ကဗျာ

အကောင်းမြင်

နိုင်ဦးညို (ဖိုးဇီးရိုး)
သြဂုတ် ၂၆၊ ၂၀၁၂

ကျုပ်တို့ကို တချို့သော
နိုင်ငံခြားသား လူကြီးမင်းများက
ပြောပြီးရင်းပြောနေကြပြီ
သူတို့က မြန်မာပြည်ကိုချစ်
မြန်မာမလေးတွေကိုချစ်
အမယ် ပုဂံကိုလည်း
ချစ်ပါသတဲ့ဗျ …။

ဒီခုနှစ် နှစ်ထောင့်ဆယ့်နှစ်မှာ
မြန်မာပြည် လေဆိပ်ဝရောက်
အရင်လို မဟုတ်တော့ဘူးတဲ့
ဒေါ်လာတွေလည်း လဲချင်ရင်
နေရာတကာ လဲလို့ရပြီတဲ့
တက္ကစီကားသမားတွေလည်း
လွတ်လပ်စွာပြောနေကြပြီကော
ရပ်ကွက်ထဲကခလေးတွေတောင်မှ
ဆယ်လူလာဖုန်း တကိုင်ကိုင်နဲ့
လူကြီးမင်းခေါ်ဆိုသောဖုန်း
ဟာသလုပ်ပြောကုန်ကြပြီ
သနပ်ခါးပါးကွက်ကျားနဲ့များ
အလုပ်တောင်ရှာရခက်အောင်
အံ့မခန်း ခေတ်မီနေပုံလေ …။

သြော် … သူတို့အဆိုများ
ကျုပ်တို့ရဲ့ဗမာပြည်က
အရှင်လတ်လတ်နဲ့ ဒီမိုကရေစီရ
လုပ်ချင်ရာရ လိုချင်ရာရ
ဗိုလ်ချုပ်မှူးကြီးတောင်မှ
သမာအာဇီဝနဲ့ ရှာခဲ့သမျှ
အလှူငွေတွေ လှူနေပြီဆိုဘဲ
တို့သမတကြီးကလည်း
ဘောင်းဘီဝတ်နဲ့တုန်းက
နာမည်ပျက် (နည်း) ခဲ့တယ်ဆိုပါဘဲ
အစဉ်ပြေရင် လာမယ့်နိုလ်ဗယ်ဆုသစ်
ပူးတွဲချန်ပီယန် ဖြစ်နိုင်တယ်တဲ့
ဘာမှမလုပ်ရသေးတဲ့ အမေရိကန်က
သမတအသစ်စက်စက်ကိုတောင်
အလုပ်တွေလုပ်ခိုင်းဖို့ ပေးခဲ့တဲ့ဆု …။

ဒီဆုများ ဒို့ဗမာလူမျိုးတွေကို
ထပ်ပေးမယ်ဆိုရင် သမတကြီးရေ … …
ပြောလိုက်စမ်းပါ …. ….
ပျင်းတောင်ပျင်းသေးတယ်လေ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “အကောင်းမြင်
  1. ကျနော်သိသလောက်ကတော့ ကလောင်အမည်ကို တစ်ခုဘဲေ၇းတာဖတ်ဖူးပါသည်။ နိုင်ဦးညို ဆိုလျှင်လည်း နားလယ်ပါပြီ၊ ဖိုးဇီရိုး ဆိုလျှင်လည်း နားလယ်ပါပြီ။ ကျနော့ကိုကြည့်ပါ မောင်ပျာလောင်ဆိုလျှင် လှည်းတန်းဈေးအရှေ့ က အပေါင်းအသင်းမျာ အားလုံး သိပါသည်။ နာမယ်ရင်း – စိုင်းခမ်းလှိုင်လှိုင် – (အမည်တူများကို သတိထားပါ) ကိုထဲ့ပေါင်းပြီး မောင်ပျာလောင် (စိုင်းခမ်းလှိုင်လှိုင်) လို့ ရေးရင် စာဖတ်သူတွေဘယ်လောက် မေတ္တာပို့ လိုက်ကြမလည်း။ အကောင်းမြင်ဝါဒကို သဘောကြလွန်းလို့ ရေးလိုက်ထာဖြစ်ပါသည်။ စာရေးသူကို စောကားတာမဟုတ်ပါ ခင်ဗျား။

  2. အာဠာဝကသခင်ဖိုးလှကြီး လောက်တော့ ကျနော်နာမည်က မရှည်လှပါဘူး ကိုမောင်ပျာလောင် ရေ ……….

Comments are closed.