စက်တင်ဘာ ၂၊ ၂၀၁၂
● NED အတွက် ဦးကျော်သူ၏ ပြည်ပခရီး
National Endowment for Democracy (NED) ဖောင်ဒေးရှင်းသည် ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေ စီအရေးနှင့် လူမှုအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လှုပ်ရှားဆောင်ရွက်နေသည့် အမေရိကန်ပြည်ထောင်စု အခြေစိုက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။
● လူမှုရေးနှင့် မီဒီယာ
သတင်းအချက်အလက်များကို တစ်နေရာမှာတစ်နေရာ၊ လူတစ်ဦးမှ အခြားလူတစ်ဦးထံသို့ရောက်ရှိအောင် ဆောင်ရွက်ပေးသည့် ဆက် သွယ်ရေးနည်းလမ်းများကို မီဒီယာဟူ၍ ခေါ်ဝေါ်ကြသည်။ သတင်းအချက်အလက် နည်းပညာထွန်းကားလာသည့် ယနေ့ခေတ်တွင် မီဒီယာ သည် လူထုဆက်သွယ်ရေး အဓိပ္ပါယ်ဆောင်လာတော့သည်။ ထိုကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် မိမိတို့၏ လုပ်ဆောင်မှု များ၊ ပေးဆပ်မှုများ၊ ကူညီဖေးမှုများသည် အများပြည်သူတို့အား အချိန်နှင့်တပြေးညီ ဖော်ပြနိုင်ရန်ရည်ရွယ်၍ လူမှုရေးရုပ်/သံကျွမ်းကျင် မှုဆိုင်ရာ ရိုက်ကူးခြင်းသင်တန်း (၁/၁၂) ဖွင့်လှစ်ပို့ချရန် တက်ရောက်ကြမည့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများ၊ ဝန် ထမ်းများတို့အား ၂၇.၈. ၂ဝ၁၂ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဦးသက်မွန် (TVသက်မွန်)၊ ကိုမျိုး (မြန်မာစာ)၊ ဦးမြတ်ဆွေ (ဒါရိုက်တာ-မိုးခြိမ်းညံ)၊ ဦးလုံး (Cameraman) တို့မှ လူတွေ့စစ်ဆေး အင်တာဗျူးပြုလုပ်ခဲ့ ပြီး၂၈.၈.၂ဝ၁၂ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီမှ ညနေ (၄းဝဝ) နာရီအထိ အပါတ်စဉ် (အင်္ဂါနေ့၊ ကြာသပတေးနေ့) အဖြစ် သင်တန်းကာလ (၁၅) ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်သည်။
● စာရေးဆရာ (အကြည်တော်)
“သတင်းသမားသည် စာရေးနည်းကိုသိရမည်ဖြစ်ပြီး သတင်းသည် လူထုကိုကိုယ်စားပြုရမည်ဖြစ်ပြီး ခေတ်စနစ်အား ထင်ဟပ်ရမည်ဖြစ် ကြောင်း” သင်တန်းသား/သူများအား မိတ်ဆက်သွားခဲ့သည်။
● ကိုမျိုး (မြန်မာစာ)
သတင်းသည် မီဒီယာထဲမှတစ်ခုဖြစ်ပြီး သင်တန်းသား/သူများသည် နာရေးကူညီမှုအသင်း (ရန်ကုန်)အတွက် သတင်းမှတ်တမ်းတင်ရမည်ဖြစ်သောကြောင့် ဈာပန (နာရေး) လမ်းကြောင်း တစ်ခု လိုက်ပါ၍ သတင်းယူလျှင် မည်သို့သေခဲ့ရခြင်း အစရှိသည်အား လိုတိုရှင်းမေးမြန်း သိရှိနိုင်ရန် အခြေ အနေပေါ် မူတည်၍ ချဉ်းကပ်မေးမြန်းပုံ မေးမြန်းနည်းအား အကျဉ်းပြောကြားသွားခဲ့သည်။
● နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဌ ဒေါ်သန်းမြင့်အောင်
သတင်းရေးသားရာတွင် လိုတိုရှင်းနှင့် စာဖတ်ပရိတ်သတ် နားလည်လွယ်ကူအောင်ရေးရမည်ဖြစ်ပြီး ဓါတ်ပုံရိုက်ရာတွင်လည်း တိကျပြတ် သားပြီး စာလုံးတစ်သောင်း ပုံကောင်းတစ်ခုရစေရန် ရိုက်ကူးမှတ်တမ်းတင်ရမည်ကို အကျဉ်းပြောကြားသွားခဲ့သည်။
● ဦးဝင်းမော် (ရွှေသံစဉ်)
သတင်းအမှန်များကိုသာ ပြည်သူလူထုဆီ အချိန်နဲ့တပြေးညီရေးသားတင်ပြပေးနိုင်ရန် စသဖြင့် မိတ်ဆက်ပြောကြားသွားခဲ့သည်။
● ဦးမြတ်ဆွေ (ဒါရိုက်တာ မိုးခြိမ်းညံ)
မိမိတို့သည် နာရေးကူညီမှုလမ်းကြောင်း (သို့) အရေးပေါ်ကယ်ဆယ်ရေး (သို့) လူနာတင်ယာဉ် အစရှိသည့်ကိစ္စရပ်များအား လိုက်ပါကူညီ သည့်အခါတွင် မိမိတို့လိုက်ပါကူညီခဲ့သည့် မြင်ကွင်းအပေါ်အား မိမိကိုယ်တိုင်သတင်းရေးသား၍ အသင်းသို့တင်ပြနိုင်ခြင်းနှင့် မှတ်စု၊ အသံများအားရယူ၍ အများပြည်သူစိတ်ဝင်စားမည့်ဇာတ်လမ်းများအား ရေးသားတင်ပြနိုင်ကြောင်း ပြောကြားသွားခဲ့သည်။
● ဦးလုံး (Camera man)
ဗီဒီယိုကင်မရာ၏ ရှုဒေါင့်နှင့် ရိုက်ကွင်းရိုက်ကွက်များ၊ လျှပ်တပြတ်ရိုက်ကွက်များအား မည်သို့လျင်မြန်စွာရိုက်ကူးရခြင်းနှင့်ပတ်သက်၍ ရိုက် ကူးခဲ့သည့် မှတ်တမ်းများအား အချိန်ရပါက ပြသပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
● ဦးသက်မွန် (TV သက်မွန်)
နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးကူညီမှုလမ်းကြောင်း လုပ်ဆောင်ချက်များနှင့် သုခဆေးခန်းသို့ လာရောက်ဆေးကုသသည့် လူနာများ၏ လိုအပ်ချက်များကို Interview မေးမြန်းအဖြစ်စေရန် သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် ဗွီဒီယိုကင်မရာအား စည်းစနစ်ကျနစွာ ရိုက်ကူးတတ်စေရန် သင်ကြား ပေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် အမှန်တကယ် လိုအပ်သည့်အတွက် မီဒီယာ လောက မီဒီယာအကျိုးနှင့်အတူ လူမှုရေးအဖွဲ့အစည်းများ ဒွန်တွဲလျှက်ရှိပြီး လူမှုအဖွဲ့အစည်းနှင့် မီဒီယာသည် မဖြစ်မနေယှဉ်တွဲပြီး လိုအပ် လာသည့်အတွက်ကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ လူမှုရေးရုပ်/သံ ကျွမ်းကျင်မှုသင်တန်း (၁/၁၂) အဖြစ် သြဂုတ်လ (၂၈) ရက် နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ သင်တန်းကာလ (၁၅) ရက်ကြာ ဖွင့်လှစ်၍ သင်ကြားပို့ချခြင်းဖြစ်ပေသည်။