မိုးမခကို ပေးတဲ့စာ

သိန်း ၅ထောင် လိမ်လည်သူ ကိုမျိုးနိုင်အကြောင်း အစိုးရထံ တိုင်ကြားခဲ့

မိုးမခထံပေးစာ၊ သြဂုတ် ၂၈၊ ၂၀၁၂
အမည်ရင်း၊ မွေးသက္ကရာဇ် နှင့် အဖအမည်တို့ကို ပြင်ဆင်ထားသည့် မှတ်ပုံတင် အတု ကိုင်ဆောင်သူ ဦးမျိုးနိုင်(ခ) ဦးမင်းကျော်ဇော ဆိုသူက ၂၀၀၇ ခုနှစ်တွင် ငွေကျပ် သိန်း ၅,၀၀၀ ချေးငှားခဲ့သည့် အမှုကို ယခုလ ၁၅ ရက်နေ့တွင် ဖေါ်ထုတ်ဖမ်းဆီးခဲ့ကြောင်းမော်လမြိုင်မြို့ မြို့ခံများက ပြောသည်။
ထိုအမှုကို ၎င်း၏ဇနီးဟောင်းက ဇူလိုင်တွင်၎င်း၊ အခြားပြည်သူများက သြဂုတ်လတွင်၎င်း သက်ဆိုင်ရာ အာဏာပိုင်များ၊ အစိုးရများထံ တိုင်စာများ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း လက်ခံရရှိသော ပေးစာများအရ တွေ့နိုင်သည်။ 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts