ဓာတ်ပုံသတင်း

မြစ်ဆုံဆည်ဝန်ကြီး ဇော်မင်း ရာထူးက ထွက်ပြီ

မိုးမခဓာတ်ပုံသတင်း၊ သြဂုတ် ၂၉၊ ၂၀၁၂ ( ယနေ့ထပ်မံ သိရှိရသော ၀န်ကြီးအပြောင်းအလဲ )

နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၂၃/၂၀၁၂)

အောက်ဖော်ပြပါ ပြည်ထောင်စုဝန်ကြီးများအား ရာထူးမှနှုတ်ထွက်ခွင့် ပြုလိုက်သည်-

(၁) ဦးခင်မောင်မြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန

(၂) ဦးဇော်မင်း လျှပ်စစ်(၁) ၀န်ကြီးဌာန

အမိန့်အပြည့်အစုံအား နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် တွင် ထုတ်ပြန်ထားပါကြောင်း

နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်(၂၄/၂၀၁၂)

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးလွန်းမောင်အား ရာထူးမှ နှုတ်ထွက်ခွင့်ပြုလိုက်သည်။

အမိန့်အပြည့်အစုံအား နိုင်ငံတော်သမ္မတရုံးဝက်ဘ်ဆိုက် ထုတ်ပြန်ထားပါသည်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “မြစ်ဆုံဆည်ဝန်ကြီး ဇော်မင်း ရာထူးက ထွက်ပြီ
  1. ဘဝ တသက်မှာ နှမ်းတစေ့ မျှဝမ်းသာမှုရရှိခဲ့သောနေ့ ဖြစ်ပါကြောင်း……….

  2. ဆက်သွယ်ရေးကောဘယ်တော့လဲ . ဆက်သွယ်ရေးနှင့်အကျိုးတူပူးပေါင်းလုပ်ကိုင်သော လုပ်ငန်းတွေကို ပိုက်ဆံတွေချမပေးပါဘူး ၂၀၁၁ခုနှစ် ဒီဇင်ဘာအထိဘဲရပါသေးတယ် ဆက်သွယ်ရေးဝန်ထမ်းတွေပြောကြားချက်အရအရမ်းစိတ်ညစ်နေကျပြီး ငွေများ အပြင်မှာထားစရာတောင်မရှိတော့ဘူးလို့ပြောပါတယ် သူတို့ရှယ်ယာပါသောရတနာပုံတယ်လီပို့အတွက်ကျတော့ ငွေများကိုကြိုပြီးတောင်ချပေးထားပါတယ် ၀င်ငွေကောင်းသော လုပ်ငန်းမှန်သမျှကိုလည်း စာချုပ်ချုပ်ထားပေမယ့် စာချုပ်ဖောက်ဖျက်ပြီး ရတနာပုံနှင့် ပတ်သတ်သော companyများကိုဘဲ လုပ်ငန်းများကိုပေးနေပါတယ် ခေတ်နောက်ပြန်ဆွဲယုံတင်မကပါဘူး ရှေ့ကနေပြီးနောက်ကိုတွန်းနေပါတယ်

Comments are closed.