ ၂၀၁၂) ပွဲတော်ရဲ့ Literatures of the World အစီအစဉ်မှာပါဝင်ပြီး ကဗျာရွတ်ဆိုဖို့ ဖိတ်ကြားခံရတယ်လို့ သိရရှိပါတယ်။

ထို့အပြင် အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာကျင်းပမယ့် Mountains to Sea dlr Book Festival ရဲ့ ဖိတ်ကြားမှုနဲ့လည်း လန်ဒန်ကနေတဆင့် စက်တင်ဘာ ၈ ရက်နေ့မှာ ဒဗ္ဗလင်ကိုသွားပြီး ကဗျာရွတ်ဆို ပါဝင်ဆင်နွှဲရမှာဖြစ်ကြောင်းကိုလည်း သိရပါတယ်။ ဒဗ္ဗလင်ပွဲကိုတော့ သူနဲ့အတူ Bones Will Crow: An Anthology of Burmese Poetry စာအုပ်ကို လန်ဒန်မှာ ထုတ်ဝေနိုင်ရေးအတွက် ဦးဆောင်စီစဉ်သူလည်းဖြစ်၊ စာအုပ်ရဲ့ အယ်ဒီတာလဲဖြစ်တဲ့ James Byrne (Editor; The Wolf) နဲ့အတူ သွားရောက်မှာဖြစ်ပါတယ်။

ထိုပွဲများအပြီးမှာတော့ ကဗျာဆရာ ခင်အောင်အေးဟာ လန်ဒန်ရှိ သားသမီးတွေနဲ့အတူ ၂၀၁၂ ခရစ္စမတ်နဲ့ နှစ်ကူးပွဲတော်များကို ဆင်နွှဲမှာ ဖြစ်ပြီး အောက်တိုဘာလထဲမှာတော့ Arc Publications က စီစဉ်တဲ့ Burmese Poetry Tour အစီအစဉ်မှာ ကဗျာဆရာ သစ္စာနီ၊ ကိုကိုသက်၊ အိန္ဒြာတို့နဲ့အတူ ဗြိတိန်နိုင်ငံအတွင်း လန်ဒန်နဲ့ အခြားမြို့နယ်တွေမှာ လှည့်လည်ကျင်းပမယ့် ကဗျာရွတ်ပွဲတွေမှာ ပါဝင်ဆင်နွှဲမယ်လို့ သိရပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts