သတင်းပဒေသာ

ပြည်တော်ပြန်ရန် အမည်မည်းစာရင်းမှ ခွင့်ပြုခြင်းခံရသူများ သမ္မတရုံးက ထုတ်ပြန်

မိုးမခဓာတ်ပုံသတင်း၊ သြဂုတ် ၃၀၊ ၂၀၁၂
လက်ခံရရှိသော သတင်းများအရ လက်ရှိအစိုးရက အမည်မည်းစာရင်းက ပယ်ဖျက်ပေးလိုက်သော နိုင်ငံခြားသားများစာရင်း ၁၁၄၇ ဦးကို ထုတ်ပြန်လိုက်သည်။ ထိုစာရင်းထဲတွင် ယခင် မဆလတပါတီကာလက ပြည်ပရောက်အတိုက်အခံ အချို့၊ CRDB အတိုက်အခံအဖွဲ့ဝင်အချို့နှင့် လက်ရှိ ၈၈ အရေးတော်ပုံနောက်ပိုင်း ပြည်ပရောက် အတိုက်အခံလှုပ်ရှားသူများ အချို့ပါဝင်သည်ဟု ဆိုသည်။ ယူအက်စ်ကန်ပိန်းဖော်ဘားမားက အောင်ဒင်နှင့် မကြာသေးမီက ပြည်တော်ဝင်မည့် မိုးသီးဇွန်တို့၏ အမည်လည်း ပါဝင်သည်။ အချို့သော အမည်များမှာ ထိုစာရင်းမပယ်ခင်ကတည်း ပြည်တော်ဝင်ပြီးသူ မြန်မာပြည်ဖွားများ ပါဝင်သည်ကို တွေ့ရသည်။
အဆိုပါစာရင်းကို မည်သည့်အချိန်ကတည်းက ထုတ်ပြန်ပြီး အရေးယူထားခဲ့သည်ဟု  ပြည်သူသို့ အသိပေးထားခြင်းမရှိခဲ့ဘဲ ယခုမှ အမည်စာရင်းက ပယ်ဖျက်သည်ဆိုသည့်အချက်ကို မြန်မာအရေးစိတ်ဝင်စားသူတို့က မေးခွန်းထုတ်နေကြသည်။
“အချို့အမည်တွေက ၂ ခါလောက် ထပ်ခါ ထပ်ခါ ပြန်ပါနေတယ်။ စာရင်းက အစစ်အမှန် စုံစမ်းစစ်ဆေးပြီးမှ ထုတ်ပြန်တာကော ဟုတ်ကဲ့လား။ သူတို့ကိုယ်တိုင်ကကော ဘယ်သူတွေက ဘာတွေလဲဆိုတာကိုကော သတ်မှတ်ထားပြီး ထုတ်တာလား။ မြန်မာနံမယ်တွေကို လိုက်ဖတ်ကြည့်လိုက်ရင် တကယ်ကို အစိုးရက အလေးအနက်ထားပြီး ထုတ်တာဟုတ်ရဲ့လားလို့ မေးချင်စရာဖြစ်နေတယ်”
ဟု စာရင်းကို ဖတ်ရှုမိသူ သတင်းထောက်တဦးက မှတ်ချက်ပေးလိုက်သည်။
“၂၀၀၈ အပြီး မြန်မာပြည်အလည်ပြန်တော့ လေဆိပ်မှာ အငြင်းခံရပြီးတော့ ပြန်နှင်တာ ခံရတဲ့ ဦးရစ်ချတ်အောင်မြင့်အမည်လည်း ပါလာတယ်။ ဒီတခါ သူပြန်မယ်ဆိုရင် ကြိုဆိုကြလိမ့်မယ် ထင်တယ်”
ဟု မိုးမခသတင်းထောက်ကလည်း ပြန်ပြောသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts